
အမေများအနေနဲ့ ကလေးငယ်များကို အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်များအတွက် မနက်စာပြင်ဆင်ပေးရတာကလည်း နေ့တစ်နေ့ရဲ့ ကြီးမားတဲ့ လုပ်ဆောင်ချက်တစ်ခုပါပဲ။ ပရိုတင်းဓာတ်ပြည့်ဝတဲ့မနက်စာဟာ ကလေးငယ်တစ်နေ့တာလိုအပ်တဲ့ စွမ်းရည်ကို ဖြည့်စည်းပေးနိုင်မှာပါ။ အမေများ အနေနဲ့ ဘယ်လိုအရာလေးများ ပြင်ဆင်ပေးသင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။

ဥများဟာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါ၀င်ပြီးကလေးငယ်ရဲ့ တနေ့တာကိုစတင်ဖို့အတွက်သင့်တော်ပါတယ်။ ဥများကို ကလေးငယ်ကြိုက်နှစ်သက်တဲ့ ပုံစံနဲ့ ပြင်ဆင်ပေးနိုင်ပြီး နည်းအသွယ်သွယ်အတွက် ရမယ်များလည်း ထပ်မံဖြည့်စွတ်နိုင်ပါတယ်။ အလုပ်ရှုပ်မခံလိုရင်တောင်မှ ဥကိုအနည်းဆုံးပြုတ်ပေးနိုင်ပါသေးတယ်။

သစ်စေ့များဟာလည်း ကလေးငယ်အတွက် မနက်စာမှာပါ၀င်သင့်တဲ့ စားစရာဖြစ်ပါတယ်။ သစ်စေ့များဟာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါ၀င်ပြီး အခြားအာဟာရဓာတ်များလည်း ပြည့်ဝစွာပါ၀င်ပါသေးတယ်။ သစ်စေ့များကိုတော့ ကလေးငယ်များအတွက် ပဲထောပတ်ပုံစံနဲ့ ကျေွးနိုင်ရင်ပိုကောင်းပါတယ်။ ပဲထောပတ်ကို ဝေဖာ၊ပေါင်မုန့်၊ အကင်တို့နဲ့ တွဲဖက်စားသုံးရတာကို ကလေးငယ်များကလည်း ကြိုက်နှစ်သက်မှာပါ။

နို့ထွက်ပစ္စည််းများကိုလည်း မနက်စာမှာထည့်သွင်းပေးသင့်ပါတယ်။ နို့ထွက်အစားအစာများဟာတော့ ကလေးငယ်အတွက် အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်သော မနက်စာကိုပေးနိုင်မှာပါ။ နို့၊ ဒိန်ချဉ်၊ ချိစ်အချပ်များဟာ ပရိုတင်းဓာတ်အရင်းအမြစ်များပါပဲ။ အရသာရှိသော မစ်ရှိတ်များ၊ ချိစ်ကင်များ၊နဲ့ အခြားနည်းများစွာကို ကလေးငယ်ရဲ့ ကြိုက်နှစ်သက်ရာလိုက်ပြီး လုပ်ပေးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်များလညး် ကျေွးပေးဖို့လိုအပ်ပါသေးတယ်။ ဟင်းသီးဟင်းရွက်များမှာတော့ ကလေးငယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဓာတ်များအပြင် ကလေးငယ်ကို ကူးစက်ရောဂါများမှကာကွယ်ပေးသော ကိုယ်ခံအားကိုမြှင့်တင်ပေးသော ဗီတာမင် C လည်း ကြွယ်ဝစွာပါ၀င်သောကြောင့် ကလေးငယ်များအတွက် မရှိမဖြစ်လိုအပ်ပါတယ်။မေမေများကလည်း ကလေးငယ်များရဲ့ မနက်စာလေးတေွကို ပြင်ဆင်ပေးရအဆင်ပြေမယ်လို့မေှျာ်လင့်ပါတယ်နော်။
MiGi