စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်တေွ သရက်သီးစားပေးခြင်းက

Posted by Ngu Wah May 28, 2019
C6o6wyymmb1slqpw1ypc

မေမေတို့ရေ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ သရက်သီးစားသုံးမှုနဲ့ပတ်သက်ပြီး အမျိုးမျိုးပြောဆိုနေကြတာတေွတော့ရှိနေပါတယ်။ အချို့တေွကတော့ သရက်သီးဟာအပူများတာကြောင့် ကိုယ်ဝန်ဆောင်မေမေတေွနဲ့ မသင့်တော်ဘူးလို့ ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း သရက်သီးမှာ ဗီတာမင်အီး၊ ပရိုဗီတာမင်အေတေွ ကြွယ်ဝစွာပါ၀င်ပါတယ်။ နောက်ပြီး ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်တေွလည်း ကြွယ်ဝပါတယ်။

အဲ့ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တေွကို သရက်သီးမှာ အများအပြားတေွ့ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတေွ အတွက် အထောက်အပံ့ပြုတာကို တေွ့ရနိုင်ပါတယ်။ အဲ့ဒါကြောင့်လည်း သရက်သီးကို အပူစာဖြစ်လို့ မစားရဲတဲ့ ကိုယ်ဝန်ဆောင်မေမေတေွက အခုလိုမိုးရာသီမှာတော့ စားသုံးပေးလို့ အဆင်ပြေနိုင်မှာပါနော်။ အချို့တေွကလည်း သရက်သီးစားပြီး ၀မ်းနဲ့ပတ်သက်တဲ့ ရောဂါတေွှဖစ်ပွားမှာကို စိုးရိမ်ပူပန်တတ်ကြပါတယ်။ ဒါပေမယ့်လည်း အတိုင်းအတာတစ်ခုအထိ ချင့်ချိန်ပြီးစားသုံးမယ်ဆိုရင်တော့ အန္တရာယ်မဖြစ်စေနိုင်ပါဘူးနော်။

ကိုယ်ဝန်ဆောင်မေမေတေွ သရက်သီးစားသုံးမှုနဲ့ပတ်သက်ပြီး အနည်းငယ်ဂရုစိုက်ပေးသင့်တာကတော့ ဆီးချို၊ သေွးချိုရောဂါရှိနေတဲ့ ကိုယ်ဝန်ဆောင်မေမေတေွပါ။ ဆီးချို၊ သေွးချိုရောဂါတိုးနေချိန်မှာ ကိုယ်ဝန်မဆောင်သင့်သေးဘူးဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ရှိသွားခဲ့ရင်တော့ အဲ့ဒီလိုမေမေတေွက သရက်သီးကို ရေှာင်ပေးသင့်ပါတယ်။ သရက်သီးမှာအချိုဓာတ်ပါ၀င်မှုပမာဏများပြားတဲ့အတွက် သေွးချို၊ ဆီးချိုမေမေတို့ကတော့ ရေှာင်ရှားပြီး အခြားမေမေတေွကတော့ အာဟာရမှျတစေဖို့ အထိုက်အလျောက်စားသုံးပေးသင့်ပါတယ်နော်။
ref;HM (ကျားလေး)

Prenagen Mommy Special Drink , (400g), (1-2024)
Prenagen Mommy Special Drink , (400g), (1-2024)
25,900 Ks

Sold Out

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.