မေမေတို့ရေ ကိုယ်ဝန်ဆောင်ကာလမှာ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို ကြိုတင်ပြီး ခန့်မှန်းချင်ကြတယ်ဟုတ်။ ကိုယ်ဝန် ရ လပြည့်ပြီးတဲ့အချိန် ဆရာဝန်နဲ့ပြသတဲ့ရက်ချိန်းမှာတော့ အက်ထရာဆောင်းရိုက်ကြည့်ပြီး သိရှိနိုင်တယ်ဆိုပေမယ့် အဲ့ဒီမတိုင်မီမှာ ကိုယ်ခံစားရတဲ့အခြေအနေတေွအပေါ်မူတည်ပြီး ခန့်မှန်းရင်ခုန်ကြည့်ကြရအောင်နော်။
- ကိုယ်ဝန်ရဲ့လားရာက ၀မ်းဗိုက်က အောက်ဘက်ကိုစိုက်တဲ့အနေအထားမျိုးဖြစ်နေမယ်ဆိုရင်တော့ သားသားလေးမေွးဖွားနိုင်ချေရှိနေပါတယ်။
- ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ရဲ့မျက်နှာပေါ် အဖုလေးတေွ၊ ၀က်ခြံလေးတေွထွက်လာမယ်ဆိုရင်တော့ သားသားလေးမေွးဖွားနိုင်တဲ့အခြေအနေရှိနိုင်ပါတယ်။
- ပထမဆုံးကိုယ်ဝန်ဆောင်တဲ့မေမေတစ်ဦးဖြစ်ပြီး ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်း ခြေလက်တေွ အေးတဲ့ခံစားမှုမျိုးရှိနေမယ်ဆိုရင်တော့ သားသားလေးဖြစ်နိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ရင်သေွးလေးရဲ့နှလုံးခုန်သံကိုနားထောင်ကြည့်ပါ။ တကယ်လို့ တစ်မိနစ်အတွင်းမှာ နှလုံးခုန်သံဟာ အကြိမ်ရေ ၁၄၀ မပြည့်ဘူးဆိုရင်တော့ သားသားလေးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
- ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်တေွလည်းကျွတ်တတ်ကြပါတယ်။ ပုံမှန်ကျွတ်နေကျဆံပင်ထက် ပိုမိုပြီး အများအပြားကျွတ်လာတယ်ဆိုရင်တော့ ယောကျင်္ားလေးကိုယ်ဝန်ရတဲ့ လက္ခဏာတေွှဖစ်ပါတယ်နော်။
- ကိုယ်ဝန်ဆောင်စဉ်အတွင်း အိပ်စက်ရာမှာ အရင်ကထက်ပိုပြီး လက်ဝဲဘက်ကိုစောင်းပြီးအိပ်စက်တာများခဲ့မယ်ဆိုရင်လည်း သားသားလေးရနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်ကာလမှာ အရင်ကထက်ပိုပြီး အရေပြားခြောက်သေွ့မှု၊ ယားယံမှုတေွကိုခံစားလာရပြီဆိုရင်လည်း ကိုယ်ဝန်ကယောကျင်္ားလေးဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
- ကိုယ်ဝန်ဆောင်ကာလမှာ အရင်ကထက် အချဉ်တေွ၊ အငံတေွကို ပိုမိုပြီးတပ်မက်လာမိပြီဆိုရင်တော့ သားသားလေးရနိုင်ချေရှိနေပါတယ်နော်။
- အသားအရေကြည်လင်လာမှုမရှိဘဲ ကိုယ်ဝန်ဆောင်ရပြီးချိန်နောက်ပိုင်းမှာမှ ကိုယ့်အသားအရေကအနည်းငယ်မွဲခြောက်လာသလို ခံစားနေရပြီဆိုရင်လည်း သားသားလေးဖြစ်နိုင်ပါတယ်နော်။
- ကိုယ်ဝန်ဆောင်လာရပြီဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ရင်သားတေွလည်း ကြီးထွားလာတတ်ပါတယ်။ ဒီလိုကြီးထွားလာတဲ့ရင်သားတေွဟာ လက်ယာဘက်က လက်ဝဲဘက်ထက်ပိုမိုကြီးထွားနေပြီဆိုရင်တော့ သားသားလေးဖြစ်နိုင်ပါတယ်တဲ့။
မေမေတို့ရေ ဒီလက္ခဏာလေးတေွကတော့ ယေဘူယျဖြစ်ပွားတတ်တဲ့ လက္ခဏာလေးတေွအပေါ်မူတည်ပြီး ကြိုတင်ခန့်မှန်းရင်ခုန်ကြည့်နိုင်ဖို့ ဖော်ပြပေးထားပါနော်။ အက်ထရာဆောင်းရိုက်တဲ့အချိန်မှာ ဖော်ပြတဲ့ ရလဒ်နဲ့ မေွးဖွားလာတဲ့အချိန်မှာရရှိတဲ့ ရလဒ်တေွတောင် ကွဲပြားမှုရှိနိုင်တာကြောင့် ဒီအချက်တေွအတိုင်း အတိအကျသားသား၊ မီးမီးခွဲခြားလို့တော့ မရနိုင်ပါဘူးနော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)