ကိုယ်ဝန်ဆောင်အတေွ့အကြုံ
ကျမမှာသိပ်ချစ်ရတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။ကျမကလေးယူမယ်လို့ဆုံးဖြတ်ပြီးတဲ့အချိန်ကစပြီးfolic acidတစ်နေ့တစ်လုံးပုံမှန်သောက်ခဲ့ပါတယ်။ဆေးသောက်ပြီး၃လပြည့်တာနဲ့ကိုယ်ဝန်စရခဲ့ပါတယ်။ကိုယ်ဝန်၃လမှာogနဲ့စအပ်ခဲ့တယ်။မိဘတေွရဲ့ရေှးရိုးစွဲအယူအဆတေွကိုနားမထောင်ပဲဆရာဝန်တေွရေးသားထားတဲ့စာစောင်တေွဗဟုသုတတေွနဲ့ကလေးအတွက်အင်အားဖြစ်စေမယ့်အစာတေွကိုအင်အားရှိအောင်အစုံစားပါတယ်။ကျမကိုယ်ဝန်၈လလောက်မှာဂေါက်ရောဂါလို့ခေါ်တဲ့အဆစ်အမြစ်ရောင်ရောဂါကိုခံစားရပြီးခြေထောက်ကလုံးဝလမ်းမလှျာက်နိုင်တော့တဲ့အထိဖြစ်သွားပါတယ်။ကျမကကျောင်းဆရာမတစ်ယောက်ပါ။အိမ်နဲ့ကျောင်းကိုနာရီဝက် အသွားအပြန်တစ်နာရီအမြဲလမ်းလျေှာက်သွားပါတယ်။ခွင့်ကလည်းမရသေးလမ်းလည်းလျေှာက်မရတော့ဆိုက်ကားနဲ့သွားရပါတယ်။လမ်းလေှျာက်မိတဲ့အချိန်တိုင်းမျက်ရည်တောက်တော်ကျရပါတယ်။ဆေးခန်းပြတော့ဆရာဝန်ကဆေး၃လစွဲသောက်ရမယ်ဆိုပြီး၁၀လုံးတစ်ကဒ်ပါတဲ့ဆေးတေွသောက်ခိုင်းပါတယ်။ဆေးတေွကြောင့်side effectဖြစ်ပြီးကလေးထိခိုက်နိုင်တယ်ဆိုလို့ကျမဆေးကိုတစ်ကဒ်ကုန်အောင်မသောက်ဖြစ်ခဲ့ပါဘူး။ကလေးလေးထိခိုက်မှာစိုးလို့ပါ။ကံကောင်းချင်တော့ရက်၂၀လောက်နဲ့ဆေးမသောက်ပဲခြေထောက်ပျောက်ကင်းသွားပါတယ်။သမီးလေးအပေါ်ထားတဲ့ကျမရဲ့မေတ္တာတေွကြောင့်ထင်ပါရဲ့။ဒါကတော့ကျမရဲ့ကိုယ်ဝန်ဆောင်ကာလမှာဖြစ်ပျက်ခဲ့တဲ့အတေွ့အကြုံလေးပါ။
သမီးလေးကိုပြုစုစောင့်ရေှာက်ပုံ
မေွးကင်းစအရွယ်နုနယ်လှတဲ့သမီးလေးကိုကျမအရိပ်တကြည့်ကြည့်နဲ့အနီးကပ်စောင့်ရေှာက်ခဲ့ပါတယ်။မီးဖွားခွင့်၆လရတဲ့အတွက်မေွးပြီး၄လကိုသမီးလေးအနားမှာအချိိန်ပြည့်နေနိုင်ခဲ့ပါတယ်။သမီးလေးကို၆လမပြည့်ခင်အထိမိခင်နို့တစ်မျိုးထဲတိုက်ပါတယ်။ရေလည်းမတိုက်ပါဘူး။ဖြည့်စွက်စာလည်းမကျေှးခဲ့ပါဘူး။ပတ်ဝန်းကျင်ကလူတေွကကျမကိုလေှာင်ရယ်ပါတယ် ငါ့တို့ကလေးမေွးတုန်းက၄၅ရက်ပြည့်တာနဲ့ရေတိုက်တာ ထမင်းကျေှးတာစသည်ဖြင့်နင့်အလှည့်ကျမှကလေးကိုအငတ်ထားတယ်ဘာညာနဲ့အပြစ်ပြောပါတယ်။ဗဟုသုတမရှိနားမလည်တဲ့သူတေွက၆လမပြည့်ပဲရေတိုက်ရင်ဖြည့်စွက်စာကျေှးရင်ကလေးဘယ်လိုအန္တရာယ်ဖြစ်ကြောင်းရှင်းပြပါတယ်။ဒါမဲ့သူတို့ကလုံးဝလက်မခံလို့ဆက်ပြီးမရှင်းပြတော့ပါဘူး။အိမ်ကအမျိုးသားတော့စာသိပ်မဖတ်လို့နားမလည်ပေမယ့်ကျမရဲ့စကားတေွကိုလက်ခံနားလည်ပေးပါတယ်။ကလေးကိုထိတေွ့တော့မယ်ဆိုရင်လက်ဆေးဖို့အိမ်မှာလက်သန့်ဆေးရေဗူးကျမရဲ့အနီးမှာအမြဲထားပါတယ်။ကလေးကိုင်ရင်လက်ဆေးပေါ့။သူတို့ကကြီးကျယ်တယ်ဘာညာနဲ့ပြောကျတယ်။ပြောလည်းအတတ်နိုင်ဘူး။ကိုယ့်သမီးရဲ့ကျန်းမာရေးအတွက်အမုန်းခံပြီးပြောရမှာပါပဲ။ကလေးကိုင်ရင်လက်ဆေး လက်သန့်ရဲ့လား ကလေးကိုပါးမဆွဲနဲ့နော် ကလေးချီရင်ကျောကိုလက်နဲ့ပေွ့ထား အာ့စကားတေွကကျမရဲ့လက်သုံးစကားတေွပါပဲ။ကျမသမီးလေးကိုအဲ့ဒီလိုပြုစုခဲ့ပါတယ်။
သမီးလေးရဲ့ဖွံ့ဖြိုးမှုအတွက်ဆောင်ရွက်ခဲ့ပုံ
ကျမသမီးလေး၅လကျော်လောက်မှာအစာစားချင်တဲ့လက္ခဏာတေွှပနေလို့၅လကျော်နဲ့ဖြည့်စွက်စာစကျေှးခဲ့ပါတယ်။စကျေှးတဲ့အခါကလေးမျိုချရလွယ်အောင်နို့ရည်နီးပါးအကျဲလောက်ရှိတဲ့ဆန်မှုန့်ကိုမနက်တစ်ကြိမ်ညတစ်ကြိမ်နို့မှုန့်တစ်ဇွန်းစာနို့မှုန့်နဲ့ရောကျေှးပါတယ်။၆လပြည့်တဲ့အခါအားဖြည့်ဆန်ကိုပဲနီလေးရေွှဖယုံပန်းပွင့်စိမ်းဥနီဗမာကြက်ငါးကြင်းတို့နဲဝါစိမ်းနီကျေှးပါတယ်။မနက်စာကိုတော့oatကိုအသီးတစ်မျိုးမျိုးနဲ့နို့မှုန့်နဲ့ကိုရောပြီးကျေှးပါတယ်။သမီးလေးကိုready madeမကေွးျပဲမအားပေမယ့်ကိုယ်တိုင်ပဲဖြည့်စွက်စာလုပ်ကျေှးခဲ့ပါတယ်။မေွးထဲကခုထိနှာစေးတာနှစ်ခါလောက်ပဲဖြစ်ဖူးပါတယ်။ကျန်းမာရေးကောင်းပါတယ်ရှင်။
သမီးလေးရဲ့ဖေဖေမေမေတစ်ဦးအဖြစ်ရရှိလာတဲ့အတေွ့အကြုံ
ကျမတို့လင်မယားနှစ်ယောက်ကသားလေးလိုချင်ကျတာပါ။ရလပြည့်လို့ultrasaundရိုက်ကြည့်တဲ့အခါမိန်းကလေးဆိုလို့အဲ့နေ့ကအိမ်ပြန်လမ်းမှာပြုံးတောင်မပြုံးနိုင်ကျပါဘူး။သမီးလေးမေွးလာတော့လည်းလင်မယားနှစ်ယောက်စလုံးလာချစ်လိုက်တာတုန်နေတာပါပဲ။အစစအရာရာသမီးလေးအတွက်ပဲဦးစားပေးခဲ့တယ်။မိဘရယ်လို့ဖြစ်လာကျတော့လည်းကိုယ့်သမီးလေးအတွက်အကောင်းဆုံးဖြည့်ဆည်းပေးချင်မိတယ်။မီးလေးရဲ့ဖေဖေကလည်းအလုပ်တေွှကိုးစားပြီးမိသားစုဝင်ငေွကိုလောက်အောင်ရှာပေးပါတယ်။မိဘနေရာရောက်မှသာလှျင်အဲ့ဒီခံစားချက်ကိုနားလည်မှာမို့အထူးတလည်မရှင်းပြလိုတော့ပါ။ကျမရဲ့ဘဝမှာကျမရဲ့သမီးလေးသာလှျင်ကျမရဲဲ့ဘဝပါပဲ။သမီးလေးကိုသိပ်ချစ်တယ်။