
အသားဖြူဖြူလေးတေွှမင်တိုင်း ငေးကြည့်မိပြီး ကိုယ်တိုင်လည်း အသားဖြူချင်လိုက်တာဆိုတဲ့ စိတ်ကူးမျိုးတေွ ဖြစ်နေပြီလား။ ဒီလိုဆိုတာနဲ့ အသားဖြူအောင်ဆိုပြီး အသားဖြူသောက်ဆေးတေွ သောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ မသောက်ခင် ဒီဆေးတေွသောက်လို့ ဘာတေွှဖစ်လာနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးကို ဝင်ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါအုံးနော်။ အသားဖြူဖို့ ဆေးသောက်မှဖြစ်မှာလား ? မိမိရဲ့အသားလေးဖြူစေဖို့အတွက် ဆေးသောက်တဲ့နည်းလမ်းပဲ ရေွးချယ်စရာရှိတာ မဟုတ်ပါဘူး။ အသားဖြူစေမယ့် အသီးအရွက်တေွ စားပေးလို့ရပါတယ်။ အသားဖြူစေတဲ့ သဘာဝ ပေါင်းတင်နည်းတေွကိုလည်း အသုံးပြုလို့ရပါတယ်။ အသားအရေ ထိန်းသိမ်းမှုပစ္စည်းတေွလည်း သုံးလို့ရပါတယ်။ ဒါအပြင် အသားဖြူစေမယ့် ကုထုံးတေွကိုလည်း သုံးလို့ရပါတယ်။ အသားဖြူဆေးသောက်ရင် နောက်ပိုင်း ဘာတေွှဖစ်လာနိုင်လဲ……အွန်လိုင်းပေါ်မှာ သူများတေွက ကောင်းတယ်ဆိုတိုင်း အသားဖြူဆေးတေွကို မသောက်သင့်ပါဘူး။ အရည်အသေွးပြည့်မီမှုမရှိတဲ့ အသားဖြူဆေးတေွကို သောက်မိမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတေွ အများကြီးဖြစ်နိုင်ပါတယ်။ ထိုဆိုးကျိုးတေွက ဘာတေွလဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ အသည်း ထိခိုက်နိုင်တယ်
--------------------------------
အသားဖြူဆေးတေွကို အသားဖြူချင်ဇောနဲ့ အများကြီးသောက်တဲ့အခါ အသည်းက သန့်စင်မှုကို အများကြီးလုပ်ရပြီး နောက်ဆက်တွဲအနေနဲ့ အသည်းလည်း ထိခိုက်ပျက်စီးနိုင်ပါတယ်။ အသားဖြူဆေးတေွက ထိရောက်တဲ့အစွမ်းအာနိသင်ပြစေဖို့အတွက် ဆေးပမာဏကို လိုတာထက် ပိုပြင်းအောင် လုပ်ထားတတ်ကြတဲ့အတွက် ရေရှည်မှာ အသည်းထိခိုက်စေနိုင်ပါတယ်။

၂။ ကင်ဆာ ဖြစ်စေနိုင်တယ်
-------------------------------
အသာဖြူဆေးတေွ ဝယ်တဲ့အခါ ပါဝင်တဲ့ပစ္စည်းတေွကို သေချာစစ်ဆေးဖို့က မေ့ထားလို့ မဖြစ်ပါဘူး။ အသားဖြူဆေးတော်တေ်ာများများက ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထွက်ရှိမှုကို ကမောက်ကမ ဖြစ်စေနိုင်သလို မယ်လ်လာနင်ထွက်ရှိမှုကိုလည်း ဟန့်တားမှုက ရေရှည်မှာ ထိခိုက်မှုတေွ ဖြစ်လာစေနိုင်သလို အသားဖြူဆေးတေွမှာပါတဲ့ Hydroquinone ဓာတုဒြပ်ပေါင်းကလည်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသားဖြူဆေးကို သောက်ချင်တယ်ဆိုရင်တောင် ပါဝင်ပစ္စည်းတေွကို သေချာလေး စစ်ဆေးပေးစေချင်ပါတယ်။

၃။ အစာအိမ် နာစေနိုင်တယ်
--------------------------------
အသားဖြူဆေး တော်တေ်ာများများက အစာအိမ်ကို ထိခိုက်စေနိုင်ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း တော်တေ်ာလေး ထိခိုက်စေပါတယ်။ အသားဖြူဆေးတေွကြောင့် အော့အန်တာ၊ မအီမသာဖြစ်တာ၊ အစားစားလို့ မဝင်တာ၊ ညဘက် အိပ်မပျော်တဲ့လက္ခဏာတေွလည်း ခံစားရနိုင်စေပါတယ်။

၄။ အရေပြား ရောင်ရမ်းစေနိုင်တယ်
---------------------------------------
တစ်ချို့အသားဖြူဆေးတေွက အသားဖြူစေတာထက် ဘေးထွက်ဆိုးကျိုးအနေနဲ့ အသားအရေ ရောင်ရမ်းတာ ၊ နီမြန်းတာ နဲ့အဖုအပိမ့်တေွထွက်တာမျိုးတေွ ဖြစ်စေနိုင်ပါတယ်။ အသားဖြူဆေးသောက်ပြီးလို့ အသားမှာ ဓာတ်မတည့်တဲ့ လက္ခဏာတစ်ရပ်ရပ် တေွ့ရမယ်ဆိုရင်တော့ အချိန်မဆိုင်းပါနဲ့ ဆရာဝန်နဲ့ ချက်ချင်း ပြသပေးပါ။

၅။ အသားဖြူဖို့အတွက် ဘာတေွကို လိုက်နာဖို့ လိုမလဲ
-------------------------------------------------------
အသားဖြူဆေးတေွ အမြဲသောက်နေမှ အသားဖြူတာ မဟုတ်ပါဘူး။ ဒီအချက်လေးတေွကို သင် ပုံမှန် လိုက်နာပေးမယ်ဆိုရင်လည်း အသားဖြူစေပါတယ်။ထို အချက်တေွကတော့
၁။ နေရောင်ဒဏ်ကနေ ကာကွယ်ပါ။
၂။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် တစ်ခုခု လူးပါ။
၃။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
၄။အိပ်ရေးဝဝ အိပ်ပါ။
၅။ အာဟာရပြည့်ဝမှျတအောင်စားပါ။
၆။ အသားအရေထိန်းသိမ်းမှုလုပ်ပါ။
ကဲ ဒါဆို အသားဖြူဆေးတေွ မသောက်ခင် သေချာ စဉ်းစားအုံးနော် သူငယ်ချင်းတို့။
#Ref(အေးသီရိမွန် - အသားဖြူဆေးနဲ့ ကျန်းမာရေးဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)