မေမေတို့ရေ နို့အုံတင်းတယ်ဆိုတာ မေမေတေွရဲ့နို့ကြောင်းပိတ်တာတို့ နို့မထွက်တာတို့တေွကြောင့်ဖြစ်တတ်ပါတယ်။ မေမေတို့ရဲ့နို့ပြွန်လေးတေွက တစ်ခါတစ်လေမှာ ပိတ်နေတတ်ပါတယ်။ နဂိုပွင့်ပြီးသားရှိနေရင်တောင် အခန့်မသင့်လို့ ပိတ်သွားတတ်တာလည်းရှိတော့ ထွက်ရမယ့်နို့ရည်လေးတေွမထွက်နိုင်ဘဲ နို့အုံကတင်းလာတတ်တာပါ။ ဆိုးဝါးသွားမယ်ဆိုရင်တော့ နို့အုံကတင်းပြီးယောင်ပါယောင်လာတတ်တာဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီလိုနို့ပိတ်ပြီးတင်းတာက ပိုဆိုးသွားမယ်။ နောက်ဆုံးအထိနို့ထွက်မသွားဘူးဆိုရင်တော့ ပိုးဝင်သွားပြီး ပြည်တည်နာအထိ ဖြစ်တတ်ပါတယ်နော်။ အဲ့ဒါကြောင့် မေမေတို့က နို့အုံတင်းတဲ့အခါ အချိန်မီလေး ညှစ်ထုတ်ပေးဖို့လိုပါတယ်နော်။ တကယ်လို့ ဒီတိုင်းညှစ်ထုတ်လို့မရဘူးဆိုရင်တော့ နို့ညှစ်စက်လေးတေွရဲ့ အကူအညီနဲ့ ညှစ်ထုတ်ပေးပါနော်။
တကယ်လို့များ မေမေတို့ နို့အုံတင်းနေမယ်ဆိုရင် နို့အုံကိုခပ်နေွးနေွးရှိတဲ့ ရေနေွးဝတ်ဖတ်လေးနဲ့ ကပ်ပေးရပါမယ်။ (သတိထားရမှာက တချို့တေွက ရေနေွးပုလင်းနဲ့ နို့အုံပေါ်မှာ လှိမ့်တတ်ပါတယ်။ အဲ့ဒီလိုလုံးဝမလုပ်ပါနဲ့နော်။ မေမေတို့နို့မှာ ပြည်တည်နာအထိဖြစ်တတ်လို့ပါ) ရေနေွးဝတ်ဖတ်လေးနဲ့ကပ်ပေးပြီးပြီဆိုရင်တော့ မေမေတို့က နို့ကိုညှစ်ထုတ်ပေးရမှာပါ။ ညှစ်ထုတ်ပြီး ပျော့သွားပြီဆိုမှသာ ဘေဘီလေးတေွကို နို့တိုက်ပါနော်။
နို့အုံတင်းတယ်ဆိုတာမျိုးက ကလေးမေွးပြီး တတိယမြောက်နေ့မှာဖြစ်လေ့ရှိတတ်ပါတယ်တဲ့။
(မေ့ရင်သေွးမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ပါမောက္ခဒေါက်တာသင်းသင်းအောင်၏ မိခင်နို့အသက် တစ်ဘဝဆောင်းပါးမှ ကောက်နုတ်ချက်)
မေမေတိုင်းကျန်းမာရွှင်လန်းပြီး သားသားမီးမီးတို့ရဲ့ အနာဂတ်ကောင်းတေွကို ဆောင်ကြဉ်းပေးနိုင်ပါစေနော်။
မိခင်နဲ့ရင်သေွးတိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)
နို့အုံတင်းလာတဲ့အချိန် အချိန်မီမညှစ်ထုတ်ပေးဘူးဆိုရင်တော့ အရမ်းတင်းလာပြီး အထိမခံနိုင်တော့ဘဲ နာလာတာတေွှဖစ်နိုင်တဲ့အပြင် တစ်ခါတစ်ရံမှာ အဖျားဝင်တဲ့အထိဖြစ်သွားတတ်ပါတယ်။ နောက်ပြီး မေမေတို့ဂရုစိုက်ဖို့လိုတာက သားသားမီးမီးလေးတေွက နို့အုံအရမ်းတင်းနေရင် စုပ်ယူလို့မနိုင်ဖြစ်တတ်တာမို့လို့ အဲ့ဒီလိုနို့အုံအရမ်းတင်းနေခဲ့မယ်ဆိုရင် အရင်ဆုံးနို့ပျော့သွားအောင် ညှစ်ထုတ်ပြီးမှ သားသားမီးမီးလေးတေွကို နို့တိုက်ကျေွးလို့ရမှာပါနော်။