မေမေတို့ရေ ဒီတစ်ခါမှာတော့ သားဥပြွန်မှာသန္ဓေတည်တတ်ရတဲ့အကြောင်းအရင်းလေးတေွကို မှျဝေပေးချင်ပါတယ်နော်။
သားအိမ်အပြင်ဘက်မှာ သန္ဓေတည်ရတယ်ဆိုတာကတော့ လိင်နဲ့ပတ်သက်ပြီး ကူးစက်ရောဂါဖြစ်ခဲ့ဖူးသူတေွမှာ သားအိမ်နဲ့သားဥပြွန်တေွယောင်ယမ်းပြီး ပျက်စီးတဲ့အတွက် သားဥပြွန်ပိတ်သွားတာ၊ ကျဉ်းမြောင်းတာ၊ ပုံပန်းသဏ္ဍာန်ပျက်စီးတာ၊ လှုပ်ရှားမှုမပြုနိုင်ခြင်းတေွကြောင့် ဖြစ်တတ်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်သန္ဓေသားဟာ ဥပြွန်အတွင်းပိတ်မိနေပြီး တဖြည်းဖြည်းကြီးထွားလာတဲ့အတွက် ကျဉ်းမြောင်းပြီး သေးတဲ့ သားဥပြွန်ပေါက်ကွဲခြင်းတေွှဖစ်တတ်ပါတယ်။
- သားအိမ်နဲ့အနီးပတ်ဝန်းကျင်မှာ ခွဲစိတ်မှုတေွှပုလုပ်ခြင်း၊ ရောဂါပိုးဝင်ပြီး၊ ပြည်တည်နာဖြစ်ခြင်းတို့ကြောင့် သားဥပြွန်တေွတွန့်လိမ်ကောက်ကေွးနေပြီး အနာရွတ်တေွှဖစ်ခြင်း၊
- ဆေးလိပ်သောက်တဲ့မိခင်မှာ သားကြောလှုပ်ရှားမှု လျော့နည်းခြင်း၊
- Endometriosis လို့ခေါ်တဲ့ မျိုးဥအိမ်မှာ သေွးကြောလုံးဖြစ်တဲ့ရောဂါကြောင့် မျိုးဥအိမ်နဲ့ သားဥပြွန်တို့တွယ်ကပ်၊ ယှက်သွယ်ပြီး၊ ပျက်စီးခြင်း၊
- အရင်က သားအိမ်ပြင်ပမှာ သန္ဓေတည်ဖူးခြင်း
- အထူးသဖြင့် အရပ်ထဲမှာ သားသမီးလိုချင်လို့ပဲဖြစ်ဖြစ်၊ မလိုချင်လို့ပဲဖြစ်ဖြစ် နှိပ်ခြင်းကြောင့် သားဥပြွန်တေွ ထိခိုက်ပျက်စီးခြင်း၊
- အခုခေတ် ခေတ်စားတဲ့ IVF ခေါ် ဖန်ပြွန်သန္ဓေသားပြုလုပ်ရာမှာ သန္ဓေသားကို သားအိမ်ထဲကိုထည့်ပေးတဲ့ အဆင့် Embryo Transfer မှာ သားအိမ်ကိုယ်ထည်က ကျော်လွန်ပြီး သားဥပြွန်ထဲရောက်သွားခြင်းတို့တေွကြောင့် ဖြစ်တတ်တယ်ဆိုတာလေးကို မေမေတို့အားလုံး ဗဟုသုတအနေနဲ့ သိရှိနိုင်အောင်လို့ မှျဝေပေးလိုက်ပါတယ်နော်။
(မေ့ရင်သေွးမဂ္ဂဇင်းစာအုပ်မှကောက်နုတ်ချက်)
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)