ကလေးတေွကို အောက်ပါအကျင့်ဆိုး သုံးခု ကို ဖျောက်ပေးပါ။
+++++++++++++++++++++++++++++++++++
ကလေးများဟာ အောက်ပါအကျင့်ဆိုးကြီး သုံးခုကို စွဲကပ်သွားပြီဆိုရင် ဘဝတစ်ခုလုံး ထိခိုက်တတ်ပါတယ်။ မိဘများ အနေနဲ့ အလေးထားပြီး အမြန်ပြုပြင်ပေးစေလိုပါတယ်။
၁။ မှီခိုလွန်းခြင်း၊ ဦးနောက်မသုံးလိုခြင်း၊ ပြသနာသေးသေးလေးကအစ မိဘကို အကူအညီတောင်းခြင်း။
အချစ်လွန်တော့ အနှစ်ဖြစ်တတ်ပါတယ်။ ကလေးများဟာ အရွယ်ကြီးလာတဲ့အထိ အစစ အရာရာ လူကြီးကို အားကိုးတကြီး ဆက်ဖြစ်နေတာမျိုးကို ဆိုလိုတာပါ။ ပြသနာသေးသေးလေးကအစ ဖြေရှင်းဖို့ မစဉ်းစားဘူး၊ ဦးနောက်သုံးဖို့ လေးဖျင်းနေတတ်တယ်။ လူကြီးကို အားကိုးလွန်တဲ့ကလေးဟာ စိတ်ဓါတ်ပိုမို ပျော့ညံ့ တတ်ပါတယ်။ အကြံပေးချင်တာကတော့ နေ့စဉ် ပြုလုပ်ရတဲ့ ကိစ္စ အချို့မှာ မိဘများအနေနဲ့ ကလေးကို များများ လုပ်မပေးဖို့ လိုပါတယ်။ ဥပမာ ကလေးကိုယ့်ကိုကို ထမင်းစားခိုင်းတာမျိုုး၊ ပန်းကန်သိမ်းခိုင်းတာမျိုုး။ ပြီးရင် ကလေးကို မေးခွန်းများများမေးပါ။ ကလေးကို များများစဉ်းစား ဖို့လေ့ကျင့်ပေးတဲ့သဘောပါ။ ကလေး မိမိဖာသာ မိမိပြသနာကို ဖြေရှင်းတတ်အောင် အားပေးအားမြောက်ပြုပါ။ တဖြည်းဖြည်း မိမိကိုယ်မိမိ ယုံကြည်မူ တိုးပွားလာပါလိမ့်မည်။
၂။ လိုချင်တာ မရရင် ချက်ချင်း ဒေါသဖြစ်ခြင်း၊ စိတ်ကောက်ခြင်း၊ လူရိုက်တဲ့အထိ ဖြစ်လာခြင်း၊
ကလေးနည်းတဲ့အိမ်ထောင်စု မှာ တစ်အိမ်သားလုံးက ကလေးကို ဖူးဖူးမူတ်ဝိုင်းချစ်တတ်ပါတယ်။ ပိုးမေွးသလို မေွးတယ်ဆိုပါတော့၊ တဖြည်းဖြည်းနဲ့ ကလေးဟာ မိမိသည်သာ ဒီမိသားစုတစ်ခုလုံးရဲ့ ဗဟိုဖြစ်လာပါတော့တယ်။ လိုချင်တဲ့အရာဆိုရင် ချက်ချင်းရမှ၊ ဘာမဆို ကိုယ့်သဘောတေွ့မှ ပုံစံမျိုး ဖြစ်လာပါတယ်။ နည်းနည်းလေး အလိုမကျရင် အော်မယ်၊ ငိုမယ်၊ ဒေါသထွက်မယ်၊ လူရိုက်မယ်အထိ ဖြစ်လာပါတော့တယ်။
မိဘများအနေနဲ့ အလိုလိုက်သင့်မှလိုက်ပါ။ ကလေးများ စောင့်ဆိုင်းတတ်တဲ့ အကျင်း မေွးပေးပါ။ အခြားသူများရဲ့ ခံစားချက်ကို လည်း ကိုယ်ချင်းစာ စဉ်းစားတတ်ပါစေ။ ကိုယ့်စိတ်လုပ်ရှားမူကို ကိုယ်ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးပါ။
၃။ ဘာပဲလုပ်လုပ် စိတ်ပါ၀င်စားမူ နည်းခြင်း၊ အစမရိှ အဆုံးလည်းမရိှ ဖြစ်တတ်ခြင်း
အာရုံများလွန်းတဲ့ ကလေးမျာကို ဆိုလိုတာပါ။ အဲဒီ အာရုံများလွန်းတဲ့ အကျင့်ကို ငယ်ငယ်ကတဲက ဖျောက်ထားပေးမှ အဆင်ပြေမှာပါ။ ဘာပဲလုပ်လုပ်၊ ဘာပဲစော့စော့ သေသေချာချာ စခိုင်းပြီး ပြီးမြောက်သွားအောင်လုပ်ပါစေ။ ပြီးမှ နောက်တစ်ခု ပြောင်းခွင့်ပြုပါ။ ဥပမာ ပုံဆေးချယ်တယ်ဆိုပါဆို့ ၊ ဆေးချယ်တဲ့ ပုံ ပြီးဆုံးသွားမှ အရုပ်ပေးဆော့ပါ။ အရုပ်ကို ဆော့ပြီးမှ တီဗွီပေးကြည့်ပါ။ တစ်ပြိုင်တည်း လုပ်ခွင့်မပေးပါနှင့်။ ဘာပဲလုပ်လုပ် အာရုံစိုက်စေတဲ့သဘောပါ။
အသုံးဝင်နိုင်ကြပါစေ။
Credit Sya Aung Ko Latt