မေမေတို့ရေ အသက်အရွယ်ရလာတဲ့အချိန်မှာမှ သားသားမီးမီးလိုချင်တာကြောင့် ရနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ပတ်သက်လို့ မျှဝေပေးချင်ပါတယ်။ အချို့သောအမျိုးသမီးတွေအနေနဲ့ အသက် ၄၀ ကျော်မှာ သွေးသားမမှန်တော့ဘဲ သွေးဆုံးသွားတတ်ကြပါတယ်။ အဲ့ဒီလိုသွေးမဆုံးသေးဘဲ သွေးသားမှန်ကန်နေသေးတယ်ဆိုတဲ့ အသက် ၄၀ ကျော်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့အခွင့်အလမ်းတွေရှိနေပါသေးတယ်နော်။
ကျန်းမာရေးလိုက်စားတဲ့အမျိုးသမီးတွေ၊ ကိုယ်အလေးချိန်သင့်တင့်ကောင်းမွန်သူတွေ၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးနေသူတွေ၊ ဆေးလိပ်၊ အရက်ကင်းတဲ့သူတွေနဲ့ စိတ်ဖိစီးမှုတွေနည်းပါးတဲ့သူတွေကတော့ ကိုယ်ဝန်ရနိုင်ချေအများဆုံးရှိနေပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ကိုယ်ဝန်ဆောင်ဖို့အတွက် စဉ်းစားလိုက်မိပြီဆိုတဲ့အချိန်မှာကတည်းက စိတ်ဖိစီးမှုတွေကနေ ဝေးနိုင်သမျှဝေးအောင်နေထိုင်ပေးပါ။ ဆေးလိပ်သောက်သုံးသူတွေအနားကနေ ဝေးဝေးရှောင်နေပါ။ အရက်ဘီယာတွေကိုရှောင်ရှားပါ။ လေ့ကျင့်ခန်းတွေကိုလည်း နားလည်တတ်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီးစနစ်တကျပြုလုပ်ပေးပါ။ ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး လိုအပ်တဲ့ဆေးဝါးစစ်ဆေးသောက်သုံးမှုတွေကိုပြုလုပ်ပြီး ကျန်းမာစွာနဲ့ ရင်သွေးလေးရရှိဖို့ကြိုးပမ်းနိုင်ပါတယ်နော်။
ဒီအသက်အရွယ်မှာ ကိုယ်ဝန်ရနိုင်ချေနည်းပါးတယ်ဆိုပေမယ့်လည်း မေမေတို့အနေနဲ့ ကျန်းမာရေးကို ဂရုတစိုက်နဲ့နေထိုင်ပြုမူပြီး သားသားမီးမီးတို့ရနိုင်ဖို့အတွက် ကြိုးပမ်းနိုင်ပါတယ်။ ကျန်းမာအောင် နေထိုင်မယ်၊ ကျန်းမာအောင်စားသောက်မယ်၊ ကျန်းမာရေးလိုက်စားပြီး စနစ်တကျကြိုးပမ်းမယ်ဆိုရင်တော့ ရနိုင်ပါသေးတယ်နော်။
မိခင်နှင့်ရင်သွေးငယ်တိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး