Kyarlay.com

almost 2 years

ဘေဘီလေးတို့အတွက် အရောင်များနဲ့ကစားခြင်း


V2yujufwi3fdzbklw4fy

ဖေဖေ၊ မေမေတို့ရေ အရောင်တွေက ကလေးတွေရဲ့စိတ်ကိုပျော်ရွှင်မှုတွေပေးနိုင်ပြီး ဦးနှောက်ဥာဏ်ရည်ရွှင်လန်းစေဖို့အတွက်လည်း အထောက်အကူပေးပါတယ်။ ငယ်စဉ်ကတည်းက သူတို့တွေရဲ့ အနီးနားမှာ သင့်တော်တဲ့အရေရာင်လေးတွေထားရှိပြီး လေ့ကျင့်မှုပေးထားဖို့တော့လိုပါတယ်။ ဘယ်အရွယ်မှာ ဘယ်အရောင်တွေ ကာလာတွေထားရှိသင့်တယ်ဆိုတာကိုတော့ ဖေဖေ၊ မေမေတို့က လေ့လာကြည့်ပေးပါဦးနော်။


၃ လမှ ၆ လအရွယ်ကလေးများအတွက်


L7zk7izlbmpu30hpm0hb

ကလေးတွေ တဖြည်းဖြည်းကြီးပြင်းလာတဲ့အခါမှာတော့ သူတို့လေးတွေရဲ့အနီးမှာ အရောင်လေးတွေကို အကျင့်လုပ်ထားပေးပြီး ဂရုတစိုက်ပြင်ဆင်ပေးဖို့လိုအပ်လာပါပြီ။ ဒီအရွယ်ကလေးတွေအနီးမှာတော့ အဖြူ၊ အမည်းအရောင်လေးတွေနဲ့အတူ ပန်းရောင်တို့၊ အ၀ါရောင်နုနုလေးတွေကို လိုက်ဖက်ညီညီပြင်ထားပေးဖို့လိုအပ်ပါတယ်။ ကလေးတွေရဲ့အနီးမှာ အဲ့ဒီအရောင်လေးတွေထားပေးခြင်းနဲ့ ကလေးလေးတွေရဲ့ စိတ်ပျော်ရွှင်ကြည်နူးမှုလေးကို ရရှိစေမှာပါ။

၆ လမှ တစ်နှစ်အရွယ် ကလေးများအတွက်


Irqyixvyjxyvj6owr6iq

မေမေ၊ ဖေဖေတို့ရေ ကလေးလေးတွေ တဖြည်းဖြည်းကြီးပြင်းလာပြီး ၆ လကျော်လာပြီဆိုရင်တော့ သူတို့တွေက အရောင်လေးတွေကို မြင်လာနိုင်စွမ်းရှိနေပါပြီ။ အဲ့ဒါကြောင့် သူတို့လေးတွေရရဲ့ အိပ်ယာ၊ ကစားစရာနေရာလေးတွေမှာ အခြားအရောင်ဆန်းဆန်းလေးတွေကို ပြင်ဆင်ထားပေးလို့ရပါပြီ။ သူတို့ရဲ့အနီးလေးတွေမှာ အရောင်စုံပိုစတာလေးတွေ၊ အရောင်စုံပါတဲ့ ပန်းချီကားလေးတွေ၊ အရောင်စုံအရုပ်လေးတွေ၊ စာအုပ်လေးတွေနဲ့ သူတို့ရဲ့အမြင်ဆန်းအောင် ကာလာရောစပ်ထားတဲ့ အရာလေးတွေကို ထားရှိပေးလို့ရနေပါပြီနော်။ ငယ်စဉ်ကတည်းက ဒီလိုမျိုးအရောင်လေးတွေနဲ့ ကျင့်သားရနေတဲ့ကလေးတွေက ဥာဏ်ရည်တိုးတက်စေသလို အခြားကလေးတွေထက် ဖွံ့ဖြိုးမှုလည်း ပိုမိုမြန်ဆန်နိုင်ပါတယ်တဲ့ မေမေ၊ ဖေဖေတို့ရေ။

(မေ့ရင်သွေး မဂ္ဂဇင်းမှ ကောက်နုတ်ချက်)


Nwmjduqogsrlwcoq1mdi

ဖေဖေ၊ မေမေတို့ရေ ကိုယ့်ရဲ့သားသား၊ မီးမီးလေး ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘေဘီလေးတွေဖြစ်ဖို့အတွက် မိဘတိုင်းက မျှော်လင့်ထားကြမှာပါ။ အဲ့ဒီအတွက် ငယ်စဉ်ကတည်းက အဲ့ဒီလိုအရောင်လေးတွေနဲ့လေ့ကျင့်ပေးဖို့အတွက် ကျားလေးမှာ အရောင်စုံဂိမ်းကစားစရာလေးတွေ၊ ကာလာချပ်လေးတွေကို ဖေဖေ၊ မေမေတို့က ကြည့်ရှုနိုင်ပါတယ်နော်။

မိခင်နဲ့ရင်သွေးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

မွေးစမှ ၃ လအရွယ်ကလေးများအတွက်


Hob943t4tngb8d6pmkee

မေမေ၊ ဖေဖေတို့ရေ အရင်ဆုံးပြောရမယ်ဆိုရင်တော့ မွေးစကနေ အသက် ၃ လအရွယ်ကလေးတွေအတွက် အဖြူ၊ အမည်းပါတဲ့အရောင်လေးတွေကို သူတို့လေးတွေအနီးနားမှာ ထားရှိပေးသင့်ပါတယ်။ အဲ့ဒီအရောင်တွေက ကလေးငယ်တွေရဲ့ အမြင်အာရုံကို တက်ကြွစေပါတယ်နော်။ အရောင်တောက်တောက်တွေမဟုတ်တဲ့အတွက် သူတို့လေးတွေရဲ့ အာရုံစူးစိုက်မှုကိုလည်း အေးချမ်းစေပါတယ် ဖေဖေ၊ မေမေတို့ရေ။ အဲ့ဒါကြောင့် ကလေးတွေအနီးမှာ အဲ့ဒီအရောင်လေးတွေရှိအောင် မေမေ၊ ဖေဖေတို့က စီစဉ်ထားပေးပါနော်။