
ဖေဖေ၊ မေမေတို့ရေ ဖေဖေါ်ဝါရီ၊ မတ်၊ ဧပြီလတွေလို ရာသီဥတုပူပြင်းလာတဲ့အချိန်မှာ ပဲသီတာလို့ခေါ်ကြတဲ့ ရေကျောက်ရောဂါ ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားတတ်တဲ့ အဲ့ဒီကူးစက်မြန်ဗိုင်းရပ်စ်ကတော့ အသက် ၁၅ နှစ်အောက်ကလေးငယ်တွေ (အထူးသဖြင့်တော့ အသက် ၂ နှစ်ကနေ ၈ နှစ်အရွယ်ကြားကလေးငယ်တွေ) မှာ အများဆုံးဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ မွေးကင်းစကလေးငယ်တွေမှာပါ ဖြစ်ပွားတတ်ပါတယ်နော်။ ဖေဖေမေမေတို့က အဲ့ဒီရေကျောက်ရောဂါနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ရင်သွေးလေးတွေအတွက် ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာကို ကျားလေးကနေ မျှဝေပေးပါမယ်နော်။
ရေကျောက်ရောဂါဖြစ်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

ဖေဖေ၊ မေမေတို့ရေ ရောဂါလက္ခဏာတေွကတော့ အစပိုင်းမှာ ဖျားနာတာ၊ မအီမသာဖြစ်တာ၊ နုံးချိတာ။ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ အစားအသောက်ပျက်တာ၊ ဗိုက်နာတာနဲ့ ကျောဘက်ကနာတာတေွ ဖြစ်တတ်ပါတယ်။
နောက်ပိုင်းတစ်ရက်၊ နှစ်ရက်ဆိုရင်တော့ အနီဖု၊ အနီစက်လေးတေွက တစ်လုံးချင်း (ဒါမှမဟုတ်) အစုလိုက်ဦးခေါင်းအရေပြား၊ မျက်နှာ၊ ရင်ဘတ်နဲ့ ကျောဘက်တေွမှာ စပေါ်ပြီး ရ ရက်အတွက် တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတတ်ပါတယ်။
နောက်ပိုင်းမှာတော့ အနီဖု၊ အနီစက်တေွက ပိုမိုဖောင်းကားလာပြီး ရေကြည်ဖုအသွင်ကို ပြောင်းလဲသွားတတ်ပါတယ်။ ရေကြည်ဖုဖြစ်လာပြီး ၃ ရက်ကနေ ၄ ရက်အတွင်းမှာတော့ အရည်ကြည်ဖုက ပြည်ဖုအသွင်ပြောင်းလဲသွားပြီး ပေါက်သွားမှာဖြစ်ပါတယ်။ ပြီးရင်တော့ တဖြည်းဖြည်း ခြောက်သေွ့လာမှာဖြစ်ပြီး ခြောက်သေွ့လာတာနဲ့အမှျအလွန်ယားယံသွားတတ်တာပဲဖြစ်ပါတယ်။
အချို့တေွမှာတော့ ရေကျောက်တေွကို အာခေါင်၊ လှျာ၊ ပါးစောင်တွင်း၊ မျက်စိအပေါ်နဲ့ မိန်မကိုယ်အတွင်းပိုင်းတေွအထိမှာပါ တေွ့ရတတ်ပါသေးတယ်နော်။
ဘယ်လိုစားသောက်နေထိုင်ရမလဲ

ဖေဖေ၊ မေမေတို့ရေ ရေကျောက်ရောဂါက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာဖြစ်လို့ အများစုက ပိုးသတ်ဆေးသောက်ဖို့မလိုဘဲ ရ ရက်ကနေ ၁၀ ရက်အတွင်း သက်သာသွားတတ်ပါတယ်။ ရေကျောက်ပေါက်တဲ့အခါ ရေများများသောက်ဖို့လိုတာမို့လို့ ဖေဖေ၊ မေမေတို့က ဂရုစိုက်ပေးပါနော်။ နောက်ပြီး အသီးအနှံ၊ ဟင်းရွက်တေွလည်း များများစားပေးဖို့လိုပါတယ်။ အစားအစာတေွလည်း စားပေးဖို့လိုအပ်ပါတယ်။ အဖျားရှိတဲ့ကလေးတေွကိုတော့ ပါရာစီတမောတိုက်ကျေွးလို့ရပါတယ်နော်။ (သတိထားရမှာကတော့ aspirin, lbuprofen တို့လိုအကိုက်အခဲပျောက်ဆေးတေွကိုတော့ အသုံးမပြုသင့်ပါဘူး) တစ်ကိုယ်ရေသန့်ရှင်းမှုရှိဖို့လိုပြီး ရေအေးအေးနဲ့ရေချိုးပေးနိုင်သလို ရေပတ်တိုက်ပေးလို့လည်းရပါတယ်။ ယားယံမှုတေွကို သက်သာစေဖို့ကတော့ ရေခဲအိတ်(ဒါမှမဟုတ်) ရေစိုဝတ်အေးအေးနဲ့ အနာတေွပေါ်ကို တင်ပေးထားနိုင်ပါတယ်နော်။ အေးအေးလူလူဖြစ်စေမယ့် အဝတ်အစားတေွကို ရေွးချယ်ပြီးဝတ်ဆင်ပေးသင့်ပါတယ်။
ဖေဖေ၊ မေမေတို့ရေ ယားယံမှုအတွက် Calamine Lotions ကိုလိမ်းပေးနိုင်ပါတယ်နော်။ အခုဆိုရင် ဖေဖေါ်ဝါရီလထဲရောက်နေပြီဆိုတော့ ဖေဖေ၊ မေမေတို့အားလုံးက သားသားမီးမီးတို့မှာဖြစ်တတ်တဲ့ ရေကျောက်ရောဂါနဲ့ပတ်သက်လို့ ဂရုတစိုက်ပြုစုစောင့်ရေှာက်နိုင်ပါစေနော်။
(မေ့ရင်သေွး မဂ္ဂဇင်းတွင်ဖော်ပြထားသည့် ဟမ်စိုင်း (ဆေး-မန်း) ရေးသားသည့် ရေကျောက်ရောဂါဆောင်းပါးမှ ကောက်နုတ်ချက်)
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
ဘယ်လိုကူးစက်နိုင်သလဲ

ရေကျောက်ရောဂါ ကူးစက်နိုင်ခြေတေွကတော့ ရောဂါပိုးရှိသူက နှာချေခြင်း၊ ချောင်းဆိုးခြင်းကတဆင့် လေထုထဲကို ရောဂါပိုးတေွရောက်ရှိပြီး အခြားသူတစ်ဦးဦးက ရှူရိှုက်မိရာကနေ ကူးစက်နိုင်ပါတယ်။ နောက်ပြီး ရေကျောက်ရောဂါဖြစ်နေသူရဲ့ ရေကျောက်အရည်ကြည်၊ ရောဂါဖြစ်နေသူ ကိုင်တွယ်ထိတေွ့ထားတဲ့ ပစ္စည်းတေွကို ကိုင်တွယ်မိရာကနေလည်း ကူးစက်နိုင်သလို မိခင်မှာ ရေကျောက်ပေါက်နေရင်လည်း ကလေးဆီကို ကူးစက်နိုင်ပါတယ်နော်။