သားသား အပူကြီးပြီး တက်သွားတဲ့ အတေွ့အကြုံလေး တစ်ခု ဝေမျှချင်ပါတယ်
ဖြစ်တာက သားသား အသက် တစ်နှစ်ပြည့်ခါနီးမှာပါ
အဲဒီလိုဖြစ်မဲ့နေ့ ညမှာ သားသား စပြီးဖျားပါတယ် အဖျားကျဆေး biogesic အရည် တိုက်ပါတယ် မနက် အိပ်ရာနိုးတော့ ကလေးက လန်းလန်းဆန်းဆန်းပါပဲ မုန့်စားတယ် ဆော့ပါတယ် မနက် ၁၁နာရီလောက်မှာ အဖျားနည်းနည်းရှိလို့ biogesic နောက်တစ်ကြိမ်တိုက်ပါတယ် အဲဒီအရွယ်တုန်းက သားသားကို ဆေးတိုက်ရတာ အရမ်းခက်ပါတယ် ထေွးထုတ်လို့ အတင်းချုပ်ပြီးတိုက်ရပါတယ် ဆေးဝင်သွားပြီး သိပ်မကြာဘူး ဝေါ့ခနဲ့ အကုန်ပြန်ထွက် ကုန်ပါတယ််ရှင့် အဖျားလည်း အရမ်းမကြီးဘူး ကလေးကလည်း လန်းနေတော့ ကျမတို့ ပေါ့ဆပြီး နောက်တစ်ကြိမ် ထပ်မတိုက်မိပါဘူး နောက်တစ်ကြိမ် ထပ်အန်ရင် စားထားတာတေွပါ အန်ထွက်ပြီး အစားမဝင်ဖြစ်မှာ စိုးတာလည်း ပါပါတယ်
ပြဿဿ နာက အဲ့ဒီမှာ စတာပါ သားသားနေ့လည် အိပ်ချိန်ရောက်တော့ ကျမ ကလေးကို အိပ်ရာထဲမှာ နို့တိုက်ရင်း သိပ်ပါတယ် သားသားက နို့စို့ရင်း ကျမကို မော့ကြည့်နေပါတယ် ကြည့်နေရင်း သားသားရဲ့ မျက်လုံးက မလှုပ်ရှားတော့ဘဲ လက်နှစ်ဖက်က ဘေးကို ကားပြီး ဆံ့ငင်ဆံ့ငင်ဖြစ်နေပါတယ် ကျမက သားသား သားသားလို့ခေါ်တာကို ပြန်ပြီး တုန့်ပြန်တဲ့အမူအယာ မပြဘဲ မျက်လုံးကြီးကြောင်ကြည့်နေတာပါ ကျမလည်း သားသားတက်နေပြီဆိုတာ သိလိုက်ပြီး ကလေးကို ချီပြီးအောက်ထပ်ကို ပြေးဆင်း သားသားဖေဖေကို အော်ခေါ်ပါတယ်
တကယ်တော့ ကျမကိုယ်တိုင်က ဆရာဝန်အလုပ်မလုပ်သော်လည်း ဆေးပညာနဲ့ကျောင်းပြီးထားသူ တစ်ယောက်ပါ ဒါပေမဲ့ ကိုယ့်ကလေး အဲဒီလိုဖြစ်တော့ ထိတ်ထိတ်လန့်လန့်နဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့တာပါ ကံကောင်းချင်တော့ သားသားဖိုးဖိုးကလည်း ဆရာဝန်တစ်ယောက်ပါပဲ သူက ရေချိုးခန်းထဲသွား ချက်ချင်းရေလောင်းချ ရေလောင်းချလို့ ပြောတော့မှ အသိဝင်လာပြီး ရေတေွတစ်ကိုယ်လုံး ၂ခွက် ၃ခွက် လောင်းချပေးလိုက်တော့မှ သားသားမျက်လုံးတေွ ပြန်လှုပ်ရှားပြီး သတိပြန်ဝင်လာပါတယ် သတိဝင်လာတာနဲ့ သားသားကို ချေွးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ အကျင်္ ီပါးပါးလဲပေးပြီး ကလေးဆေးရုံကို အသည်းအသန်ပြေးရပါတယ် ကားပေါ်မှာလည်း သားသားကို တစ်လမ်းလုံး ဂျိုင်းတေွ လည်ပင်းတေွ နဖူးတေွကို ရေပတ်ဝတ်နဲ့ ကပ်ပေးနေရပါတယ် နောက်တစ်ကြိမ် ထပ်ဖြစ်မှာစိုးလို့ပါ ဆေးရုံရောက်တဲ့ထိ အဖျားတက်လာတိုင်း ရေခဲရေမှာ စိမ်ထားတဲ့ အဝတ်ကို နဖူးပေါ်တင်ပေးရတယ် တစ်ကိုယ်လုံးကိုတော့ ရိုးရိုးရေနဲ့ ရေပတ်တိုက်ပေးလုပ်ရပါတယ် biogesic ကို ၄နာရီခြား တိုက်ရပါတယ် ဆေးရုံတက်ပြီး ၃ရက်မြောက်နေ့ရောက်မှ အဖျားကောင်းကောင်း ကျသွားပါတယ်
အဓိက ကျမပြောချင်တာက အဖျားအရမ်းကြီးပြီးတက်တယ်ဆိုတာ ကလေးတိုင်း ဖြစ်နိုင်ပါတယ် ကလေးဆေးရုံမှာ မကြာခဏ တေွ့ရတဲ့ ပြဿနာပါ တက်တာကြာသွားရင် ကလေးဦးနေှာက်က အောက်ဆီဂျင် မရဘဲ ဦးနေှာက်ကို ထိခိုက်တတ်ပါတယ် အဖျားမကြီးအောင် စနစ်တကျ ဂရုစိုက်ပေးလို့ ရပါတယ် ကိုယ်ကိုယ်တိုင် ဆရာဝန်ဖြစ်ပေမဲ့လည်း ပေါ့ဆမိတဲ့အတွက် ဖြစ်ခဲ့တာပါ ကျမလို မဖြစ်ရအောင် မေမေအသစ်တေွကို ဗဟုသုတ မှျဝေတာပါ
ဆေးခန်းက ဆရာဝန်က ဘာဆေး ဘာဆေးတိုက်လို့ပဲ ပြောလိုက်တာပါ ကလေး အခြေအနေကို အနီးကပ်ကြည့်ပြီး ပြုစု စောင့်ရေှာက်ပေးရမှာက မေမေတို့ရဲ့ တာဝန်ပါ
ဒါကြောင့် ကလေးဖျားတယ်ဆိုရင် အဖျားကျဆေးတိုက်ပါ ဆရာဝန်က ကလေးရဲ့ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး တိုက်ရမဲ့ ဆေးပမာဏကို တွက်ပေးပါလိမ့်မည် အဲ့အတိုင်းတိုက်ပါ မဝင်ရင် ဝင်အောင် တိုက်ပါ ဆေးတိုက်ပြီး နာရီ ဝက် အတွင်း အန်ရင် ဆေးတေွ ပြန်ပါသွားပြီလို့ ယူဆပြီး ထပ်တိုက်ပါ
ဆေးတိုက်ပြီးရင်လည်း ကလေးကို မကြာခဏ ကိုယ်ပူ ကျ မကျ စမ်းနေပါ မကျဘူးထင်ရင် တစ်ကိုယ်လုံး ရေပတ်တိုက်ပေးပါ မရသေးရင် ဂျိုင်းကြား ပေါင်ကြား လည်ပင်းကြားတေွမှာ ရေစွပ်ထားတဲ့ အဝတ်ကို ကြာကြာ ညှပ်ထားပေးပါ ရေစွပ်ထားတဲ့ အဝတ်တေွကို အဆင်သင့်ထားထားပြီး လဲလှည်ပေးပါ အဖျား ကျ မကျ ပြန်စမ်းပါ
ကလေး လက်ဖျားခြေဖျား အေးလာရင် သတိထားပါ အဖျားပြန်တက်တတ်ပါတယ် အဖျား မကျ မချင်း ရေပတ်တိုက်ပေးပါ
အဖျားအရမ်းကြီးရင် biogesicကို ၄ နာရီ ခြားထိတိုက်လို့ရပါတယ်
ဆေးတိုက်ရတာ အဆင်မပြေတဲ့ အချိန်တေွမှာ စအိုထဲထည့်တဲ့ အဖျားကျဆေးကို ဆရာဝန်ကို မေးထားပြီး ထည့်ပေးလို့ရပါတယ်
သေသေချာချာ နည်းမှန်လမ်းမှန် ဂရုစိုက်ပေးရင် ဒီလို အဖြစ်မျိုး မဖြစ်ပါဘူး မေမေတို့ရေ
ကျမ အခု ရေးထားတာတေွက အဖျားကျအောင် ပြုစုနည်းပဲပါပါတယ် အဓိက ဖျားရတဲ့ အကြောင်းအရင်းက အမျိုးမျိုးရှိတာမို့ ရိုးရိုး တုပ်ကေွး ဗိုင်းရပ်စ်ပိုးကြောင့် ဖျားတာလား အဆုတ်ရောင်ပြီးဖျားတာလား သေွးလွန်တုပ်ကေွးကြောင့်ဖျားလား ဆိုတာတေွကတော့ ဆရာဝန်နဲ့ သေချာ အဖြေရှာကုသရမှာပါ
ကျမ အတေွ့အကြုံလေးကို ပြီးအောင်ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်