
ဒါကတော့ လူတိုင်းကြိုက်ကြတဲ့ ရှမ်းခေါက်ဆွဲလေးပါပဲ။ လုပ်ရတာလည်း အရမ်းလွယ်ကူပြီး အိအိလေးနဲ့ စားလို့အလွန်ကောင်းတာမို့ ကျှန်တော်တို့တေွ အိမ်မှာပဲ မိသားစုနဲ့အတူတူ ၊ သူငယ်ချင်းတေွနဲ့အတူတူ လွယ်လွယ်ကူကူပဲ လုပ်စားလို့ရပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အားလုံးကြိုက်ကြတဲ့ ရှမ်းခေါက်ဆွဲပြုလုပ်နည်းကို အခုလိုပဲ တင်ပြပေးလိုက်ပါတယ်။ထို ရှမ်းခေါက်ဆွဲလုပ်နည်းလေးကတော့

ပါ၀င်သောပစ္စည်းများ
----------------------
၁။ ကြက်သား (သို့မဟုတ်) ဝက်သား ၁၅ကျပ်သား (နုတ်နုတ်စဉ်းပါ)
၂။ ကြက်သွန်နီ ၁လုံး (နုတ်နုတ်စဉ်းပါ)
၃။ ဂျင်း စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (နုတ်နုတ်စဉ်းပါ)
၄။ ခရမ်းချဉ်သီး ၄လုံး (ပါးပါးလှီးပါ)
၅။ ပဲငံပြာရည် (အကြည်) စားပွဲတင်ဇွန်း ၂ဇွန်း
၆။ ပဲငပိ စားပွဲတင်ဇွန်း ၂ဇွန်း
ရ။ သကြား စားပွဲတင်ဇွန်း ၁ဇွန်း
၈။ ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
၉။ မြေပဲလေှာ် စားပွဲတင်ဇွန်း ၄ဇွန်း (မညက်တညက် ထောင်းပါ)
၁ဝ။ ကြက်သွန်ဖြူ ၃မွှာ (နုတ်နုတ် ဆင်းပါ)
၁၁။ ရှမ်းခေါက်ဆွဲခေါက် ၁ထုပ်

ချက်ပြုတ်နည်း
---------------
၁။ အရင်ဆုံး ရှမ်းခေါက်ဆွဲခေါက်များကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။
၂။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ရဇွန်း) ခန့်ထည့်ပြီး ဆီပူလှျင် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ဆီသပ်ပါ။
၃။ ပြီးမှ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)ကို ထည့်မေွှပေးပါ။
၄။ ထို့နောက် ခရမ်းချဉ်သီးများကို ထည့်ပြီးတော့ ရေ(လက်ဖက်ရည်လုံး ၁လုံး) ခန့် ထည့်ရောမေွှလိုက်ပါ။
၅။ အနှစ်ရလှျင် ကြက်သား(သို့) ၀က်သားကို ထည့်ပြီး ပဲငပိနှင့် ပဲငံပြာရည်တို့ပါ ထည့်လိုက်ပါ။
၆။ ဝက်သား နူးအိစေရန်အတွက် ရေကို (လက်ဖက်ရည်လုံး ၂လုံး)ထည့်ပြီးတော့ ဆီပြန်လာသည်အထိ အဖုံးအုပ်ထားပေးပါ။
ရ။ ဆီပြန်လာလှျင် အသားခရမ်းချဉ်သီး အနှစ်ကို အရသာ အပေါ့အငံ့ကို မြည်းကြည့်ပြီးတော့ မီးပိတ်လိုက်ပါ။
၈။ ပြီးလှျင် ရေစိမ်ထားတဲ့ ရှမ်းခေါက်ဆွဲခေါက်များကို အိုးထဲထည့်၍ ရေနေွးဖြင့် ၂မိနစ်ခန့် ပြုတ်ပေးပါ။
၉။ ခနနေ ရှမ်းခေါက်ဆွဲများ နူးအိလာလှျင် ဇကာဖြင့် ပြန်စစ်ထားပေးပါ။

ရှမ်းခေါက်ဆွဲစားရန် ပြင်ဆင်နည်း
------------------------------------
၁။ ရှမ်းခေါက်ဆွဲဖတ်များကို ဇောက်ပန်းကန် ၅ပန်းကန် ထဲသို့ အညိီအမှျ ခွဲထည့်လိုက်ပါ။
၂။ ပြီးလှျင် အပေါ်မှ အသားခရမ်းချဉ်သီး အနှစ်၊ မြေပဲထောင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကြည်(စားပွဲတင်ဇွန်း ၁ဇွန်း)ကို ထည့်ရောမေွှလိုက်ပါ။
၃။ ပြီးရင်တော့ ဆီတို့ဟူး ၊ ဝက်ခေါက်တို့ဖြင့် တွဲဖက်၍ ပြီးပြည့်စုံတဲ့ ရှမ်းခေါက်ဆွဲလေးကို စိတ်ကြိုက်ကျ စားသုံးနိုင်ပါပြီ။
#Ref(Wutyee Food House - ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)