စျေး မီဒီယာ

Posted by Too nge July 7, 2018

မမ က အသက် ၄၀ ကျော်မှ သားဦးလေးကို ကိုယ်ဝန်ဆောင်ရတာပါ
ကိုယ့်ပတ်ဝန်းကျင်က ဆေးလောကအသိုင်းအဝိုင်းဖြစ်နေတော့ အသက် ၄ဝကျော်ကိုယ်ဝန်ဆောင်ရင် ဖြစ်နိုင်တဲ့ဆိုးကျိုးတေွကိုသိနေပါတယ် ကိုယ့်မှာရုပ်ရှင်တေွထဲကလို ကိုယ်ဝန်ရှိလို့လဲ မပျော်နိုင်ပါဘူး ငါ့ကလေးလေး ညဏ်ရည်မှီပါ့မလား ကိုယ်လက်အင်္ဂါစုံပါ့မလား တေွးပူပါတယ် ဒါဆိုမယူနဲ့လို့တားကြမှာပေါ့ မမကဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူပါ ကံကံ၏အကျိုးကိုယုံကြည်ပါတယ် ဝဋ်ကြေွးရှိရင်တော့ဆပ်ရမယ်လို့တေွးပါတယ်
အကောင်းဆုံးအတွက်ပြင်ဆင်ရပါတယ် ကိိုယ်ဝန်ရှိတာသိတာနဲ့ folic acid နေ့တိုင်းသောက်ပါတယ် OG နဲ့စအပ်ထဲက Omega 3 / Callog(calcium+vatamin D) Obi plus (obimin)သောက်ရပါတယ် မမကတချိန်လုံးဘာစားစားအန်နေတာပါ အန်လို့ဆိုပြီးမစားပဲမနေပါဘူး တမျိုးပြီးတမျိုးစားတာပါပဲ အသီးတေွစားတာများပါတယ် စိန်တလုံးတေွပေါ်တာနဲ့တနေ့ ၃လုံးလောက်စားတာဆေးစစ်တော့ ဆီးချိုများလို့ နေ့တိုင်းသေွးတိုင်းပြီးဆေးသောက်ရပါသေးတယ် ကိုယ်ဝန် ၆လလောက်ရှိတော့ OG အမက 4G ပါရမီဆေးရုံမှာသွားရိုက်ခိုင်းပါတယ် ကလေးအာခေါင်ကွဲလေးဖြစ်မှာစိုးလို့ပါ 4G ဆိုတာကတော့ ဗိုက်ထဲကကလေးကို အကုန်မြင်ရတဲ့စက်ပေါ့ TV နဲ့ join ထားတော့ ကိုယ်ပါအကုန်မြင်နေရတာပေါ့ မိန်းကလေး ကိုယ်လက်အင်္ဂါစုံတယ် ဆိုတော့ပျော်သွားတာပေါ့ အမှတ်တရကတော့ သူ့မျက်နှာနားစက်ကရောက်တော့ဗိုက်ထဲကနေပြုံးပြနေတာ ကိုယ်တေွရောဆရာဝန်ရော သဘောတေွကျကုန်ရော အကုန်ကောင်းတယ်ဆိုတော့ စိတ်ချလက်ချမေွးနိုင်တာပေါ့ အသက်၄၀ကျော်ဆိုတော့ ဗိုက်ခွဲပြီးမေွးရတာပါ
ဘုရားပေးတဲ့ဆုလေးပါ သူ့ကြောင့် အနန္တော အနန္တ ၅ ပါးထဲ ပါတဲ့မိဘဖြစ်ခွင့်ရခဲ့တာပါ
သမီးလေးကို ကျန်းကျန်းမာမာနဲ့ လူ့လောကထဲရောက်လာပေးလို့ မိဘဖြစ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.