စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

ကလေးကို နေနဲ့ညကွဲပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်အောင် ကူညီပေးနိုင်သောနည်းများ

Posted by Kyaw Lin Han October 18, 2019
Yptr2ayxlarslclrydky

မေမေတို့လည်း ညဘက် အနားယူလို့ရပြီး ရင်သေွးငယ်လေးလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းလေးများကို အခုလို ဖော်ပြပေးလိုက်ရပါတယ်။

Vf9rthhguxgeescuig2s

ကလေးငယ်လေးတေွရဲ့ အိပ်တတ်တဲ့ သဘာဝလေးကို နားလည်ပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်လေးများရဲ့ မေွးကင်းစကနေ တစ်လလောက် အတွင်းမှာ အိပ်ချိန်က အများစုဖြစ်ပါတယ်။ ၁၆ နာရိကနေ ၁၈ နာရီအထိ အိပ်တတ်ပြီး တဖြည်းဖြည်းကြီးလာချိန်မှာ နေလည်ဘက် အိပ်ချိန်နည်းလာပါတယ်။ညဘက်ကို ပိုပြီးတောက်လေှျာက် အိပ်တတ်လာပါတယ်။ အဲဒါကတော့ ကလေး၃ လလောက်ကနေပြီးတော့ စပါတယ်။ ၄ လလောက်မှာတော့ ညဘက်ကို တစ်ဆက်တည်း ၆ နာရီကနေ ၉နာရီလောက်ကြာအောင် အိပ်တတ်လာပါတယ်။ ဒါကြောင့် မေွးကင်းစ ကနေ ၄လ၊၆လ၊၉လ ဒီအရွယ်မှာ ညဘက်ကို ကောင်းကောင်းအိပ်အောင်မိဘများကကူညီပေးရမှာဖြစ်ပါတယ်။

Hls1rmt0ttiwgmef1tv6

ကလေးငယ် အိပ်စက်မယ့် ပတ်ဝန်းကျင်က သူတို့အတွက် အေးဆေးရမယ်။ ငြိမ်သက်ရမယ်။အနှောင့်အယှက်ကင်းရမယ်။ ကလေးတွေက အိပ်ချင်ရင် အိပ်ချင်တဲ့ အမူအရာလေးတွေပြတတ်ပြီး မိဘများကသိရန်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးက သူတို့အိပ်ချင်လာပြီဆိုရင် သူတို့ဘာသာ မအိပ်တတ်သေးပါဘူး။ လူကြီးက သူတို့ ကို သိပ်ပေးမှ အိပ်တတ်ကြပါတယ်။ ကလေးငယ်လေးတွေသန်းဝေနေမယ်။ မျက်လုံးလေးတွေကိုလက်နဲ့ ပွတ်သပ်နေမယ်။ပတ်ဝန်းကျင်ကို စိတ်မဝင်စားပဲနဲ့ စိုက်ငေးနေမယ်။ ဒါမှမဟုတ်လည်း အမေကို ဂဂျီဂဂျောင်ကျမယ်။ ဒီလိုလက္ခဏာလေးတွေပေါ်လာရင်တော့ မိဘများက ကလေးငယ်အိပ်ချင်နေပြီကိုသိရပါမယ်။

Dawezbuzfvxmxdf0vkzm

အိပ်ရာဝင်တာကို ထုံးစံလေးတွေလည်း လုပ်ပေးသင့်ပါတယ်။ ပထမဆုံး သူတို့ကို အမေနို့တိုက်မယ်။ ကိုယ်လက် သန့်ရှင်းရေးလုပ်ပေးမယ်။ နောက်ပြီး Diaper လေးလဲပေးမယ်။ ပြီးရင် အိပ်ယာဝင်သီချင်းလေးဖွင့်ပေးမယ်။ ဒီလို မျိုးလေးကို အစဉ်အတိုင်း နေ့စဉ် လုပ်ပေးသွားရင် သူတို့က မှတ်မိလာပါလိမ့်မယ်။ ဒါလေးတွေလုပ်ပေးရင် သူတို့အိပ်ရတော့မယ်ဆိုတာ သူတို့စိတ်ထဲမှာ သိလာပါလိမ့်မယ်။ ထိုအလေ့အကျင့်များကိုတော့ ကလေးငယ် ၆ လသားက စပြီး လေ့ကျင့်ပေးလို့ရပါပြီ။

A1wgyvkvulkur8hmor0u

ကလေးကို နေ့နဲ့ည ကွဲအောင်ကူညီပေးဖို့ကတော့ မိုးလင်းလာပြီဆိုရင်သူ့ကို လူကြီးများလမ်းလေှျာက်သလိုမျိုး သူ့ကိုပွေ့ချီပြီး အလင်းရောင်လေးနဲ့ ပေးတွေ့ရပါမယ်။ ညရောက်ပြီဆိုရင်လည်း သူ့ကို ချီပြီးအမှောင်ထဲကို ထွက်ပြီး ညရောက်ပြီး မှောင်နေပြီဆိုတာကို သိအောင်ပြပေးရပါမယ်။ နောက်တမျိုးကတော့ သူနိုးတဲ့အချိန်မှာ သူ့ကိုမြူတာ ဆော့တာလေးတွေ လုပ်ပေးမယ်။ အိပ်ခါနီးရင်တော့ အဲ့တာလေးတွေလျှော့ပြီး မီးမှန်မှန် ထွန်းပေးထားတာမျိုး အခန်းကို တိတ်ဆိတ်အောင် လုပ်ပေးတာမျိုးဆိုရင် သူတို့က အိပ်ချိန်ရောက်ပြီ ဆိုရင် ညဘက်ကို သတိထားမိလာမှာပါ။

#MiGi

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.