မေမေတို့ရေ သားသားမီးမီးတို့ကို နို့ချိုတိုက်ကျေွးရင်း ကိုက်လိုက်လို့မေမေတို့တေွ ခံစားရခက်တဲ့ဝေဒနာတေွကို ကျိတ်မှိတ်ခံစားလိုက်ရတာကြုံဖူးမှာပေါ့နော်။ ကလေးငယ်တေွအဲ့ဒီလိုကိုက်တာနဲ့ပတ်သက်ပြီး မေမေတို့ သိထားသင့်တာလေးတေွကို ကျားလေးက မှျဝေပေးလိုက်ပါတယ်။
မေမေတို့ရေ သားသားမီးမီးတို့ အဲ့ဒီလိုကိုက်တတ်တာကတော့ ကလေးတေွနို့ချိုစို့ရတာမှာ အားမရတဲ့အခါ၊ နို့စို့ပေးမယ့် သူတို့မဝလင်တဲ့အခါမျိုး၊ မိခင်ကနို့ချိုတိုက်ကျေွးတဲ့ပုံစံအနေအထားမှားယွင်းနေတဲ့အခါမျိုးတေွမှာကိုက်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ နို့စို့ရင်း ကလေးကအိပ်ပျော်သွားပြီး မေမေလှုပ်လိုက်လို့ နို့သွားတဲ့အခါမျိုးမှာ လန့်ပြီးကိုက်မိသွားတတ်ပါတယ်။ နောက်တစ်ချက်ကတော့ နို့စို့နေတဲ့အချိန်မှာ ကလေးကအေးနေရင် နားရွက်လေးတေွအေးနေမယ်ဆိုရင်လည်း ကိုက်တတ်တယ်လို့ဆိုပါတယ်။ နေွးနေွးထေွးထေွးလေးဖြစ်နေအောင်ဂရုစိုက်ပေးပေါ့နော်။
အခုလိုမျိုးသားသားမီးမီးလေးတေွ နို့စို့ရင်းနဲ့မကိုက်စေဖို့အတွက်ဆိုရင်တော့ မေမေတို့က သားသားမီးတို့နို့ချိုစို့ချိန်မှာ လက်လေးနဲ့အသာလေးနို့နဲ့ကလေးရဲ့နို့ငုံတဲ့နှုတ်ခမ်းထောင့်လေးကို ထိန်းပြီးထောက်ထားလိုက်ပါနော်။ ကလေးငယ် မကိုက်မိအောင်အာရုံလွဲနေပါလိမ့်မယ်။ နောက်တစ်ခုမေမေတေွသတိပြုသင့်တာကတော့ ကလေးတေွနို့စို့ရင်းကိုက်တဲ့အခါ အတင်းဆွဲလိုက်တာ၊ အော်တာမျိုးမလုပ်မိပါစေနဲ့။ ကလေးလန့်သွားပြီး ပိုကိုက်မိသွားတတ်ပါတယ်။ နောက်ပြီး အဲ့ဒီလိုအော်လိုက်မယ်ဆိုရင် ကလေးရဲ့စိတ်ဒဏ်ရာရသွားတတ်ပါတယ်။ မတော်တဆကလေးနို့စို့ရင်းကိုက်တာကို ခံလိုက်ရမယ်ဆိုရင်တော့ ကလေးကိုချော့ပြီး နို့သီးခေါင်းလေးနဲ့နှုတ်ခမ်းထောင့်လေးကိုလက်လေးနဲ့အသာလေးထိန်းပြီး ကလေးကိုက်တာလျော့သွားအောင် ပြုလုပ်ပေးနိုင်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)