
အသက် ၆ လ မှာ ငယ်သွား စပေါက်ပြီး အသက် ၂ နှစ်ခွဲဝန်းကျင်မှာ သွားပေါက်တာရပ်လေ့ရှိပါတယ်။ ငယ်သွားက တစ်ကြိမ်ပေါက်ရင် စုံလိုက်ပေါက်ပါတယ်။ အပေါ်ညာရေှ့သွားပေါက်ရင် ဘယ်ရေှ့သွားလည်း ပြိုင်တူပေါက်ပါတယ်။ တကယ်လို့ပြိုင်ပေါက်မလာရင်တေ့ာ ပုံမှန်မဟုတ်ပါဘူး။ ငယ်သွားတေွကတော့ အသက် ၆ နှစ်ခွဲထိရှိပါတယ်။ အသက် ၆ နှစ််ခွဲကျော်လာရင်တော့ ငယ်သွားကျွတ်ပြီး ကြီးသွားထွက်လာပါတယ်။

အထက်ဖော်ပြခဲ့သလိုပဲ ငယ်သွားကပေါက်ချိန်အတွင်မှာ မပေါက်ခဲ့ရင်တော့ သွားပေါက်နောက်ကျတယ်လိုပြောလို့ရပါတယ်။ သွားပေါက်နောက်ကျရခြင်းရဲ့ အကြောင်းရင်းများကတော့ သန္ဓေသားဘဝကတည်းက သွားမြစ် မဖွံ့ဖြိုးခြင်း၊ မေွးရာပါ နှုတ်ခမ်းကွဲခြင်း၊ အာခေါင် ကွဲခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒေါင်းရောဂါ၊ အရိုးကြွပ်ဆတ် မာကြောခြင်း၊ Hypothyroidism သိုက်ရွိုက်ဟော်မုန်း ထုတ်တာနည်းပါးခြင်း၊ တို့ကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။

ကိုယ်ဝန်ဆောင်နေစဉ် မိခင်ကသောက်သုံးရသော ဆေးများကြောင့်လည်းဖြစ်နိုင်ပြီး ဗီတာမင် D ဓာတ်ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ကလေးငယ်ဟာ ငယ်စဉ်အခါက မတော်တဆ ထိခိုက်မိခြင်းကြောင့် သွားဖုံးတွင် အမာရွတ်ဖြစ်ပြီး မာနေခြင်းလည်း ဖြစ်နိုင်ပါသေးတယ်။ သွားသေးသေးလေးများ စုပုံပေါက်တတ်တဲ့ မျိုးရိုးလိုက်သော အကြောင်းကြောင့်လည်း ကလေးငယ်သွားပေါက်နောက်ကျတတ်ပါတယ်။

ဒါတေွကတော့ ကလေးငယ်သွားပေါက်နောက်ကျရခြင်း အကြောင်းရင်းများပါ။ ငယ်သွားများဟာ ၆ နှစ်ကျော်သည်အထိ မလဲဘဲရှိနေပါကလည်း နှုတ်ပစ်ရန်လိုအပ်ပါသေးတယ်။ ငယ်သွားက ကြီးသွားထွက်ရမည့်နေရာမှာ ပိတ်နေတတ်ပါတယ်။ သွားပေါက်နောက်ကျခြင်းကြောင့် အစားစားရာတွင် ကြေညက်ဖို့မလွယ်ကူခြင်း၊ သွားမညီညာဖြစ်ခြင်း၊ သွားကျဲခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။

သွားပေါက်ချိန်မှာ မပေါက်ရင်တော့ ဆရာဝန်နှင့် ပြသသင့်ပါတယ်။ ဆရာဝန်က သွားဖုံးစမ်းတာမျိုးပြုလုပ်နိုင်ပြီး လိုအပ်လှျင်ဓာတ်မှန်ရိုက်ပါမယ်။ ဓာတ်မှန်အခြေအနေပေါ် လိုက်ပြီး သင့်တော် သော ကုထုံးများပေးပါလိမ့်မည်။
#MiGi