Kyarlay.com

almost 2 years

ကလေးများနေ့မှာ သားသားမီးမီးတို့ ပျော်ရွှင်ကြစေဖို့


L002d72ufomzayvxjdco

ဖေဖေ၊ မေမေတို့ရေ မနက်ဖြန် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုတော့ မြန်မာ့ကလေးများနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဖေဖေ၊ မေမေတို့ရဲ့ ကိုယ့်ရဲ့သားသားမီးမီးလေးတွေနဲ့အတူ ကလေးများနေ့မှာ ပျော်ရွှင်စွာနဲ့ လည်ပတ်ပေးကြပါဦးနော်။ သားသားမီးမီးလေးတွေပျော်ပျော်ရွှင်ရွှင်ကစားနိုင်ဖို့အတွက်လည်း အဲ့ဒီနေ့မှာ Happy World ကစားကွင်းအတွင်း ပျော်ရွှင်စရာအစီအစဉ်တွေအများကြီးကို ဖန်တီးထားပါတယ်တဲ့ ဖေဖေ၊ မေမေတို့ရေ။



Jy9vqrlo78osiev8n7jh

ကလေးတွေအတွက် ဂိမ်းပြိုင်ပွဲတွေမှာတော့ ပန်းချီပြိုင်ပွဲ၊ အရုပ်ဆက်ဂိမ်း၊ သီချင်းဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ ဂဏန်းဆက်ဂိမ်း တွေကိုယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး အနိုင်ရရှိတဲ့ကလေးတွေနဲ့ ပြိုင်ပွဲဝင်ကလေးတွေအတွက် လက်ဆောင်တွေကိုလည်း ပေးဦးမှာပါတဲ့။ ပြိုင်ပွဲအတွက် ကလေးတွေအားလုံးက အခကြေးငွေပေးဖို့မလိုဘဲ ယှဉ်ပြိုင်နိုင်မှာပါ။ နောက်ပြီး ပုံမှန်ရှိနေကျဖြစ်တဲ့ ကစားနည်းတွေလည်းအစုံရှိသေးတာမို့ ကလေးများနေ့မှာ ဖေဖေ၊ မေမေတို့ရဲ့ ဘေဘီလေးတွေပျော်ရွှင်သွားစေဖို့အတွက် ဖေဖေ၊ မေမေတို့က အဲ့ဒီနေ့လေးမှာ သားသားမီးမီးလေးတွေအတွက် အချိန်ပေးပြီး မိသားစုအတူ လည်ပတ်ပေးကြဖို့အတွက် ကျားလေးက အကြံပြုလိုက်ပါတယ်နော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)


Ezrdouhiyau0b8imw3ja

မေမေ၊ ဖေဖေတို့ရေ မနက်ဖြန်က ဗိုလ်ချုပ်မွေးလည်းဖြစ်တယ်ဆိုတော့ မနက်ပိုင်းမှာ လည်ပတ်စရာတွေသွားတဲ့အခါ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်နေအိမ်ကိုသွားပြီး သားသား၊ မီးမီးတို့တွေလေ့လာဖို့အတွက် ပို့ပေးလိုက်ပါဦးနော်။ ပြီးတဲ့အခါမှာတော့ မိသားစုတူတူဘုရားသွားပြီး ဘုရားကဆင်းရင်တော့ တောင်ဘက်မုခ်ကဆင်းပြီး ကန်တော်မင်္ဂလာပန်းခြံထဲက Happy World ကအစီအစဉ်တွေနဲ့ သားသားမီးမီးတို့ ပျော်ရွှင်စေဖို့ ပို့ဆောင်ပေးနိုင်ပါတယ်နော်။


Nnqojatngpuj0ts74eg6

ဗိုလ်ချုပ်မွေးနေ့ဖြစ်တဲ့အတွက် နေရာတော်တော်များများမှာတော့ ပဲပြုတ်နဲ့နံပြားစတုဒီသာအလှူတွေတော့ များနေမှာပါ။ Happy World မှာလည်း ပထမဆုံးလာရောက်တဲ့ လူဦးရေ ငါးရာအတွက် ပဲပြုတ်၊ နံပြားအလှူဒါနပြုဖို့ရှိပါတယ်တဲ့။ နောက်ပြီး အဲ့ဒီနေ့မှာ အထူးအစီအစဉ်အဖြစ် နေ့လည် ၁၂ နာရီကနေ ၂ နာရီအထိ အထူးအစီအစဉ်တွေလည်းရှိနေမယ်လို့ ဆိုပါတယ်။ မျက်လှည့်အစီအစဉ်တွေ၊ အကဖျော်ဖြေမှုတွေနဲ့လည်း သားသားမီးမီးပျော်ရွှင်စေဖို့စီစဉ်ပေးထားမယ်လို့ Happy World ရဲ့တာဝန်ရှိသူတစ်ဦးက ကျားလေးကိုပြောပါတယ်။ နောက်ပြီး သားသားမီးမီးတို့ပါဝင်ဆင်နွှဲနိုင်မယ့် ဂိမ်းကစားပြိုင်ပွဲတွေကိုလည်း စီစဉ်ထားပြီး လက်ဆောင်တွေလည်း ပေးအပ်သွားမှာပါတဲ့ ဖေဖေ၊ မေမေတို့ရေ။