စျေး မီဒီယာ

Posted by Myat Mon July 8, 2018

လူဆိုတာကိုယ် ကိုယ်တိုင်ကရတဲ့အတေွ့ကြုံကိုသင်ယူတာတင်မဟုတ်ဘဲ သူများတေွ့တေွ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တေွကနေ သင်ခန်းစာယူသင့်တာယူရေှာင်သင့်တာရေှင်လို့ရတယ်လို့ ကျမကတော့ယုံကြည်ထားပါတယ်
ကျမသားသားကခုဆို 6လပြည်ခါနီးပါပြီ
ပထမဆုံးအနေနဲ့ ကိုယ်ဝန်ဆောင်အတေွ့ကြုံကိုမျှဝေပေးချင်ပါတယ်
ကိုယ်ဝန်ဆောင်တုန်းကပထမတစ်ကြိမ်ကိုယ်ဝန်ဆိပ်တက်လို့ ကိုယ်ဝန်၂၈ပတ်လောက်နဲ့ သားတစ်ယောက်မေွးပြီး ဆုံးရှုံးဖူးပါတယ် အဲတုန်းကလည်း ကိုယ်ဝန်စရှိကတည်းကအိုဂျီအပ်ပြီး လတိုင်းစစ်ဆေးမှုခံယူပါတယ် လွန်ခဲ့တဲ့ ၄နှစ်ကဆိုတော့ multimediaတေွခုလောက်အားမကောင်းသေးတော့ ဗဟုသုတသိပ်မရှိတာလည်းပါတယ် ကိုယ်ဝန်ဆောင်စာအုပ်တေွဖတ်ထားလို့သိပေမဲ့ သတိမမူမိတာလည်းပါ ပါတယ် နောက်တစ်ခု ပုံမှန်ပြနေကျဆိုတော့ ဒီလောက်ထိဖြစ်မယ်ခို့မထင်ထားခဲ့တာပါ သားသားကိုဆုံးရှုံးရတော့ရင်ကွဲမတတ်ခံစားခဲ့ရပါတယ်
အဲကတည်းက ကလေးထပ်ယူဖို့ ပထမတစ်ခါလိုဖြစ်ဖို့ကြောက်တဲ့စိတ်ကလေးရှိပေမဲ့လည်း အမေဖြစ်ချင်တဲ့စိတ်နဲ့ ပြန်လည်ကျန်းမာအောင် yogaကစားပါတယ် အဲကြားထဲမှာပဲ ၂နှစ်ပြည့်တော့ ကလေးယူလို့ရတဲ့အချိန်မှာ လည်ပင်းအကျိတ်ပေါ်လို့အသားစစ်ရာကနေ အကျိတ်တီဘီဆိုတော့ တော်တော်စိတ်ဓာတ်ကျပါတယ် ဆေး၈လလောက်သောက်ရပါတယ် ဆေးပြတ်တာနဲ့ကလေူတန်းယူရအောင်တွက် အိုဂျီနဲ့ကြိုပြထားပြီး ဖော့လစ်အက်ဆစ်ရယ် mega3ရယ် VitaminEရယ်ကြိုသောက်ခဲ့ပါတယ် ၆လလောက် တီဘီဆေးသောက်နေရင်းသောက်ခဲ့တာပါ
တီဘီဆေးပြတ်ပြီး ကိုယ်ဝန်စယူခို့ရပြီပြောတဲ့အချိန်ကိုယ်ဝန်တန်းယူတာနဲ့ ပထမလတင် ကိုယ်ဝန်ရပါတယ်
ချက်ချင်းအိုဂျီအပ် ပထမတစ်ခါဖြစ်ဖူစတာတေွပြော အိုဂျီဆရာမဂရုစိုက်မှုခံယူရင်း ၂ပတ်တစ်ခါဆေးခန်းပြရပါတယ် စစ်စရာရှိတာအကုန်စစ် အစားအသောက်ဆို ငံလွန်းတာစပ်လွန်းတာရေှာင် ဓညင်းသီး မျစ် မှို လုံးဝရေှာင်ရပါတယ် ကော်ဖီလုံးဝမသောက်တော့ပါ energy drinkတေွလည်းမသောက်ပါ စားသင့်တာတေွတော့အကုန်စုံအောင်စားရတာပေါ့နော် တစ်ရက် ကြက်ဥပြုတ်၂လုံး ဖီးကျန်းငှက်ပျော၂လုံး အသီးနှံစုံကို ဒိန်ချဉ်နဲ့ရောစား ပြီးတော့ အစေ့အဆန်တေွအများကြီးစားပါတယ် နွားနို့တစ်ရက်တစ်ခွက်ပုံမှန်မက်ခွက်ကြီးနဲ့သောက်ပါတယ် ပထမကတော့ကိုယ်ဝန်ဆောင်နို့မုန့်သောက်တာပါ နောက်ဆီးချိုဖြစ်လာတော့ ဆီချိုဆရာဝန်က လုံးဝမသောက်ခိုင်းပါဘူးနို့မှုန့်တေွ ဆီးချိုမရှိတောင် ရိုးရိုးနို့သာသောက်ဖို့အကြံပြုပါတယ် ကိုယ်ခံအားကောင်းအောင် brand ငှက်သိုက် တစ်ပတ်၂ဘူးသောက်ပါတယ် multivitamin ရေဆူဆေးပြားကလည်း ကိုယ်ခံအားကောင်းအောင် အန်တာသက်သာအောင်ဆရာဝန်ကညွန်းလို့သောက်ပါတယ် အပြင်စာရေှာင်ပါတယ်
ပထမကိုယ်ဝန် ၃လအတွင်းဘာကာကွယ်ဆေးမှထိုးလို့မရပါဘူး အသက်ရှုကိုယ်န်ဆောင် yogaလေ့ကျင့်ခန်းတေွ ကိုယ်ဝန်ပတ်လိုက်လုပ်လို့ရတာတွ youtubeကလေ့လာပြီးလုပ်ပါတယ် အဲလောက်ဂရုစိုက်နေတာတောင်ကိုဟ်ဝန် 4လကျော်မှာ ogttစစ်တော့ ကိုယ်ဝန်ဆောင်ဆီးချိုရှိကြောင်းသိရလို့ ငိုရပါသေးတယ် စိတ်ပူရပါသေးတယ် ဒါပေမဲ့ အပ်ထားတဲ့ အိုဂျီဆရာမကြီးအားပေးမှုကြောင့် အမျိုးသားအားပေးမှုနဲ့ မိမိကိုယ်အားတင်းပြီး ဒေါက်တာတင့်ဆေွလတ်နဲ့ပြပြီး စားသင့်ရေှာင်သင့်တာတေွ စားသောက်မှုပုံစံတေွလေ့လာ insulin0.8units ကို နေ့တိုင်ူနေ့လည်စာမစားမှီ ထိုး မနက်အိပ်ရာနိုးတစ်ချိန် နေ့လည်စာစားပြီးတစ်ချိန် သေွးဖောက်စစ်ရပါသေးတယ် လက်ထိပ်တေွဟာလည်း ဖောက်ရတာများလို့ကျောက်တောင်ခံပါတယ် ပေါင်တေွဆို ကိုယ့်ဟာကိုယ်ဆေးထိုးရတာဆိုတော့ပထမတော့ကြောက်နောက် အကြောတေွထိရင် ရောင်လာတာတေွှဖစ် နောက် ကျင့်သားရတော့အဆင်ပြေလာပါတယ် ထမင်းလျော့စား အသီးရွက်များများစားပြီး ချိုတာတေွရေှာင်ရပါတယ် ကိုယ်ဝန်တွက်အားဖြစ်မဲ့အစာတေွအဓိကထားစားရပါတယ် ပြီးတော့ facebookပေါ် gestational diabetesဆိုပြီးရိုက်ရင် နိုင်ငံတကာကgroupတေွရှိပါတယ် အဲgroupတေွထဲဝင်ဖို့requestလုပ် ဝင်လေ့လာပြီးစားသောက်နေထိုင်လေ့လာပါတယ် ကိုယ်ဝန်ဆောင်ဆီးချိုဟာကြိုသိတော့ ဂရုစိုက်ရင်ကလေးအပေါ်သက်ရောက်မှာအများကြီးမရှိပေမဲ့ မသိရင် ကလေးစောမေွးတာ ကလေးမူမမှန်တာ ကလေးအတွက်ကောအမေတွက်ကောအန်တရယ်များပါတယ် နောက်ကိုယ်ဝန် ၃ရပတ်ကျော်မှာ သေွးတိုးလာလို့ အရေးပေါ််ခွဲမေွးခ့့ပါတယ် သားသားကကျန်းကျန်းမာမာပါ ၆ပေါင်ရှိပါတယ် အရိုးအဆစ်တေွတအားသန် အရပ်ရှည်ရှည်နဲ့ကျန်းမာပါတယ် မေွးလည်းပြီူတဲ့နေ့တင် ဆီးချိုပျေက်ပါတဟ် သေွးတိုးတာတော့တစ်ပတ်လောက်နေပုံမှန်ဖြစ်ပါတယ်
အဲတော့ သားသားခွဲနေတဲ့အချိန်မှာရင်တထိတ်မထိတ်စိုးရိမ်စိတ်တေွများခဲ့ပြီး မေွးပေးတဲ့ကိုယ်ရဲ့အိုဂျီအန်တီဒေါကါတာခင်မျိုးဦးက သားသားကိုလည်ပင်းလေးမပြီးအပေါ်ထောင်ပြတဲ့အချိန်ဟာဘဝမှာလေ တစ်ခါမှမခံစားခဲ့ဖူးတဲ့ခံစားချက်ပီတိဝမ်းသာမှုအတိနဲ့ သားသားရဲ့ တစ်ခန်းလုံးဆူညံနေအောင်အော်ဟစ်ငိုသံလေးဟာ ကိုယ့်အတွက်ပင်ပန်းသမျှပျောက်စေသလို စိတ်ကိုလည်းအဲတော့မှချနိုင်တော့တယ်
သားသားမေွးပြီးတော့ သားသားကို နို့ကိုအချိန်နဲ့တိုက် မေွးစ (၂နာရီခြားတစ်ခါ) အစားကိုတက်စာကလွဲရင် အားရှိမဲ့ဟာအကုန်စား ရေများများသောက်ပါတယ် အစားမရေှာင်ပါဘူး ဟင်းခါးတေွမသောက်ပါဘူး သေွးတိုးနေတော့ဟင်းခါးမသောက်ပါဘူး ကြက်စွပ်ပြုတ်တို့ပဲသောက်ပါတယ် ချိုချိုလေးပေါ့လေ
သားကိုအချိန်နဲ့ရေချိုး သူ့ဝေယာဝစ္စနဲ့ အမေတစ်ယောက်စဖြစ်ချိန်မှာ ထင်သလောက်မလွယ်ပါဘူး အိမ်မှာလူခွဲမရှိတော့ပိုဆိုးပါတယ် သားသားကနေ့နဲ့ညမှားတော့ လူကတောက်လျေှာက်အိပ်ရေးပျက်တာရယ် သေွးသားအပြောင်းအလဲရယ် ငိုချင်သလို မြင်သမျှစိတ်တိုစရာဖြစ် စိတ်ကျချင်သလိုဖြစ်ပါတယ် လေ့လာတော့မှ လူတိုင်းနီးပါးဖြစ်တတ်တော့ ကိုယ့်စိတ်ကိုယ်ပြန်ညှိယူပြီး သားသားနဲ့သဟဇာတဖြစ်အောင်ကြိုးစားရပါတယ်
သားသား ၄ပတ်လောက်မှာမျက်ရည်လေးတေွမျက်ဝတ်တေွထွက်တော့ စိတ်ပူရပါသေးတယ် အမေတို့ကအပူများလို့ပြောတာနဲ့ရေသေချာချိုးပေးတော့ ၂ရက်လောက်မှာပျောက်သွားတယ် နောက်၂လလောက်မှာထပ်ဖြစ်တယ် ဒီတစ်ခါပိုမျက်ဝတ်ထွက်မျက်ရည်တေွထွက်တော့ မျက်စိဆေးခန်းပြ မျက်စဉ်းခတ်ပြီး မျက်လုံထောင့်နားကနေ လက်နဲ့နှာခေါင်းနားကိုဆွဲချ မျက်ရည်လမ်းကြောင်းလေးဖွင့်ပေးရင်းသက်သာသွားပါတယ်
နောက်တစ်ခုက အီးပြသနာပါ အီးလေလည်တိုင်းထွက်တာရေ အကြိမ်များများပါတော့ စိတ်ပူပြန်ရော ဆေးခန်းပြေးရပါတယ် လေဆေးAirXလေးတိုက်ပြီး အစာချေစနစ်ကောင်းအောင် Folic acid မနက်၁လုံး ည ၁လုံး အမုန့်ဖြစ်အောင်လုပ်ပြီးတော့ နို့လေးနဲ့ရောကာ၃ပတ်တိုက်ခိုင်းပါတယ် ၃ပတ်မြောက်တင်သက်သာပါတယ်
နောက်ခုသားသား၆လမှာ နှာပိတ်ပြီးနှာဆီးတာပါ ဆေးခန်းပြတော့ ဆားရည်လေးခတ်ခိုင်းပါတယ် ညအိပ်ခါနီး တစ်ဖက်၂စက်လောက်ပါ သက်သာပါတယ်
အမေအနေနဲ့နို့တိုက်နေစဉ်မှာ အားရှိတဲ့အစားသောက်တေွရယ် ကိုယ်ဝန်ဆောင်တုန်းကသောက်ခဲ့တဲ့ အားဆေးရယ် folic acidရယ် B1ရယ်သောက်ပေးရင်ပိုကောင်းပါတယ် အမေစားသမျှသောက်သမျှက ကလေးဆီအားလုံးရောက်ပါတယ်
ကော်ဖီဆို ကလေးကကဖင်းဓာတ်ချေဖျက်နိုင်မှုအားနည်းသေးတော့ သူအိပ်စက်မှုအနေှာင့်အရှက်ဖြစ်မှာစိုးတဲ့အတွက် မသောက်ရင်ပိုကောင်းပါတယ် ဒါပေမဲ့ တစ်ရက်တစ်ခွက်လောက်ကတော့ရတယ်လို့လေ့လာရပါတယ် ကျမဆရာဝန်လည်းသောက်ဖို့ခွင့်ပြုပါတယ်
ကျမအတွက်ကတော့ ကိုယ်ဝန်ဆောင်စဉ်ကော်ဖီလုံးဝရေှာင်ခဲ့ပေမဲ့ သားသားမေွးပြီးစဉ်မှာတော့ မနက်နိုးရင်တစ်ခွက်သောက်ရမှပါ ညအိပ်ရေးပျက်သမျှ ပင်ပန်းသမျှလန်းစေပါတယ် ကဖင်းပါတဲ့ အအေးတေွလည်းရေှာင်းရပါတယ်
ခုဆိုသားသားက၆လပြည့်တော့မှာပါ မိဘတစ်ယောက်အနေနဲ့သူ့ကို အရာရာအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးချင်တဲ့စေတနာအပြည့်ရှိပါတယ်
လောကမှာရှိတဲ့မိဘတေွလည်း အဲလိုပဲနေမှာပါ ချစ်ပုံချစ်နည်းလေးတေွပဲကွာမယ်ထင်ပါတယ်
သားသားရလာတော့ အရင်ကလို စိတ်သွားတိုင်းကိုယ်မပါနိုင်တော့တဲ့အပိုင်းတေွရှိပေမဲ့ ကျေနပ်ပါတယ် ဒီလိုအချိန်တေွဟာ နောက်ပြန်လိုချင်လို့ရမှာမဟုတ်ပါဘူး ဘာနဲ့မှလည်းအစားထိုးလို့မရပါဘူး
အရင်က သူနဲ့ကိုယ် ၂ယောက်ကနေ ခု၃ယောက်ဖြစ်လာတော့ အားချိန်ကိုမရှိဘဲ အိမ်မှာလည်း ကလေးချော့သံ ကလေးငိုသံ သီချင်းပေါင်းစုံသံ နဲ့ ဆူဆူညံညံ ဆည်းလေးသံလေးတညံညံနဲ့ ဘဝက အရာရာပြောင်းလဲနေပြီး မိဘအနေနဲ့ မိဘကောင်းဖြစ်ဖို့သင်ယူရင်း အသုံးချရင်း ဒီလမ်းကိုအကောင်းဆုုံးဆက်လျေှာက်သွားပါမယ်

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.