စျေး မီဒီယာ

Posted by Phyo lay July 11, 2018

သားသားနာမည်ကဘုန်းလကျ်ာဖြိုးပါ။ သားသားက ၃ယောက်မြောက်သားဦးလေးပါ။ အရင်၂ယောက်က ၃လနဲ့၄လမှာပျက်ကျသွားတာပါ။ ဒီသားလေးရလာတော့အရမ်းပျော် အရမ်းလဲချစ်ပါတယ် ။ ဒါပေမယ့် ဒီသားလေး ကိုယ်ဝန်ရှိမှန်းမသိခင် တောင်တေွတက် ဆိုင်ကယ်နဲ့ခရီးဝေးတေွသွား နေမကောင်းလို့ဆေးပြင်းတေွထိုးပြီးမှ သားလေးရှိမှန်းသိရလို့ အရမ်းစိတ်ပူခဲ့ရပါတယ်။စောင်နဲ့အမြဲအိပ်တတ်တဲ့ ကိုယ်က သားလေးကိုယ်ဝန်နဲ့မှညဆိုသူများတေွထက်တအားပူပြီးအိပ်မရဖြစ်ခဲ့ပါတယ်။ အာသီးရောင်တတ်လို့ ရေခဲရေရေှာင်တတ်တဲ့ကိုယ်က သားလေးကိုယ်ဝန်နဲ့ရေခဲရေကိုချဉ်ခြင်းတပ်ပြီး အမြဲသောက်မိတာတောင်ဘာမှမဖြစ်ခဲ့ပါဘူး ။ အရင်ပျက်ကျယ်ဝန်တုန်းက အန်ခဲ့ပေမယ့် သားလေးကိုယ်ဝန်မှာ အန်လဲမအန် ခြေထောင်ဖောရောင်ခြင်း ဘာညာမရှိခဲ့ပါဘူး။ရိုးရိုးမေွးဖို့ ဗိုက်နာချိန်ကိုစောင့်နေခဲ့တယ်။ သားလေး အိုဂျီတွက်ပေးတဲ့ dd အရဆို အပတ်ရေ ၄၀ ကို ၂ရက်စွန်း uts date အရ ၃၈ ပတ်ကျော်မှာ ကလေးမလှုပ်လို့သွားပြတာ uts ရိုက်ကြည့်တော့ ရေမွှာနည်းတယ် ခွဲရင်ကောင်းမယ်ဆိုလို့ ရိုးရိုးမေွးချင်တာကိုလက်လျေှာ့ပြီး နောက်နေ့မနက်ခွဲခဲ့ပါတယ်။ခွဲခန်းထဲက ထွက်လာမှ ခွဲဖို့ဆုံးဖြတ်လိုက်တာမှန်သွားတယ် လို့တေွးမိတယ် ဘလို့လဲဆိုရင် သားလေးလည်ပင်းမှာချက်ကြိုးပတ်နေလို့ မလှုပ်တာပါတဲ့။ တော်သေးတာပေါ့သားသားရယ်။ မေွးပြီးအခြေအနေအားလုံးကောင်းပေမယ့် ကိုယ်ကခွဲထားတာတော့တပတ်ပြည့်မှဆင်းရမယ်ဆိုလို့ တပတ်ပြည့်ဖို့ ၅ရက်အလိုမှာ သားလေးကဖျားလို့ ပိုးသတ်ဆေးတခါထပ်သွင်းရတယ် ဆေးရုံမှ ၂ပတ်ကြာပါတယ်။ သားလေးက ၂ရက်နဲ့အဖျားကျပေမယ့် ကလေးဆရာဝန်ကတပတ်ပြည့်အောင်သွင်းရမယ်ဆိုလို့ ၂ပတ်ကြာသွာယတပါ။ သားလေးခုထိတော့ ကာကွယ်ဆေးထိုးချိန်ကလွဲရင် ဖျားနာမှုမရှိပဲ အမြဲကျန်းမာနေပါတယ်။ သားလေးကိုခွဲမေွးပေးတဲ့ အိုဂျီဆရာမ ဒေါ်သန်းသန်းအေး နှင့် သားသားရဲ့ ကလေးဆရာဝန် ဦးဇော်ဝင်းလိှုင်ကို လဲကျေးဇူးအများကြီးတင်ပါတယ်နော်။

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.