
ဒီဟင်းလျာကို ကိုရီးယားလို Dak Kang Jung လို့ခေါ်ပါတယ်။ ကိုရီးယားမှာ အလွန်လူကြိုက်များသော ဟင်းလျာဖြစ်ပြီး ကြက်တစ်ကောင်လုံးကို အကြွပ်ကြော်ကာ ဆော့အချိုနဲ့ရောချက်ထားတာ ဖြစ်ပါတယ်။ ကျှန်တော်ကတော့ ကြက်တစ်ကောင်လုံးအစား ကြက်တောင်ပုံ အသုံးပြုပြီးတော့ ဒီဟင်းလျာကို ချက်ပြုတ်ပေးထားတာပါ။ အရသာကတော့ စားလိုက်ရင် ကြွပ်ရွှပီး ချိုစိမ့်တဲ့ အရသာကို ရရှိစေမှာပါ။ လုပ်နည်းကလည်း လွယ်ကူတာမို့ ကျှန်တော်တို့တေွ ဒါဆို တူတူပဲ လုပ်စားကြည့်ရအောင်

ပါ၀င်ပစ္စည်းများ
----------------
ကြက်တောင်ပုံ - ၆ခု
ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဂျုံ – ဆန်ချိန်ခွက် တစ်ဝက်
ကော်မှုန့် – ဆန်ချိန်ခွက် တစ်ဝက်
ကြက်ဥ - ၁လုံး (ခလောက်ထားပါ)
မြေပဲ – လက်တစ်ဆုတ်စာ
ကိုရီးယားငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း တစ်ဝက်

ဆော့တွင် ပါ၀င်ပစ္စည်းများ
----------------------------
၁။ ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်းစာ (အရှည်လေးများ လီှးထားပါ)
၂။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
၄။ ဗန်နီကာ – စားပွဲတင်ဇွန်း ၁ဇွန်း
၅။ ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း
---------------
၁။ အရင််ဦးဆုံး ကြက်တောင်ပံများကို သန့်စင်ပြီး တောင်ပံနှင့်ပေါင်ကြားကို ပိုင်းဖြတ်ပေးပါ။
၂။ ပြီးလှျင် တောင်ပံများကို ဇလုံတစ်ခုထဲသို့ ထည့်၍ (ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ) တို့ဖြင့် ရောပြီး နယ်လိုက်ပါ။
၃။ ပြီးမှ ဂျုံနှင့်ကော်မှုန့်တို့ကို ရောနယ်ပြီးတော့ တောင်ပံများဖြင့် ရောမေွှလိုက်ပါ။
၄။ ဒယ်အိုးထဲ ဆီများများထည့်၍ ကြက်တောင်ပံများ အညိှရောင်သန်းပြီး ကျက်သွားသည်အထိ မီးအသင့်တင့်ဖြင့် သေချာလေး ကြော်ပေးပါ။ ပြီးလှျင် ဒယ်အိုးထဲမှ ပန်းကန်ပြားထဲသို့ ပြန်ဆယ်ထားပေးပါ။
၅။ ပြီးနောက် ဆော့ချက်ပါမည်။ ဆော့ချက်ရည် ဒယ်အိုးတစ်ခုထဲသို့ ရေ(ဆန်ချိန်ခွက် တခွက်) ထည့်ပြီး ပူလာလှျင် ဂျင်းများကိုပါ ထည့်ပေးပါ။
၆။ ပြီးမှ (ပဲငံပြာရည်၊ သကြား၊ ဗန်နီကာ) တို့ကို ထည့်ပြီး ၅မိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ထားပါ။
ရ။ ဆော့ရည်ပျစ်လာလှျင် ကြော်ထားသော ကြက်သား၊ ငရုတ်သီးအနှစ်၊ မြေပဲတို့ဖြင့် သေချာလေး ရောမေွှလိုက်ပါ။
၈။ ကော်မှုန့်ကို ရေအနည်းငယ်ဖြင့် ဖျော်ပြီး လောင်းထည့်ပြီးတော့ မေွှပေးပါ။
၉။ ခနနေကျရင် မီးပိတ်၍ အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးပြီးရင်တော့ ပြီးပြည့်စုံတဲ့ ကြက်သားအကြွပ်ကြော်ကို သင် အရသာရှိရှိ စိတ်ကြိုက် စားသုံးနိုင်ပါပြီ။
#Ref(Wutyee Food Housef - ကိုရီးယားစတိုင် ကြက်သားအကြွပ်ကြော် ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)