မေမေတို့ရေ သားသားမီးမီးလေးတွေအတွက် သွားကျန်းမာရေးကောင်းမွန်စေဖို့ ဘယ်လိုမျိုးထိန်းသိမ်းစောင့်ရှောက်မှုတွေပေးလို့ရမယ်ဆိုတာကို မျှဝေပေးလိုက်ပါတယ်နော်။ မေမေတို့ရေ ကလေးငယ်လေးတွေရဲ့သွားကျန်းမာရေးအတွက် ၆ လတစ်ကြိမ်သွားဆရာဝန်နဲ့ သွားရောက်ပြသပြီး သွားကျန်းမာရေးကိုစစ်ဆေးပေးဖို့လိုပါတယ်နော်။ နောက်ပြီးအိပ်ယာမဝင်မီမှာ အချိန်နီးကပ်ပြီး အချိုပါတဲ့အရည်တွေကို မသောက်သုံးမိစေဖို့ကိုလည်း မေမေတို့က ဂရုစိုက်ပေးဖို့လိုပါတယ်။ သွားတွေရဲ့ကြံ့ခိုင်မှုအတွက် အချိုတွေကို အရမ်းကျွေးလို့မဖြစ်ပါဘူးနော်။
နောက်တစ်ခုကတော့ သားသားမီးမီးလေးတွေကို သွားတိုက်ပေးရာမှာလည်း ကလေးငယ်တွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ သွားပွတ်တံတွေကို အသုံးပြုသင့်ပါတယ်။ အချို့ကလေးတွေက ဖေဖေမေမေတို့တွေ ကြပ်မတ်မပေးနိုင်ခဲ့ရင် လူကြီးသွားပွတ်တံတွေကို ဆွဲယူပြီးတိုက်တတ်ကြတာမျိုးရှိတတ်လို့ မေမေတို့က ဂရုစိုက်ပေးရမှာပါ။ ကလေးတေွအတွက် သီးသန့်ထုတ်လုပ်ထားတဲ့သွားပွတ်တံသာမက သွားတိုက်ဆေးကိုလည်း ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့သွားတိုက်ဆေးတွေကို အသုံးပြုတာပိုမိုကောင်းမွန်စေမှာပါနော်။ နောက်ပြီးကလေးတွေအနေနဲ့ အစားတစ်ခုခုစားပြီးတိုင်းမှာ ပလုပ်ကျင်းတတ်စေဖို့ကိုလည်း အလေ့အကျင့်ပြုလုပ်ပေးထားဖို့လိုပါတယ်မေမေတို့ရေ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)