စျေး မီဒီယာ
အခြား

ဘေဘီလေးတို့အတွက် မုယောစပါးသစ်သီးဖြည့်စွက်စာ ..

Posted by Harry July 16, 2018
Oownaniendwlfose3ue2

မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် ဒီတစ်ခါမှာတော့ မုယောစပါးသစ်သီးဖြည့်စွက်စာလေးကို ပြင်ဆင်ပေးမယ်နော်။ စားချင်စဖွယ်အဆင်းနဲ့ အရသာလည်းအရမ်းရှိတဲ့ဒီဖြည့်စွက်စာလေးကို မေမေတို့က ပြင်ဆင်ပေးလိုက်ပါဦးနော်။

ပါ၀င်ပစ္စည်းများ ..
- မုယောစပါး ... ပန်းကန်လုံးတစ်လုံး
- ဘလူးဘယ်ရီသီး ... ပန်းကန်လုံးတစ်လုံး
- ပန်းသီး ... အခွံခွာအတုံးလေးများတုံးပြီး ပန်းကန်လုံးတစ်လုံး
- တရုတ်ဇီးသီး ... အခွံခွာအတုံးလေးများတုံးပြီး ပန်းကန်လုံးတစ်လုံး
- မက်မွန်သီး ... အခွံခွာအတုံးလေးများတုံးပြီး ပန်းကန်လုံးတစ်လုံး
- ပန်းသီးအရည်ပျစ် ... ပန်းကန်လုံးလေးပုံတစ်ပုံ
- agave nectar ... စားပွဲဇွန်းတစ်ဝက်

ပြင််ဆင်ပြုလုပ်နည်း ..
- ဦးစွာရေသန့်ကိုဆူအောင်တည်ပြီး မုယောစပါးကိုထည့်ပြုတ်ပါ။
- သစ်သီးများကိုခေတ္တပေါင်းပေးပါ။
- ပြုတ်ထားသည့်မုယောစပါးများကို ရေစစ်ပြီး blander ထဲသို့ထည့်ပါ။
- အပေါ်မှ သစ်သီးများထည့်ပါ။ ပန်းသီးအရည်ပျစ်နှင့် agave nectar ဆီတို့ကိုထည့်ပါ။
- ပြီးလှျင် blander ဖြင့်မေွှပြီးလှျင် သားသားမီးမီးတို့အတွက် ပြင်ဆင်ကျေွးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.