ကိုယ်ဝန်ဆောင်အတေွ့ကြုံရှယ်ရမယ်ဆိုတော့ သားသားလေးကို ပထမဆုံးကိုယ်ဝန်ဆောင်ရတော့မယ့်အချိန်ကိုပြန်တေွးမိပီး ကိုယ်ပြာယာခတ်ခဲ့တာကို ရီချင်မိတယ်။အဲ့တုန်းက အိမ်ထောင်ကလဲကျခါစ အသက်က ၂၃ပဲရှိသေး ကျောင်းသင်တန်းတေွတက်လို့ကောင်းတုန်း ကလေးယူဖို့ဘာမှ အစီစဉ်မရှိသေးပဲ ရလာတော့ ဒွိဟတေွှဖစ် စိတ်တေွပူ အဆင်ပြေပါ့မလားနဲ့ အဲလိုဖြစ်ပီး ဘာပဲဖြစ်ဖြစ် ယူလိုက်တော့မယ် ဖြစ်လာသမှျရင်ဆိုင်မယ်လို့ဆုံးဖြတ်လိုက်တယ်။ကိုယ့်ရင်သေွးလေးကဗိုက်ထဲရောက်နေပီကိုး။သူကံကောင်းလို့လူဖြစ်လာတာကိုယ်ကကြိုဆိုရမှာပေါ့နော်။ခုချိန်မှာသူကိုယ့်ဘေးနားရှိနေတာမြင်တိုင်းကြည်နူးမိပီးငါ့ဆုံးဖြတ်ချက်မှန်ခဲ့ပါလားလို့ကိုယ့်ကိုကိုယ်ကျေနပ်မိတယ်။သူ၃လဗိုက်လောက်မှာ ပထမဆုံးဓာတ်မှန်ရိုက်ပီး သူ့နှလုံးခုန်သံကိုကြားခဲ့တယ်။အံ့သြတာပေါ့နော် တကယ်ပဲ ငါ့ဗိုက်ထဲမှာသက်ရှိကလေးလေးတစ်ယောက်ရှိနေပါလားလို့လေ။အဲ့တုန်းက သုခကမ႓ာဆေးရုံကြီးမှာ OG ဆရာမဒေါ်ခင်မျိုးဦးနဲ့ဗိုက်အပ်ခဲ့ပါတယ်။အဲ့တုန်းကတော့အလွယ်တကူပဲနီးစပ်ရာဆေးရုံသွားလိုက်တာပါ။သားသားလေးတကယ်မေွးလာမယ့်ဆေးရုံမှန်းမသိခဲ့ပါဘူး။ဘာလို့ဆို ကိုယ်ကနောက်ပိုင်းမှာဗိုက်ပြတာကိုအခုဆေးရုံအသစ်ကြီး Grand Hantha မှာပြခဲ့ပီး အဲ့မှာမေွးတော့မို့ပဲစဉ်းစားထားတာပါ။တကယ်တန်းကျတော့ သားလေးက ဒီမေမေတို့နဲ့စောတေွ့ချင်လို့ လမစေ့ပဲ ၃၆ပတ်နဲ့ ဗိုက်နာပီးစောမေွးဖို့ဖြစ်လာခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီချိန်စောသေးတယ်ဆိုပီးကိုယ်က ဘယ်ဆေးရုံမှာမှ booking ကြိုမယူထားမိဘူး ဘယ်ပြေးလို့ပြေးရမှန်းလဲမသိဘူး။မေမေတို့လဲသတိထားကြပါနော် ကိုယ်ဝန်7လလောက်ထဲက တခါတည်းဆေးရုံbookingလုပ်ထားသင့်တယ်လို့အကြံပြုပါရစေ။နို့မို့ကိုယ်လိုချင်တဲ့ဆေးရုံအခန်းမရတာဘာညာဖြစ်နေတတ်တယ်(အဲ့တုန်းကဆို ကိုယ်ဒုတိယစဉ်းစားထားတဲ့ပန်းလှိုင်ဆေးရုံကြီးကအခန်းတေွအကုန်ပြည့်နေတဲ့ချိန်)။ကိုယ်က မမေွးခင်ရေှ့တစ်နေ့ နေ့လည်လောက်မှာဗိုက်က ဆစ်ခနဲတစ်ချက်နာပီး sign ပြလာတယ်။ဒါပေမယ့်တစ်ညနေလုံးဘာမှမဖြစ်တော့လို့ အမှုမှတ်မဲ့ပဲနေလိုက်တာ ည၁၂လောက်မှာပြန်နာလာတယ် နာတာကလဲ menstral cycle ဖြစ်ရင်နာသလိုထက်ပိုပြင်းတဲ့ခံစားချက်မျိုးနဲ့နာတာ ကိုယ်က အဲ့ချိန်ထိမထင်သေးဘူး စောသေးတာကတစ်ကြောင်းတခါမှဗိုက်နာဖူးတာလဲမဟုတ်တော့မေွးချင်လို့နာမှန်းမသိဘူး။နောက်နာရီခြားလောက်မှာစိပ်စိပ်ပီးပိုပြင်းပီးနာနာလာတာ နာရီနဲ့အတိကျမှတ်ကြည့်တော့ ၁၀မိနစ်ခြားတခါနာနေတာ။အစကတော့ OGဆီဖုန်းဆက်ရမှာညဘက်ကြီးမို့ အားနာနေပေမယ့်လဲအနက်၃နာရီလောက်မှာမခံမရပ်နိုင်အောင်နာလာတာကြောင့်ဖုန်းဆက်လိုက်တော့တာပဲ။OG ကသူသုခကမ႓ာမှာရှိမယ် လာဖို့အဆင်ပြေလားမေးလို့ ကိုယ်လဲအဆင်ပြေတာနဲ့လာမယ်ဆိုပြောပီးယောက်ကျားကိုနှိုး/အထုပ်ပိုးတေွနဲ့သွားရတော့တာ။အဲဒီမှာ ထူးဆန်းတာက ဘာလို့အထုပ်ပိုးတေွ Ready ဖြစ်နေလဲဆိုတာပါ။ကျှန်မ သူမေွးမယ်မသိခင်ရေှ့နှစ်ရက်လောက်က စိတ်ထဲဘလိုဖြစ်တယ်မသိဘူး သူ့တွက်ကြိုစုထားတဲ့ကလေးပစ္စည်းပုံးလေးတေွနဲ့ဆေးရုံမှာလိုနိုင်မယ့်ဟာလေးတေွကို ကြိုပီး အိတ်ထဲထည့်စရာရှိတာထည့်ပီးပြင်ဆင်နေမိတယ်။စိတ်တန်ခိုးနဲ့သားလေးကပဲလုပ်ခိုင်းနေသလားမသိပါဘူး။အဲဒါကြောင့်အဆင်သင့်ဖြစ်သွားတာ။အဲဒီနေ့မနက်အစော ၅နာရီမထိုးခင်လောက်ဆေးရုံကိုရောက်သွားပါတယ်။ဆေးရုံရောက်တော့ဗိုက်ကငါးမိနစ်ခြားတခါနာနေပါပီ။စိပ်လာတာပေါ့နော်။ဆေးရုံမှာအရင်ဆုံး emergency room ကိုသွားရပါတယ်။ကိုယ်က emergency ဖြစ်သွားတာကိုး။ပထမဆုံး nurse တေွနဲ့ တာဝန်ကျဆရာဝန်မလေးကလိုအပ်တာတေွလာလုပ်ပေးပါတယ်။ခွဲရင်သုံးမယ့်ဆေးနဲ့တည့်မတည့်လက်မှာဆေးထိုးပီးစမ်းတာတို့ ကလေးနှလုံးခုန်မခုန်စက်ကြီးဗိုက်မှာပတ်ပီးစမ်းတာတို့ ကလေးလှုပ်ရင် လက်မှာကိုင်ထားတဲ့စက်ကခလုပ်လေးတချက်နှိပ်ပေးရတာတို့လုပ်ရပါတယ်။ပီးတော့သန့်ရှင်းရေးလာလုပ်ပေးကြပါတယ်။ဆေးရုံဝတ်လဲရတယ်ပေါ့နော်။ပီးတော့og ရောက်လာပီးအားပေးစကားပြောတော့ဗိုက်နာနေတဲ့ကြားထဲကအားရှိသွားတာပေါ့။ OG ကပြောတယ် သားအိမ်ကလက်နှစ်လုံးတောင်ပွင့်နေပီ အချိန်ထပ်ဆွဲလို့မရတော့ဘူးဒီမနက်ပဲမေွးလိုက်တော့တဲ့။အနာသက်သာတဲ့ဆေးလဲသွင်းပေးထားပေမယ့်အခြေနေကဂိတ်ဆုံးနေပီမို့မထူးတော့ပါဘူး။ရေှ့မှာခွဲခန်းကတစ်ယောက်မေွးနေလို့ ခနစောင့်လိုက်ရသေး(နာလွန်းလို့မြန်မြန်မေွးချင်နေပါပီဆိုမှ)။OG ကခွဲမေွးမှာလားမေးတော့ နာတာကိုမခံနိုင်လို့ခွဲပဲမေွးလိုက်တော့မယ်လို့ပြောလိုက်တယ်။ခွဲခန်းရောက်တော့ မှတ်မှတ်ရရ ကိုယ့်တွက်အခက်ခဲဆုံးအချိန်က ထုံဆေးထိုးတဲ့အချိန်ပဲ ဗိုက်ကလိမ့်နေအောင်နာနေပါတယ်ဆိုမှ ထုံဆေးကျောရိုးကိုထိုးဖို့ ဒူးနဲ့ခေါင်းနဲ့ထိမတတ်ကေွးထားပေးရတာပဲ ဘေးနားကအကူတေွကလဲ ဝိုင်းပီးဆွဲစိပေးကြသေးတယ်။ကြားထဲမှာဗိုက်ကြီးတလုံးလုံးခံပြီးလူဆိုတာ ခေွခေွခေါက်ခေါက်လေး။ကလေးမေွးရတဲ့ဒုက္ခဆိုတာ အဲ့ချိန်ကျမှနဖူးတေွ့ဒူးတေွ့ပါ။သားလေးကို အောင်မြင်စွာနဲ့ခွဲမေွးလိုက်နိုင်ပါတယ်။ပေါင်လဲပြည့်ပါတယ်။ခွဲမေွးဖို့ဆုံးဖြတ်လိုက်လို့သာပေါ့ ကလေးကအထဲမှာ အချင်းနဲနဲလည်ပင်းပတ်နေတယ်တဲ့။အဲ့တုန်းက နောက်တခေါက် Ult ရိုက်ဖို့ရာ ဗိုက်နာပီးစောမေွးလို့ မရိုက်လိုက်ရလို့ ကလေးအထဲကအခြေနေမသိဘူးဖြစ်သွားတာလေ။သားလေးမေွးလာတော့ သားလေးက တလခွဲလောက်ထိ အအိပ်နဲ နေ့ညတေွမှားပီး တနေ့လုံးတညလုံးနေမှ တစ်နာရီလောက်ပဲအိပ်လို့ဒီမေမေမှာ ရူးချင်စိတ်တောင်ပေါက်တယ်။Nurse ခေါ်တာလဲအဆင်မပြေလို့ကိုယ့်ဘာကိုယ်ထိန်းရင်း လင်မယားနှစ်ယောက်ထဲတိုင်တေွကိုပတ်လို့။သားလေးက နှစ်လပြည့်ခါနီးမှ ညပြန်အိပ်တယ်။သူ့ဘာသူမှန်သွားတာ။မနက်ဆိုရင်မျက်နှာသစ်ပေးတာလေး တရက်နှစ်ရက်လုပ်လိုက်ပီးနောက်ပိုင်းမှန်သွားတာပဲ။ကျှန်မ ပြုစုစောင့်ရေှာက်ရတဲ့အပိုင်းမှာပြောချင်တာကတော့ အဓိက နို့တိုက်ရတာပါ။အမေက နို့နဲတော့ သားကစို့ရတာမဝဘူး နို့ခမ်းခမ်းသွားလို့သူငိုတိုင်း စိတ်ဓာတ်ကျရတယ်။နို့ထွက်နည်းတေွအစုံလုပ် ဟင်းခါးတေွသောက်လဲ မထူးခြားပါဘူး။ဒါပေမယ့် အမြဲ အာဟာရစုံအောင်စားတယ် အစားမရေှာင်ဘူး(ဒညင်းသီးတမျိုးပဲရေှာင်တယ်)။ကိုယ်ဝန်ဆောင်တုန်းထဲကသောက်တဲ့ praganavite အားဆေးကိုခုထိသောက်တယ်။သူရသလောက်နို့မှာအာဟာရစုံပါစေချင်တာလေ။ခေါင်းမာပီးတလလောက်ထိမိခင်နို့ပဲတိုက်ဖို့ကြိုးစားခဲ့ပေမယ့်မအောင်မြင်လို့ နို့ဗူးကူရပါတော့တယ်။နို့မှုန့်တိုက်ရတော့မယ်ဆိုတော့တေွ့ရာနို့မှုန့်မတိုက်ချင်ဘူးလေ အကောင်းဆုံးတေွမှပေးချင်တာ မိခင်တေွဆန္ဒဆိုသလိုပဲ သူ့တိုက်ဖို့နို့မှုန့်ကို စုံစမ်းတာ online စာတေွဖတ် ပါဝင်ပစ္စည်းတေွဖတ် ကိုယ်ဝန်ဆောင် group တေွမှာစုံစမ်းနဲ့ နောက်ဆုံး Similac ကိုရေွးလိုက်ပါတယ်။ Similac စင်ကာပူ ကသွင်းပီးဗမာစာပါတဲ့ဗူးကိုအရင်တိုက်ကြည့်ပါတယ်။ကလေးက အနံ့ပြင်းလို့ထင်တယ် သိပ်မစို့လို့ Similac Usa ကိုအမတစ်ယောက်ညွှန်းတာနဲ့ပြောင်းတိုက်ကြည့်တော့စို့တာနဲ့အခုထိအဲဒါပဲတိုက်ပါတယ်။ခလေးနဲ့လဲတည့်တယ် သူက IQ plus,immune system လဲပါလို့လားမသိဘူး သားလေးက ခုထိအရမ်းကျန်းမာပီးနေမကောင်းတခါမှမဖြစ်ဖူးပါဘူး။5လခွဲမှာတော့ဆရာဝန်ညွှန်ကြားချက်နဲ့ဖြည့်စွက်စာစကျေှးနေပါပီ။ခုချိန်မှာတော့ ဝါစိမ်းနီပါတဲဲ့ဆန်ပြုတ်လေးတေွကို အထူးဂရုစိုက်ပီး သေချာလေးကျေှးဖြစ်ပါတယ်။ Senior မေမေတေွကိုလဲ အတုယူရပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ကိုယ်ဝန်ဆောင်ချိန်မှစပီးကလေးမေွးလာပီးပြုစုနေတဲ့ထိ စာများများဖတ်ပါလို့ ကိုယ့်အားကိုယ်ကိုးတာအကောင်းဆုံးဖြစ်ပီး မိခင်တေွတွက်သင်တန်းတေွလဲရှိနေပီဖြစ်လို့ အချိန်ရရင် သွားတက်ပီးဗဟုသုတတေွလဲများများယူကြပါ။ကလေးလေးတစ်ယောက်လူလားမြောက်ဖို့မလွယ်လှတာဖို့ အချိန်တခုတော့ပေးပီး စနစ်တကျလုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။