တယောက်ကို ထမင်းကျေွးတုန်း တယောက်က အီးပါသောအခါ 😂😂😂
တယောက်က အိပ်ချင်လို့ သိပ်နေတုန်း တယောက်ကလည်း သူ့ကို ဖက်အိပ်ပါဟုဆိုသောအခါ :)
ကိုယ်အိမ်သာထဲ ဝင်ပြီးပြီးချင်း အပြင်က သူ့ငိုသံကြားသောအခါ 😂
ကိုယ်ရေဝင်ချိုးခါစ သူနိုးလာသောအခါ 😂
အကြီးလေးကို ကျောင်းသွားဖို့ပြင်နေတုန်း အငယ်လေးကလည်း နို့စို့ပြီး ဆက်အိပ်ချင်နေသောအခါ😂
၂ ယောက်လုံးကို တပြိုင်တည်း ရေချိုးပေးရသောအခါ😂
၂ ယောက်လုံး တပြိုင်တည်း ငိုသောအခါ😂
အကြီးလေးကို အောက်ထပ်မှာ ferry စောင့် အငယ်လေးအိပ်နေသောအခါ
သားငယ်လေး နိုးပြီး ငိုနေမလားဆို အိမ်ပေါ်ပြန်တက်ပြေးကြည့် သူအိပ်နေတော့ သားကြီးကို ပြန်စိတ်ပူ တခါပြေးဆင်း
တက်လိုက် ဆင်းလိုက် ကိုယ့်ဘဝ 😂
အခါ အခါ အခါ ပေါင်းများစွာ
😂😂😂
"အမေ ချင်းတော့တူတယ် ဖြတ်ကျော်ရတာ ချင်းတော့ မတူပါဘူး"
တချို့က ကူထိန်းပေးတဲ့လူတေွ ရိှတယ်
တချို့က တယောက်တည်း ထိန်းရတယ်
တချို့ကလေးက ငြိမ်တယ်
တချို့ကလေးက monkey တောင်ရံှုးတယ် ဆော့ချက်က
အမေတိုင်းကတော့ ပေးဆပ်ရင်း ချစ်ရင်း လုပ်ပေးရင်းနဲ့ ပျော်နေကြတယ်
ထို့ကြောင့် အမေတိုင်းသည် Super women များဖြစ်ကြပါသည်