
မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် စားချင်စဖွယ်ပေါင်မုန့်ကြက်ဥကြော်လေးကို မနက်စာပြင်ဆင်ပေးလိုက်ရအောငေ်နာ်။
ပေါင်မုန့်ကြက်ဥကြော်
============
ပါ၀င်ပစ္စည်းများ ..
- ကြက်ဥ
- ပေါင်မုန့်
- ထောပတ်
ပြင်ဆင်ပြုလုပ်နည်း ..
- ဦးစွာ ပေါင်မုန့်ချပ်အလယ်တွင် အသဲပုံ (သို့) ပန်းပွင့်ပုံ (သို့) ၀က်ဝံပုံ ပုံစံခွက်ဖြင့် ပုံဖော်ပါ။
- ပြီးလှျင် ဒယ်အိုးသန့်သန့်အပြားထဲသို့ ထောပတ်အနည်းငယ်ထည့်ပြီး ထောပတ်ပျော်သွားပါက ပေါင်မုန့်ထည့်ပါ။ ပုံစံခွက်ဖော်ထားသည့် အရုပ်ပုံကိုလည်း ထည့်ပါ။
- ပြီးလှျင် ပေါင်မုန့်အပေါက်ပုံစံထဲသို့ ကြက်ဥဖောက်ထည့်ပါ။
- ကြက်ဥမပေါက်စေဖို့အတွက် သတိထားပြီး တစ်ဖက်လှန်ကာ မီးဖိုပေါ်မှချပြီး ပြင်ဆင်ပေးနိုင်ပါပြီ။။
Ref;HM (ကျားလေး)