မေမေတို့ရေ ဘေဘီလေးတေွကို ကိုယ်ဝန်ဆောင်ထားရပြီဆိုတာကို သိလိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့ဘေဘီလေးတေွက လူ့လောကထဲကို ဘယ်အချိန်လောက်မှာရောက်ရှိလာနိုင်မလဲဆိုတဲ့ ခန့်မှန်းရက်လေးကို ဖေဖေမေမေတို့က သိချင်နေမှာပဲနော်။ ဆရာဝန်နဲ့မပြသမီ၊ အာထရာစောင်းမရိုက်သေးမီမှာ ဖေဖေ၊ မေမေတို့က ရင်သေွးလေး မေွးဖွားလာမယ့်ရက်ကို ခန့်မှန်းချေတွက်ချက်နိုင်ဖို့ နည်းလမ်းလေးပေးချင်ပါတယ်နော်။
နောက်ပြီး ကိုယ်ဝန်ရှိမရှိနဲ့ပတ်သက်လို့ မေမေတို့က စစ်ဆေးချင်တယ်ဆိုရင် ပြီးခဲ့တဲ့လကရာသီလာတဲ့ရက်ကို အခုလမှာမလာသေးဘူးဆိုတာနဲ့ အဲ့ဒီအချိန်မှာကိုယ်ဝန်ကိုစစ်ဆေးလို့ရနေပါပြီ။ အဲ့ဒီအချိန်မှာ ကိုယ်ဝန်ရှိ၊ မရှိသိနိုင်တဲ့ ဆီးစစ်တဲ့ကိရိယာနဲ့စစ်ဆေးကြည့်နိုင်ပါပြီ။ တကယ်လို့ ရင်သေွးရှိနေပြီဆိုရင်တော့ အဖြေကိုသိနေနိုင်တာလည်းဖြစ်ပါတယ်။ အရင်လရာသီလာခဲ့တဲ့ရက်ရောက်လို့မှ အခုလမှာ ရာသီမလာလို့စစ်ဆေးကြည့်တဲ့အချိန်ကိုယ်ဝန်ရှိနေပြီဆိုရင်တော့ အဲ့ဒီအချိန်မှာ ကိုယ်ဝန်အသက်က နှစ်ပတ်ရှိနေပြီလို့ တွက်ချက်နိုင်ပါတယ် မေမေတို့ရေ။
(မေ့ရင်သေွး မဂ္ဂဇင်းမှကောက်နုတ်ချက်)
ရင်သေွးလေးအတွက် ရင်ခုန်နေရတဲ့ ဖေဖေ၊ မေမေတေွအားလုံး ပျော်ရွှင်ဖွယ်မိသားစုလေးနဲ့ဘဝတစ်သက်တာစိတ်ချမ်းမြေ့နိုင်ပါစေနော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက်
HM (ကျားလေး)
မေမေတို့ရေ ရင်သေွးလေးရဲ့မေွးဖွားရက်ကို ခန့်မှန်းသိနိုင်ဖို့အတွက် ကိုယ့်ရဲ့ နောက်ဆုံးအကြိမ်ရာသီစတင်ပေါ်ခဲ့တဲ့ ရက်ကို မှတ်မိဖို့တော့လိုပါတယ်နော်။ (ရာသီပြီးတဲ့ရက်မဟုတ်ပါဘူးနော် မေမေတို့။ ရာသီစပေါ်ခဲ့တဲ့ရက်နဲ့တွက်ချက်ရမှာပါ) တွက်ချက်ဖို့ကတော့လွယ်ပါတယ်နော်။ ကိုယ်စတင်ရာသီပေါ်ခဲ့တဲ့ ရက်ကို ရ နဲ့ပေါင်းပြီး လကိုတော့ ၉ နဲ့ပေါင်းရပါမယ်။ ဒါဆိုရင်တော့ ခန့်မှန်းမေွးဖွားရက်ကို သိနိုင်ပါပြီနော်။ (ဥပမာအနေနဲ့ ရာသီနောက်ဆုံးပေါ်ခဲ့တဲ့ အစရက်ဟာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ဆိုပါစို့။ ၂+၉=၁၁ ၊ ၁၀+၇=၁ရ ဆိုတော့ ရင်သေွးလေးမေွးဖွားမယ့် ခန့်မှန်းရက်ဟာ ၁၁ လပိုင်း ၁ရ ရက်နေ့ဖြစ်ပါတယ်) ဒါကတော့ လစဉ်တိုင်းရာသီပုံမှန်တစ်လတစ်ကြိမ်လာသူတေွအတွက်ဖြစ်ပြီး ရာသီမမှန်ဘူးဆိုရင်တော့ အတိအကျတွက်ချက်လို့မရနိုင်ပါဘူးနော်။