ကလေးအမေဘဝ အတေွ့အကြုံ ကတော့ ပြောလို့မဆုံးနိုင်ပါဘူး။
ကျန်းမာရေးဗဟုသုတ ဖလှယ်ဖို့ အတွက်ကတော့ ကိုယ်ဝန်ရှိမှန်းသိတာနဲ့ ogနဲ့အပ်တာ အကောင်းဆုံးပါပဲ။သောက်ရမယ့်ဆေး၊အားဆေး သိနိုင်ဖို့၊မိခင်ကျန်းမာရေး အခြေအနေ၊သန္ဓေသားအခြေအနေအကုန်သိနိုင်ဖို့ ogအပ်သင့်ပါတယ်။ ကိုယ်ဝန်နဲ့ပါးစပ်ပျက်လို့ ဘာမှမစားနိုင်တာမျိုးက တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။၃လကျော်ရင်တော့ စားနိုင်လာမှာပါနော်။ultra soundရိုက်ရင်လည်း ကလေးအခြေအနေတေွသိရရင် ရင်ခုန်ရတာက ပျော်စရာကောင်းနေပြန်ရော။သားသားမီးမီးတေွအတွက် အသုံးအဆာင်လေးတေွကို ၆လလောက်မှာဝယ်သင့်ပါတယ်နော်။ရလနဲ့မေွးတတ်တော့ အဆင်သင့်မဖြစ်မှာစိုးလို့ ကိုယ်ကတော့ ၆လဆိုဝယ်ပြီးလျေှာ်ဖွပ်ထားလိုက်တယ်။ ကလေးမေွးတာလည်း ကြောက်စရာမကောင်းတာ သေချာတယ်သိလား။ကိုယ်ကတော့ ogနဲ့မေ့ဆေးဆရာဝန်ပြောတာတေွကို ဝင်ပြောရင်း စကားကောင်းနေတာ။
မေွးပြီးတော့ သမီးလေးကိုပြုစုဖို့ nurseလေးတော့ nightခေါ်ရတယ်။ ကလေးတေွက နေ့ညမှားတော့ ညဆိုမအိပ်ကြဘူး။၂လကျော်တော့ ညဘက်အိပ်တတ်သွားတယ်။diaperကိုငယ်သေးလို့မသုံးပေးတော့ ၁နာရီခြားတစ်ခါထကြည့်ရတာ အိပ်ရတယ်ကိုမရှိပါဘူးလေ။ဆီးလမ်းကြောင်း ပိုးဝင်တတ်လို့ သန့်ရှင်းရေးတော့ ဂရုစိုက်ရတယ်။၆လပြည့်လို့ ဖြည့်စွက်စာစကျေွးတော့ ဝါစိမ်းနီပါတဲ့ ဆန်ပြုတ်လေးတေွကျေွးရတာ။အစားနည်းတဲ့ ကလေးဆိုတော့ မစားလို့စိတ်ညစ်ရတဲ့ ရက်တေွက ခုထိပါပဲ။သူမစားလည်း ချော့ကျေွး ခြောက်ကျေွးနဲ့ဝင်သလောက်ကျေွးရတာပါပဲ။ ထမင်းမစားလို့ ဆရာဝန်သွားပြတာ အားလုံးကဝိုင်းရီကြတယ်။ ထမင်းမစားတာလည်းပုံမှန် ပါပဲဆိုပြီးပြောပြတယ်။ သမီးကိုမေွးပြီးတည်းက အစားမရေှာင်ခဲ့ဘူး။သမီးကလည်း နို့ကိုသိပ်မက်ပြီးစို့လို့လားမသိ သမီးလေးက ကျန်းမာတယ်ဆိုရမယ်။ကိုယ်ခံစွမ်းအားတေွက နို့မှာ အဓိကပါတာမို့ နာဖျားတာ ရှားတယ်။ သွားလေးတေွလည်းပေါက်ရမယ့်အချိန်အကုန်ပေါက်တယ်လေ။ခုတော့ ၁၁လသမီးလေးက သူ့ဘာသာမတ်တပ်ရပ်နိုင်နေပြီမို့ ဖွံဖြိုးမှုလည်းနောက်မကျဘူးပေါ့လေ။
မေမေတို့လည်း သားသားမီးမီးလေးတေွနဲ့ ပျော်ရွှင်ကြပါစေနော်။