သမိီးလေးမေွးစ နို့မလိုက်လို့ နို့လိုက်လာအောင် ကြိုးစားခဲ့ပုံလေးကို ဗဟုသုတအဖြစ် မျှဝေမယ်နော်။ သားဦးမေွးပြီးခါစ မေမေတော်တော်များများ ကြုံတေွ့ရတတ်တဲ့ဒုက္ခပါ။ မေွးခါစနို့မထွက်သေးရင် ပထမဆုံးလုပ်ရမှာက စိတ်မညစ် စိတ်ဓါတ်မကျဘဲ နို့ထွက်စေတဲ့နည်းလမ်းတေွှကိုးစားဖို့ပါပဲ။ ဘယ်နည်းနဲ့ နို့သန်စေမမယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူလို့ နည်းလမ်းတစ်မျိုးပြီး တစ်မျိုး ကြိုးစားကြည့်ကြပါနော်။ အဓိကက ရေများများသောက်။ အစားမရေှာင်ဘဲ များများစား။ နို့ကိုနှိပ်ပေးညှစ်ပေး။ ကိုယ်ဝန်ဆောင်တုန်းကအားဆေးဆက်သောက်။ အိပ်ရေးဝအောင် ရသလောက်အိပ်ပေး။ အဲ့အချက်လေးတေွလုပ်ရင်ကိုပဲ နို့လိုက်လာမှာပါ။ ဒီမေမေကတော့ အပေါ်ကအချက်တေွလိုက်နာတဲ့အပြင် ကျားလေးကဝယ်တဲ့ Similac mum သောက်ပြီး electric breast pump လေးနဲ့ ညှစ်ပေးတာနဲ့
ကိုပဲ နို့တေွမနိုင်လောက်အောင် သန်လာပါတယ်လို့။ မေမေတိုင်း သားသားမီးမီးတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့မိခင်နို့ရည် ပေါများကြပါစေနော်။