ယခုဖော်ပြမယ့် ကျန်းမာရေးအခြေအနေများကတော့ အလျင်အမြန် ဆေးကုသမှုရယူရမယ့် အရေးပေါ် အခြေအနေများဖြစ်ပြီး မိခင်ရော ကလေးငယ်အတွက် အသက်အန္တရာယ်ရှိတဲ့အတွက် တုံ့ဆိုင်းခြင်း လုံးဝ မပြုသင့်ပါဘူး။
သေွးပေါင်တိုးခြင်း၊ ဖောယောင်ခြင်း များဟာ ကိုယ်ဝန်ဆိတ်တတ်နာ ရောဂါရဲ့ လက္ခဏာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆိပ်တတ်နာ ဖြစ်သွားပြီး မိခင်၊ ကလေး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။ ဆေးရုံဆေးခန်းကို ပြဖို့လိုပါတယ်။ ခေါင်းကိုက်ခြင်း ၊ ဇက်ကြောထိုးခြင်း၊ အမြင်မှုန်ဝါးခြင်း၊ မကြည်လင်ခြင်း စသည်ဖြင့် ပြင်းထန်တဲ့ ကိုယ်ဝန်ဆိပ်တတ်နာရဲ့ အန္တရာယ်လက္ခဏာ ဖြစ်ပါတယ်။ ဆေးခန်းပြဖို့လိုပါတယ်။
ကလေးပုံမှန်မတိုးခြင်း၊ အတိုးနည်းခြင်းဟာ ကလေးရဲ့ လက္ခဏာ ဖြစ်ပါတယ်။ စောင့်ကြည့်မနေပါနှင့် ။ ဆရာဝန်၊ ဆရာမထံ အမြန်ပြ ဖို့လိုပါတယ်။ သေွးဆင်းခြင်း၊အချင်းကွာခြင်း၊ အချင်းအောက်ခံခြင်းများကြောင့် ဖြစ်နိုင်ပါတယ်။ သေွးသွန်ပြီး မိခင်ရောကလေးပါ အသက်အန္တရာယ်ဖြစ်နိုင်ပါတယ်။ နည်းနည်းပဲ ဆင်းလည်း အရေးကြီးပါတယ်။ ဗိုက်မနာဘဲ ရေဆင်းခြင်းဟာ၊ အရေးကြီးတဲ့ ကျန်းမာရေးအခြေအနေ တစ်ခုဖြစ်ပါတယ်။ ကလေးနေတဲ့ ရေအိတ်ပေါက်သွားပြီ ဖြစ်တဲ့အတွက် ပိုးဝင်နိုင်ပြီး ကလေးရော၊ အမေပါ အန္တရာယ်ရှိနိုင်ပါတယ်။ လမစေ့ဘဲ ဗိုက်နာပြီး ပေါင်မပြည့်တဲ့ ကလေးမေွးဖွားနိုင်ပါတယ်။
ဗိုက်နာခြင်းဟာ ကလေးမေွးဖို့ ဗိုက်နာခြင်း၊ အချင်းကွာလို့ ဗိုက်နာခြင်း၊ ရေမွှာရည်များလွန်းလို့ သိပ်တင်းပြီး နာခြင်း စတာတေွ ဖြစ်နိုင်သလို ဆီးသွားလမ်းကြောင်း ပိုးဝင်လို့ ဗိုက်နာခြင်း စတာတေွ ဖြစ်နိုင်ပါတယ်။ အဖျားကြီးခြင်း၊ (အထူးသဖြင့် ငှက်ဖျားအဖြစ်များသော ဒေသများတွင်) အဖျားကြီးခြင်း ဖြစ်ပွားပါက ဆေးခန်းပြဖို့လိုအပ်ပါတယ်။
မိသားစုက အမေနဲ့ ရင်သေွးလေးရဲ့ အန္တရာယ်ရှိသော ကျန်းမာရေးအခြေအနေများကို သတိထားပြီး အရေးတယူဆောင်ရွက်ခြင်းဖြင့် မေမေနဲ့ ရင်သေွးလေးကို စောင့်ရေှာက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
MiGi