
ရာသီစာ ဖရဲသီးက ပြည်တွင်းမှာလည်း အစားများပါတယ်။ အသီးလိုက် အနေနဲ့ရော ဖျော်ရည် အဖြစ်နဲ့ပါ ကျှန်တော်တို့တေွ စားသုံးကြပါတယ်။ ကာဘိုဟိုက်ဒရိတ်လည်း ပြည့်ဝတယ်၊ ဗီတာမင် အေနဲ့ ဗီတာမင် စီလည်း ပါတယ်။ ပိုတက်စီယမ်လည်း ပါသေးတယ်။ အဆီနဲ့ ကယ်လိုရီ လုံးဝ မပါရှိတဲ့ အသီးတစ်ခုပါပဲ။ အပူကင်းအောင် စားသုံးဖို့အတွက် အကောင်းဆုံးအသီးလို့တောင် ဆိုပါတယ်။ သူ့ကို ရေ အစားထိုး၊ ရေအဆာပြေအဖြစ်လည်း စားနိုင်သေးတယ်။ အကြောင်းကတော့ ဖရဲသီးမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းလောက်နဲ့ ဖွဲ့စည်းထားလို့ပါပဲ။ အမှျင်ဓာတ်လည်း ကောင်းစွာ ပါဝင်ပါသေးတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ သင့်နှလုံးအတွက် အားအရမ်းကောင်းစေတဲ့ ဖရဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုး(၁ဝ)ချက်ကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်ရဲ့နှလုံးကို ကျန်းမာစေတယ်
---------------------------------------
ဖရဲသီးမှာ Lycopene ဓာတ် များစွာ ပါရှိပါတယ်။ ဒီဓာတ်က ကိုယ်တွင်း အောက်ဆီဓာတ်တိုးခြင်း ဖြစ်စဉ်ကို အဓိက အားပေးပြီးတော့ တစ်ရှုးနဲ့ ကြွက်သားတေွ ထိခိုက်မှုကိုလည်း ကာကွယ်မှု အပြည့်အဝပေးသလို သင့်ရဲ့နှလုံးကိုလည်း ကျန်းမာ အားကောင်းစေတာ တေွ့ရပါတယ်။

၂။ ကိုယ်အလေးချိန် ကျစေနိုင်တယ်
---------------------------------------
ဖရဲသီးစားလို့ အလေးချိန် ကျတာထက် အလေးချိန် ကျလိုသူတေွအတွက် အခြား အစာတေွထက် ဖရဲသီး စားပေးရင် အဟာရလည်း ဖြစ်တယ်။ အဆီလည်း မစားဖြစ်စေပဲ ရှိသွားတာကြောင့် အစားထိုးအစာ အဖြစ်စားပေးနိုင်တာပါ။

၃။ စိတ်ဖိစီးမှုကို သက်သာစေတယ်
---------------------------------------
ဖရဲသီးမှာ ဗီတာမင်ဘီ ၆ ကောင်းစွာ ပါရှိပါတယ်။ မောပန်းနွမ်းလျမှုတေွ၊ စိတ်ဖိစီးမှုတေွနဲ့ စိတ်ရှုပ်ထေွးမှုတေွကို အကောင်းဆုံး လျော့နည်းသက်သာစေမယ့် အဟာရပစ္စည်း ပါရှိနေတာပဲ ဖြစ်ပါတယ်။

၄။ အရွယ်တင်စေတယ်
--------------------------
ဖရဲသီးဟာ အရွယ်ကျခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ Lycopene ဓာတ်ကြောင့်ပဲ အသားရေ တင်းရင်း လှပပြီးတော့ အိုမင်းမှုကိုလည်း ကာကွယ်ပေးတာ ဖြစ်ပါတယ်။

၅။ ကိုယ်ခန္ဒာက လိုအပ်တဲ့ စွမ်းအင်ကို ဖြည့်ပေးနိုင်တယ်
-------------------------------------------------------------
ဆိုဒီယမ် နည်းနည်း ၊ ပိုတက်စီယမ်၊ သတ္တုဓာတ်တေွလည်း ပါတယ်၊ ကာဘိုဟိုက်ဒရိတ်လည်း ပါတယ်၊ ပြီးတော့ ရေဓာတ်လည်း ကောင်းကောင်းပါတယ်။ ကိုယ်ခန္ဒာကို ရေဓာတ် ပြည့်ဝနေစေသလို ဇီဝဖြစ်စဉ်တေွ ပုံမှန် လည်ပတ်စေပြီးတော့ လိုအပ်တဲ့ စွမ်းအင်ကိုလည်း ထုတ်လုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

၆။ အမှျင်ဓာတ်ပြည့်ဝစာ အဖြစ်စားနိုင်တယ်
-----------------------------------------------
အမှျင်ဓာတ်ဆိုတာ အစာချေစနစ်အတွက် အရေးပါတဲ့ ဓာတ်တစ်ခုပါပဲ။ ရေနဲ့ အမှျင်ဓာတ် ပေါင်းပြီးတော့ အစာချေဖျက်ခြင်းရော အဟာရ စုပ်ယူခြင်းကနေ နောက်ဆုံးမစင် စွန့်ထုတ်သည် အထိအောင် ကူညီလုပ်ဆောင်ပေးပါတယ်။ ဒါအပြင် ဖရဲသီးမှာ ရေဓာတ်ရော အမှျင်ဓာတ်ပါ ကောင်းကောင်းပါရှိလို့ သင့်ရဲ့အစာချေစနစ်ကိုလည်း ကောင်းမွန်စွာ လည်ပတ်စေမှာပါ။

၇။ အရေပြားကို သန့်ရှင်းစေတယ်
------------------------------------
ဖရဲသီးက အရေပြားအတွက် အထူးကောင်းမွန်တဲ့ အသီးပါပဲ။ အရေပြားအတွင်းက မလိုအပ်တဲ့၊ ပိုနေတဲ့ အဆီတေွကို ချေှးနဲ့အတူ ဖယ်ထုတ်ပေးပါတယ်။ ဝက်ခြံလို အရေပြားနဲ့ သက်ဆိုင်တဲ့ပြစ်ချက်မျိုးလည်း မဖြစ်စေနိုင်တော့ပါဘူး။

၈။ သဘာဝအတိုင်း အသားအရေကို စိုပြေစေတယ်
-------------------------------------------------------
ရေဓာတ် ကောင်းကောင်းပါရှိတဲ့ အစာဖြစ်လို့ ကိုယ်တွင်းမှာ ရေဓာတ် ပြည့်ဝနေစေပြီးတော့ သဘာဝအတိုင်း အရေပြားကို စိုစွတ် အေးမြနေစေပါတယ်။

၉။ ရောဂါတေွကနေ ကာကွယ်ပေးနိုင်မှုရှိတယ်
---------------------------------------------------
ဖရဲသီးကို နေ့တိုင်း စားပေးခြင်းက ရောဂါတချို့ကို ကာကွယ်ပေးနိုင်တာ တေွ့ရှိရပါတယ်။ ပန်းနာရင်ကျပ် ၊ လေးဘက်နာ၊ အဆစ်အမြစ်ရောင် ရောဂါနဲ့ အရိုးဆိုင်ရာ ရောဂါတေွကိုလည်း ဖြစ်နိုင်ခြေ လျော့နည်း ကောင်းမွန်စေတာပဲ ဖြစ်ပါတယ်။

၁ဝ။ သေွးပေါင်ချိန် မှန်စေတယ်
----------------------------------
ဇီဝဖြစ်စဉ်ကို ကောင်းမွန်စွာ လည်ပတ်စေတဲ့အစာ ဖြစ်လို့ သေွးပေါင်ချိန်ကို မှန်ကန်စေတဲ့ သဘောရှိပါတယ်။ သေွးတိုးသမားတေွ အတွက်လည်း အဆင်ပြေမယ့် အသီးပါပဲ။ အဟာရစာ အဖြစ်ရော ရောဂါကာကွယ်ရေးစာ အဖြစ်ပါ စားသုံးပေးသင့်ပါတယ်။ ၁၅၀ ကီလိုဂရမ်လောက် ရှိမယ့် ဖရဲသီးဟာ သင့်ကို စွမ်းအင် ရ၁ ကယ်လိုရီ ပေးမယ်၊ အသားဓာတ် ၁ ဒသမ ၄၅ ဂရမ်ပါမယ်၊ ကာဘိုဟိုက်ဒရိတ် ၁ရ ဒသမ ၉ရ ဂရမ်၊ အဆီ သုည ဒသမ ၃၆ ဂရမ်၊ တည်မြဲအဆီ သုည ဒသမ ၀၃၈ ဂရမ်၊ အသေးစား မတည်မြဲ အဆီ သုည ဒသမ ၀၈၈ ဂရမ်၊ သီးခြား မတည်မြဲဆီ သုည ဒသမ ၁၁၉ ဂရမ်၊ ကိုလက်စထရော လုံးဝ မပါပဲ၊ အမှျင်ဓာတ် ၁ ဂရမ်လောက် ပါရှိမှာပဲ ဖြစ်ပါတယ်။ ဒါအပြင် ဆိုဒီယမ် ၂ မီလီဂရမ်နဲ့ ပိုတက်စီယမ် ၂၆ရ မီလီဂရမ်လောက် ပါရှိဦးမှာပဲ ဖြစ်ပါတယ်။အားလုံးပဲ ကျန်းမာလို့ အမြဲလန်းဆန်းနိုင်ကြပါစေ။
#Ref( Ayeyarwady News - ဖရဲသီးနဲ့ ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)