စျေး မီဒီယာ
အခြား

သားသားမီးမီးတို့အတွက် အဆာပြေစားသုံးနိုင်ဖို့ ပန်းစိမ်းမုန့် ..

Posted by Harry July 10, 2018
Ujeuejhynpic5x5k3iby

မေမေတို့ရေ သားသားမီးမီးတို့အတွက် ကျောင်းမှာအဆာပြေစားနိုင်အောင်ပြင်ဆင်ပေးနိုင်ဖို့၊ နံနက်ခင်းစာ အဆာပြေစားသုံးနိုင်ဖို့အတွက် ပန်းစိမ်းမုန့်လေးကို ပြင်ဆင်ပေးလိုက်ရအောင်နော်။

ပါ၀င်ပစ္စည်းများ ..
- ပန်းဂေါ်ဖီစိမ်း လှီးချွတ်ပြီး ... ပန်းကန်လုံးကြီးတစ်လုံး
- ကြက်ဥ ... တစ်လုံး
- ပေါင်မုန့်ခြောက်မှုန့် ... ပန်းကန်လုံးသေး သုံးပုံနှစ်ပုံ
- ကြက်သွန်မြိတ်လှီးပြီးသား ... ပန်းကန်လုံးသေး လေးပုံတစ်ပုံ
- ချိစ်ခြစ်ထားပြီးသား ... ပန်းကန်လုံးသေး သုံးပုံနှစ်ပုံ
- ကြက်သွန်ဖြူ ... နှစ်မွှာ
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ငြုတ်ဆီ ... အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ အိုးသန့်သန့်လေးထဲသို့ ရေသန့်ထည့်အပူပေးပြီး ရေဆူပါက ဆားအနညး်ငယ်ထည့်ပါ။
- ပန်းဂေါ်ဖီစိမ်းလှီးထားသည်များထည့်ပြီး ၂ မိနစ်ခန့် ပြုတ်ပေးပါ။
- ပြုတ်ပြီးသည့် ပန်းစိမ်းများကို နုတ်နုတ်စင်းပေးပါ။
- နုတ်နုတ်စင်းပြီးသည့် ပန်းစိမ်းများကို ပန်းကန်လုံးထဲသို့ထည့်ပြီး ကြက်ဥတစ်လုံးဖောက်ထည့်ပါ။
- ပေါင်မုန့်ခြောက်မှုန့်များထည့်ပါ။
- ကြက်သွန်မြိတ်လှီးထည့်ပါ။ ချိစ်ခြစ်ထားပြီးသားများထည့်ပါ။
- ကြက်သွန်ဖြူနုတ်နုတ်စင်းထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။
- ငြုတ်ဆီအနည်းငယ်ထည့်ပါ။ ပြီးလှျင်အားလုံးကို သမအောင်ရောပြီးဇွန်းဖြင့်မေွှပေးပါ။
- နှံ့အောင်မေွှပေးပြီးပါက နှစ်သက်ရာပုံစံလေးများကို အရွယ်တော်ပြုလုပ်ပေးပါ။
- ပြီးလှျင် အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက် / ၂၀၀ ဒီဂရီဆဲစီးရပ်ဖြင့် ၁၆ မိနစ်ကနေ ၁၈ မိနစ်ကြား ထည့်ဖုတ်ပေးပါ။
(အိုးအပြန့်ထဲသို့ ဆီအနည်းငယ်ထည့်သုတ်ပြီး ကြော်ပေးလှျင်လည်းရပါသည်)
- ပြီးလှျင် အအေးခံပြီး သားသားမီးမီးတို့အတွက် အဆာပြေကျေွးမေွးနိုင်ပါပြီ။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.