စျေး မီဒီယာ

Posted by လင်​းလင်​း July 11, 2018

ကိုယ်ဝန်ဆောင်ဘဝကနေ သားသားမီးမီးလေးတေွ မေွးဖွားတဲ့အခါ ကိုယ်ဝန်ဆောင်တေွ အနေနဲ့ မထင်မှတ်ထားတဲ့ အခက်အခဲတေွ ကြုံတေွတာမျိုး ရှိတတ်ပါတယ်။ ဒီတော့ အဖြစ်များတဲ့ ပြသာနာတေွကို ဖော်ပြပေးရင်း ကြိုတင် ကာကွယ်ထားနိုင်ဖို့ သက်ဆိုင်ရာ ဆရာဝန်တေွ နဲ့လည်း ဆက်သွယ်တိုင်ပင်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။

အဖြစ်များတဲ့ အကြောင်းရင်းတေွကို ကြည့်မယ်ဆိုရင်-

လမစေ့ဘဲ မေွးဖွားခြင်း

ကိုယ်ဝန် ၃ရ ပတ်မတိုင်ခင် မေွးရင် ကလေးလမစေ့ဘဲ မေွးတာလို ့ သတ်မှတ်နိုင်ပါတယ် ။ လမစေ့ဘဲ မေွးဖွားထားတဲ့ ကလေးငယ်တေွဟာ ဖွံဖြိုးမှု နောက်ကျတဲ့ နောက်ဆက်တွဲပြသာနာတေွ အများကြီး ရှိပါတယ် ။ လူသိများတာကတော့ အဆုတ်မဖွံဖြိုးတာ၊ အသက်ရှူလမ်းကြောင်းနဲ့ အစာခြေလမ်းကြောင်း ပြသာနာတေွ ဖြစ်ပါတယ်။

ကလေးမေွးချိန် ကြာရှည်ခြင်း

ရေမွှာရည်ပေါက်သွားပေမယ့် ကလေးမမေွးသေးဘူးဆိုရင်တော့ မေွးဖွားချိန် ကြာရှည်တယ်လို့ ခေါ်ပါတယ် ။ ဒီလိုဆိုရင်တော့ အမေအတွက်ရော ကလေးအတွက်ပါ ပိုးဝင်တာ စတဲ့ ပြသာနာများစွာ ရှိလာနိုင်ပါတယ် ။



ကလေးအနေအထား မမှန်ခြင်း

ပုံမှန် ကလေးမေွးဖွားတဲ့ အခြေအနေမှာဆိုရင် ကလေးက မိခင်ဝမ်းထဲကနေ ခေါင်းနဲ့ အရင် စထွက်ရမှာပါ ။ တခါတလေတော့ ခြေထောက်က အရင် စပြီးထွက်လာတာမျိုး ရှိတတ်ပါတယ်။ နောက်ပြီး ကလေးက မိခင် ၀မ်းထဲမှာ ကန့်လန့် အနေအထားနဲ့ ဖြစ်နေတာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုး ကို မမေွးခင် အက်ထရာဆောင်း ရိုက်ကြည့်ကာနဲ ့ ကြိုတင် ကာကွယ်နိုင်ပါ တယ်။ ကလေး အနေအထား မမှန်တဲ့အတွက် အမေရော ကလေးပါ ထိခိုက် အနာတရ ဖြစ်တာတေွ ၊ ချက်ကြိုးအရင် ထွက်လာတာတေွ ဖြစ်တတ်ပါ တယ် ။

ရေမြွှာရည် ကြိုဆင်းခြင်း

မေွးဖွားရမည့် အချိန်မတိုင်ခင် ရေမြွှာရည် ကြိုဆင်းတာကြောင့် ကလေးကို ပိုးဝင်နိုင်ခြေ များပါတယ်။

ချက်ကြိုး ကွံျကြခြင်း

ကလေးက မိခင်ဝမ်းထဲကနေ အရင်ထွက်မလာပဲ ချက်ကြိုးအရင် ထွက်လာတဲ့အခါ မေွးလမ်းကြောင်းမှာ ချက်ကြိုးညပ်နေတတ်ပါတယ် ။ ဒီအခြေအနေက အရေးကြီး အခြေအနေဖြစ်တာကြောင့် ဆေးရုံကို အချိန်မီ သွားရမှာပါ။ တခါတလေမှာ ချက်ကြိုး ညှပ်နေတတ်တာကိုလည်း သတိ မူရပါမယ်။

ရေမြွှာရည်များ မိခင်သေွးတွင်းသို့ စီးဆင်းခြင်း

ကလေးမေွးဖွားတဲ့ အဆိုးဆုံးဖြစ်စဉ်တေွထဲမှာ ဒါလည်း ပါ ပါတယ်။ ရေမွှာရည်တေွက မိခင်ရဲ့ သေွးလည်ပတ်မှုလမ်းကြောင်းထဲ ၀င်ရောက်သွားပြီး အဆုတ်သေွးကြောတေွမှာ စုနေတတ်ပါတယ် ။ ဒီကနေ မိခင်ရဲ့ နှလုံးခုန်နှုန်းမြန်တာ၊ မမှန်တော့တာ၊ မေ့လဲကျတာ ၊ ရေှာ့ခ်ရတာ၊ နှလုံးရပ်တံ့တာနဲ့ အသက်ဆုံးရံှုးတဲ့အထိ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် သေွးတိုးတာကလည်း အရေးကြီးပါတယ်။ သေွးဖိအား ပုံမှန် ရှိ၊ မရှိ စစ်ဆေးနေသင့်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အချင်းက စောစောကွာတာ၊ တက်တာနဲ ့ လေဖြတ်တာတေွ ဖြစ်တတ်ပါတယ်။

မေွးပြီး သေွးလွန်ခြင်း

ကလေးမေွးပြီးနောက် သားအိ်မ်နဲ့ မေွးလမ်းကြောင်း သေွးလွန်တာတေွ ဖြစ်တတ်ပါတယ် ။ မေွးလမ်းကြောင်း ပေါက်ပြဲမှုတေွကနေ တစ်ဆင့် ဖြစ်တတ်ပါတယ် ။

မေွးရက်နောက်ကျခြင်း

ကိုယ်ဝန်ဆောင်ကာလ ၄၂ ပတ်အထိ ကြာမြင့်ပြီး ကလေးမမေွးသေးတာကို မေွးရက်နောက်ကျတာလို့ ခေါ်ပါတယ် ။ ကိုယ်ဝန်ဆောင်အပတ် ၄၀ ကျော်လာတာနဲ့အမှျ ဘေးထွက်ဆိုးကျိုးတေွ ပိုဖြစ်လာနိုင်ခြေရှိပါတယ်။

ဖော်ပြခဲ့တဲ့အကြောင်းအရာတေွကို စနစ်တကျ မှတ်သားပြီး မိမိ ကိုယ်တိုင် မကြုံတေွရလေအောင် ကိုယ်ဝန် စပြီး ဆောင်ကတည်းက သားဖွားမီးယပ်ဆရာဝန်ကြီးတေွနဲ့ ကြိုတင်စစ်ဆေး ကာကွယ် နိုင်ပါတယ်နော်။

ကျန်းမာပျော်ရွှင်တဲ့ သားသားမီးမီးလေးတေွလည်း မေွးဖွားနိုင်ကြပါစေ။

စာရေးသူ- ဒေါက်တာအောင်ပြည့်ဖြိုးဦး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.