မေမေတို့ရေ ကိုယ်ဝန်ဆောင်မိခင်ဘဝမှာ သဘာဝအုန်းရည်လေးက ကျန်းမာရေးအတွက် ဘယ်လိုပုံစံနဲ့အထောက်အကူပြုစေနိုင်တယ်ဆိုတာကို မျှဝေပေးမယ်နော်။ မေမေတို့ရေ အုန်းရည်က သဘာဝကရတဲ့ အရည်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်ဘဝ ယူရစ်အက်ဆစ်ပါ၀င်မှုကို ပုံမှန်လည်ပတ်စေနိုင်ပါတယ်။ ဆီးရောဂါတွေကင်းစင်စေတဲ့အပြင် ကျောက်ကပ်ရောဂါတွေကိုလည်း ကာကွယ်တားဆီးပေးပါတယ်။
ကိုယ်ဝန်ဆောင်ဘဝမှာ morning sickness လို့ခေါ်တဲ့ မူးဝေအော့အန်မှုဝေဒနာတွေကနေလည်း သက်သာလျော့နည်းစေပါတယ်။ သွေးဖိအားကို ထိန်းညှိပေးတဲ့အပြင် ခန္ဓာကိုယ်ကြွက်သားရဲ့လုပ်ဆောင်အားတွေကိုလည်း ကောင်းမွန်စေတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း အမျှင်ဓာတ်ကိုပြည့်ဝစေတာကြောင့် ရင်ပူ၊ ၀မ်းချုပ်တဲ့ဝေဒနာတွေကနေသက်သာစေလို့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကူအညီအထောက်အပံ့ဖြစ်စေပါတယ်။ နောက်ပြီး အုန်းရည်သောက်သုံးတာက ရောဂါပိုးတွေအလွယ်တကူမကူးစက်နိုင်အောင်လည်းကာကွယ်ပေးပါသေးတယ်။ နှလုံးအားကောင်းစေတာကြောင့်လည်း နှလုံးရောဂါဝေဒနာကနေကင်းဝေးစေပါတယ်။
အခြားအအေးတွေဖျော်ရည်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်လည်း အုန်းရည်က သဘာဝအရည်ဖြစ်တာကြောင့် သဘာဝအချိုဓာတ်လေးသာ ပါ၀င်တဲ့အတွက် ဆီးချို၊ သွေးချိုကို ထိန်းညှိပေးနိုင်ပါတယ်။ အုန်းရည်သောက်ပေးတာကတော့ မေမေတို့ရဲ့ ကျန်းမာရေးအတွက် အထောက်အပံ့ပေးရုံသာမကဘဲ ဗိုက်ထဲက သန္ဓေသားရဲ့ကျန်းမာရေးကိုပါ အထောက်အပံ့ဖြစ်စေနိုင်ပါတယ်နော်။
Ref;HM (ကျားလေး)