မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ သွားလာနေထိုင်လှုပ်ရှားမှုတေွကအစ စားသောက်မှုတေွအဆုံး အားလုံးကို ဂရုစိုက်ပေးရမှာပါနော်။ မေမေတို့ရဲ့နေထိုင်လှုပ်ရှားမှုတေွအားလုံးက မေမေရော ဗိုက်ထဲကရင်သေွးငယ်လေးရဲ့ကျန်းမာရေးအတွက်ရော သက်ရောက်မှုတေွရှိနေပါတယ်။
- ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက စိတ်ရွှင်လန်းနေဖို့လိုပါတယ်။ ရွှင်လန်းပျော်နေတဲ့ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ သူကိုယ်တိုင်အတွက်ရော ရင်သေွးငယ်ရဲ့ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးပါ။ နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတေွကို ပြုလုပ်ပေးသင့်ပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းအတွက် သီးသန့်အချိန်ကြီးမပေးနိုင်ရင်တော့ လမ်းလေှျာက်တာ၊ သ ွားလာလှုပ်ရှားတာတေွကိုတော့ မဖြစ်မနေပြုလုပ်ပေးပါနော်။ မနက်ခင်းရဲ့နေရောင်နေွးနေွးကို ခံယူရင်း လမ်းအနည်းငယ်တော့လေှျာက်ပေးပါနော်။
- အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးတေွကို လုံးဝရေှာင်ရှားပေးပါ။ ကိုယ်တိုင်သောက်သုံးသူမဟုတ်ရင်တောင် ဆေးလိပ်သောက်သုံးသူတေွအနီးရှိနေတာဟာ ကိုယ်တိုင်ရောရင်သေွးရဲ့ကျန်းမာရေးကို အန္တရာယ်ရှိစေပါတယ်။ အဲ့ဒါကြောင့် ဆေးလိပ်သောက်သုံးသူတေွအနားကနေလည်း ရေှာင်ခွာနေဖို့လိုပါတယ်နော်။
- ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီပြည့်ဝတဲ့အစားအစာတေွကိုစားသုံးပါ။ မိခင်တစ်ဦးအနေနဲ့ ကိုယ်ဝန်ဆောင်ဘဝမှာ အာဟာရဓာတ်တေွှပည့်ဝနေဖို့လိုပါတယ်။ အစားအစာတေွကိုရေွးချယ်စားသုံးရာမှာလည်း အာဟာရပြည့်ဝနေဖို့လိုပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီပြည့်ဝနေဖို့အတွက် ဂရုစိုက်ပေးပါနော်။
- ကျန်းမာရေးနဲ့ညီညွတ်မှျတအောင်စားသုံးဖို့လည်းလိုပါတယ်။ မေမေတို့ရေ မေမေတို့တေွစားသောက်လိုက်တဲ့အစားအစာတေွဟာ ရင်သေွးလေးဖွံ့ဖြိုးကြီးထွားလာဖို့အတွက်လည်း လိုအပ်နေတာဖြစ်လို့ ကျန်းမာရေးနဲ့ ညီညွတ်မှျတတဲ့အစားအစာတေွကို စားသုံးဖို့လိုပါတယ်။
- အဝတ်အစားရေွးချယ်မှုကို ဂရုစိုက်ပေးပါ။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ရာသီဥတုနဲ့ကိုက်ညီတဲ့ အဝတ်အစားကို ရေွးချယ်တတ်ဖို့နဲ့ လေဝင်လေထွက်ကောင်းမွန်စေတဲ့ အဝတ်အစားမျိုး ချည်သားလေးတေွကို ရေွးချယ်ဝတ်ဆင်ပေးသင့်ပါတယ်။ အဝတ်အစားနဲ့လေှာင်ပိတ်နေတာမျိုးထက် ပေါ့ပါးတဲ့ဝတ်စုံလေးတေွက ကျန်းမာရေးအတွက် ပိုမိုသင့်တော်စေပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)