သမီးလေးကိုယ်ဝန်နဲ့တုုန်းကကိုယ်ကလည်းကျောင်းတစ်ဖက်နဲ့ဆိုတော့အနည်းငယ်တော့ခက်ခဲတယ်။ပင်လည်းပင်ပန်းတယ်။စိတ်လည်းညစ်ရတယ်။ဒါပေမဲ့လည်းသမီးလေးမျက်နှာမြင်ရမဲ့အချိန်ကိုပဲစောင့်ရင်းအားဆင်းခဲ့ရတာပေါ့လေ။ကိုယ်ကိုတိုင်ကလည်းထိပ်ကပ်နာရှိနေတော့ဆေးတေွလည်းအဏင်ကလိုရမ်းမသောက်ရဲတော့ဘူး။နားနှာခေါင်းဆရာဝန်တေွနဲ့ OG ရဲ့လမ်းညွှန်ချက်အတိုင်းပေးတဲ့ဆေးကိုပဲသောက်ရဲတော့တယ်။ဘာပဲဖြစ်ဖြစ် OG နဲ့ပဲဆေွးနေွးတိုင်ပင်တယ်။မိခင်ရောကလေးပာအာဟာရ ရှိတာတေွပဲသေခြာလေးစားတယ်။အပူအစပ်ကိုတတ်နိူင်သမျှမစားပဲနေတယ်။OG ရဲ့ရက်ချိန်းတိုင်းလည်းမှန်အောင်သွားတယ်။
သမီးလေးမေွးတော့မီးဖွားခွင့်က၆ လရတော့သမီးလေးနဲ့အတူနေရတယ်။ကိုယ်ကလည်းနို့ပေါတာကအရမ်းကံကောင်းတယ်လို့ပဲပြောရမယ်။သမီးလေးကနို့လည်းအရမ်းစို့တယ်။
သမီးလေး ၆ လပြည့်ခွင့်စေ့တော့ကျောင်းသွားရတော့သမီးလေးကိုနို့ညှစ်ပေးခဲ့ပြီးရေခဲသေတ္တာထဲထည့်ပေးခဲ့တယ်။သမီးလေးဖွာဖွားကနိူ့တိုက်ခါနီးနို့ထည့်ထားတဲ့ဘူးကိုရေနေွးနဲ့စိမ်ပြီးအအေးပျောက်မှတိုက်တယ်။ဖြည့်စွက်စာကလည်းကလေးဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲကျေှးတယ်။သမီးလေးကြီးထွားဖွံဖြို့ဖို့အာဟာရရှိတာလေးတေွကျေှးရတာပေါ့။အားဆေးလည်းကလေးဆရာဝန်ကတိုက်ခို်င်းတော့တိုက်ပေးရတယ်။အစားအရမ်းစားတယ်။သစ်သီးလေးတေွလည်းကျေှးပေးတယ်။အစာလေးတေွတော့ကြေအောင်ချေပေးရတာပေါ့။
အရမ်းချစ်စရာကောင်းတဲ့သမီးလေးမေမေဖြစ်ရတာအရမ်းဂုဏ်ယူပီတိဖြစ်မိပါတယ်။ ကိုယ်ကိုတိုင်မိဘနေရာရောက်မှ မိဘတစ်ယောက်ရဲ့စေတနာ မေတ္တာတေွကိုပိုပိုပြီးနားလည်လာတယ်။