နှုတ် - မရိုင်းပါစေနှင့်
***************
“သားလေးဖျားနေတယ်ဆို’’
သုံးနှစ်အရွယ်ကလေးတစ်ယောက် ဖျား၍ဆေးခန်း ရောက်လာသည်။ ကလေးနှင့် ရင်းနှီးစွာ ဆက်ဆံလိုသဖြင့်
အထက်ပါမေးခွန်းလေး မေးလိုက်သည်။ ကလေးသည် ကျွန်မအား မကြည့် နှုတ်ခမ်းစူ ၍ မျက်မေှာင်ကုတ်လှျက် နှစ်ကြိမ်ခန့် မေးသော်
“တုံးရက်…..တုံးရက်…တုံးရက်….”ဟူ၍ ကုန်းအော်လိုက်ပါသည်။
နေမကောင်း ၍ စိတ်မကြည်လင်လို့ ဖြစ်မှာပါလေ။
“ဒေါက်တာရေ သူက အဲဒီလို ပြောလေ့ရှိလို့ပါ ။အဖိုး၊ အဖွား က အလိုလိုက်ထားလို့လေ ”
ငယ်ငယ်တုန်းကတော့ ကိစ္စ မရှိပါ အသက်ကြီးလာသည် အထိ သို့ မယဉ်ကျေးစွာ ပြောဆိုနေပါလှျင် ပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ် နိုင်ပါမည် လော။ ငယ်စဉ်က မဆူရက် ၊ မပြောရက်၊ အမုန်းမခံရက်လှျင် တာဝန်ကျေသော မိဘ ဖြစ်နိုင်မည် မဟုတ်ပေ။
မင်္ဂလာ ပါရှင်
“ မင်္ဂလာပါ ဖွားဖွား” သာယာချိုအေးသော နှုတ်ဆက်သံလေးကြောင့် ကြည်နူးစွာ လှည့်ကြည့်မိသည်။ အသက် လေးနှစ်ခန့် အရွယ်ရှိ သမီးငယ်လေးက ပြုံးရွှင်စွာ နှုတ်ဆက်နေခြင်းပင်။
“ မင်္ဂလာပါ သမီးရယ် လိမ္မာ လိုက်တာကွယ်” ဟု အပြန်အလှန် နှုတ်ဆက်ရင်း ချီးမွမ်း မိသည်။
“ ဖေဖေရာ မေမေရော ၀န်ထမ်းတေွဆိုတော့ အချိန်လေးရတိုင်းသွန်သင်နေရတာပေါ့ ဒေါက်တာရယ်။
အဖွားနဲ့ အနေများတော့ ဘုရားစာက အစ အကုန်ရအောင် သင်တယ်လေ ”
တော်ပါလေသော မိဘ ရေှ့ရေး ကို မြင်တတ်သော မိဘ။
“ပျူပျူ ငှာငှာ ၊ လူတကာကို သာသာ ချိုချို
ချစ်ဖွယ်ဆို၍ ၊ စိုစိုပြည်ပြည် ချစ်မူနည်နှင့်
လည်လည်ပတ်ပတ်လောကဝတ်၌၊
ပြတ်ပြတ်သားသား၊ အပြားပြားလှျင်......…”
ရခိုင်သူမြတ်၏ လောကသာရပျို့ (မျိုးလေးပါး ဆုံးမခန်း) တွင် အထင်အရှားပြထားခဲံသည့် အတိုင်း သာသာချိုချို ချစ်ဖွယ်ဆို သည် ့ ခပ်သိမ်းသော လူတို့၏ ချစ်ချင်းကိုလဲသာမက အမှုကိစ္စ အဝဝ ကိုလည်း ငြိမ်းချမ်း အောင်မြင်စွာ ဆောင်ရွက် နိုင်ပေသည်။
ကလေးငယ်၏ သက်တမ်း တစ်နှစ်ကျော်လှျင် စကားတစ်လုံး၊ နှစ်လုံး ၍ဆိုလေပြီ မိဘ သို့မဟုတ် အုပ်ထိန်းသူ၏ ပြုမှုပြောဆိုပုံကို “စံ” အဖြစ်ယူလေ့ရှိသည်။ သို့ဖြစ်၍ အုပ်ထိန်းသူ၏ အခန်းကဏ္ဍသည် ကလေးငယ်၏ ကိုယ်၊ နှုတ် အမူအရာ အတွက်လွန်စွာ အရေးပါ အရာရောက်ပါသည်။
ဒေါသကြီးသော၊ အပြောအဆို ကြမ်းတမ်းသော၊ ဆဲရေးတိုင်းထွာတတ်သော၊ အစရှိသည့် မိဘ အုပ်ထိန်းသူ တို့၏ သားသမီးများသည်အဘယ်မှာလှျင် ယဉ်ကျေးသိမ်မေွ့ ချိုသာစွာ ပြောဆိုတတ်တော့မည်နည်း။
အမိယုတ်လှျင်
လောကနီတိ၌ “ မာတာဟိနဿ ဒုဗ္ဘာသာ အမိယုတ်သော သူအား မကောင်းသော စကားရှိတတ်၏ ’’
ဟုဆိုထားပါသည်။ မိခင်ဖြစ်သူ အပြောအဆိုကြမ်းတမ်းယုတ်မာမှုကြောင့် သားသမီးတို့လည်း ထိုသို့ (၃) သုံးသော အမေွအနှစ်ကို ရရှိမည် အမှန်ပင်။
ဖခင်ဖြစ်သူ၏ မကောင်းသော အမူအကျင့် မိခင်ဖြစ်သူ၏ ကြမ်းတမ်းသော တို့ကို သားသမီး တို့ ဆက်ခံရရှိ တတ်ကြောင်း မိဘများ အမြဲသတိပြုသင့်ပါသည်။ မျိုးရိုး ဗိဇကြောင့် ကိုယ်၊ နှုတ်အမူအရာ ရိုင်းစိုင်း ကြမ်းတမ်းခြင်း မဟုတ်ပါ။ အနီးကပ်ဆုံး ပတ်ဝန်းကျင်၏ စီရင်မှုသာလှျင်ဖြစ်သည်။ ကလေး၏ ပထမဆုံး တေွ့ထိရသော ပတ်ဝန်းကျင်သည် ကလေး၏ “စရိုက်’’ ကို ကောင်းဆိုး နှစ်တန် စီမံပေးမည်သာ။
မူကြို မှစ ကျောင်းနေကြ
ကလေးအသက် သုံးနှစ် လေးနှစ်တွင် မူကြိုကျောင်းသို့သွားရလေပြီ။ ကလေး၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကျယ်ပြန့်လာပြီ ဖြစ်သည်။ ဆရာ၊ ဆရာမ ၊ အရွယ်တူ ကျောင်းသူကျောင်းသားများ ကျောင်းဝန်ထမ်းများနှင့် ဆက်ဆံရသည်။ အိမ် ပတ်ဝန်းကျင်တွင် နေ့စဉ်က ယဉ်ကျေးလိမ္မာ ခဲ့သူဖြစ်ပါမူ ယခုပတ်ဝန်းကျင်တွင်လည်း လိုက်လျောညီထေွ နေတတ်ရန် ၀န်လေးမည် မဟုတ်ပေ။
မိဘများ၏ ပါ၀င်ပတ်သတ်မှုသည် ယခုအချိန်တွင်လည်း အရေးကြီးပါသည်။ ပတ်ဝန်းကျင်နှင့် အဆင်ပြေစွာ နေတတ်ရန် မိဘများက သွန်သင်ထားရပေမည်။ များသောအားဖြင့် မိဘတို့သည် မာနဂုဏ် ပညာဂုဏ် မောက်မာကြပြီး သားသမီးတို့ကို သွန်သင်ရာ၌ လွဲမှားတတ်ကြပါသည်။
“ ဖေဖေ၊ မေမေတို့မှာ အကုန်ပြည့်စုံတယ် ဘယ်သူကိုမှဂရုစိုက်စရာ မလိုဘူး ’’ ဟုဟစ်ကြေွးလှျက် သားသမီးတို့ကို မောက်မာမှု ရိုင်းပျ မှု၊ ညှဉ်းပန်း နှိတ်စက်မှုကို သင်ကြားပေးခြင်းကိုပြုလုပ်ကြပါတော့သည်။
(၄) ဤသည်ကိုပင် သားသမီး ကိုချစ်၍ ဟူသောအကြောင်းပြလေ့ရှိကြပါသည်။
ရိုင်းစိုင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံသော ကလေးအတွက် အဘယ်မှာလှျင် မိတ်ဆေွ သူငယ်ချင်း ရနိုင်ပါတော့မည်နည်း။ ကလေးသည် ပတ်ဝန်းကျင်နှင့် ကင်းကွာသည်ထက်ကင်းကွာ လာပေတော့မည်။
ကျောင်းသား အရွယ် ကလေးသူငယ်တို့၏ ကာယဝစီ အလီလီတို့ စီရီ ယဉ်ကျေးချမ်းအေးစေရန် ရည်သန်ဆုံးမ ရသူတို့ကား ဒုတိယ မိဘများဟု တင်စားရမည့် ဆရာဆရာမ များသာ ဖြစ်ပါတော့သည်။ ဆရာဆရာမတို့၏ ပြောဆို ဆက်ဆံပုံကို ကျောင်းသူကျောင်းသားများက နမှုနာယူ ကြပြန်ပါသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်မည်သာ။ ဆရာ၊ ဆရာမ တို့သည် လေးစားချစ်ခင်ဖွယ်ရာ ပြုမှုပြောဆိုမှသာလှျင် ကလေးတို့က သူတို့၏ “စံ” အဖြစ်လက်ခံကြပေမည်။ သို့ဆိုလှျင် ထို ဆရာ၊ ဆရာမတို့၏ သွန်သင်ဆုံးမ မှုကို ရိုသေစွာလိုက်နာကြမည် မလွဲပေ။
မြတ်သောမင်္ဂလာ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတွင် “သုဘာသိတာစ ယာဝါစ ဧတံ မင်္ဂလ မုတ္တမံ” ချိုသာစွာ ဆိုဆိုခြင်းသည် မြတ်သောမင်္ဂလာမည်၏ ဟု ဆိုထားပါသည်။ ချိုသာသော စကားဖြင့် နွားလိမ္မာ ပုံပြင်သာဓက ပြရပါလှျင် ၊ ဂန္ဓာ ရတိုင်း၊ တက္ကသိုလ်ပြည်တွင် ပုဏ္ဏားသည် မိမိ၏နွားကို ကြမ်းတမ်းခက်ထန်စွာ ပြောဆိုမောင်းနှင်သောကြောင့် နွားသည် နေရာမှမရေွှ့ ၀န်လည်းမဆွဲ ဘဲနေခဲ့ပေသည်။ ချိုသာစွာ ပြောဆိုစေခိုင်းမှ တစ်ဟုန်ချင်း ကောင်းစွာရေွှ့ရှားကြောင်း ပြဆိုထားပါသည်။
မိတ်ဆေွများနှင့် ဆက်ဆံလှျင်လည်း သိမ်မေွ့ချိုသာစွာ ပြောဆိုဆက်ဆံခြင်းဖြင့် အစစ အရာရာ တွင် အဆင်ပြေနိုင်မည်သာ။
သင်္ဂါလောဝါဒ ဆုံးမစာတွင်
“ ပေးကမ်းချီးမြှင့် ၊ ကိုယ်နှင့်ယှဉ်ထား
စီးပွားဆောင်ရွက်၊ နှုတ်မြွတ်ချိုစေ
သစ္စာမှန်စေ ” ၀တ်ငါးထေွ ကျင့်လေ မိတ်သဟာ
ဟူ၍မိတ်ဆေွကျင့်သတ်ငါးပါးတို့ကို ပြဆိုထားပါသည် မဟုတ်ပါလော ။
သင်္ဂါလောဝါဒ ဆုံးမစာတွင်လည်း ချိုသာစွာ ပြောဆိုခြင်းဖြင့် ရန်မီးမပွားကြောင်း ဖော်ပြထားပါသည်။
“ စကားအောက် ပြောဆိုတတ်မုန်း တတ်လွယ်ကွယ့် ရန်စကား။
ချိုသာလည်ပတ် ပြောဆိုတတ် ရန်ပြတ်စဲတဲ့ စကားကွယ် ’’
သို့ဖြစ်၍ အစကောင်းစေရန် ကလေး၏ ပထမ ပတ်ဝန်းကျင် အရှင်သခင် မိဘများ မှ အစပြု၍ ချိုသာယဉ်ကျေးသော နှုတ်စကား အဆင်ပြေသော ကိုယ်အကျင့် တို့ကို သင်ကြားမှုပြုသင့်ကြောင်း အသိပေး လိုက်ရပါသည်။
မှတ်ချက်။ ။ မေ့ရင်သေွး မဂ္ဂဇင်း ၂၀၁ရ ဇူလိုင်လ ထုတ်တွင် ဒေါက်တာ ယုဇနစောမြင့် ၏ နှုတ်မရိုင်းပါစေနှင့် ဆောင်းပါးမှ
ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
San Su Kyi Naing