မေမေတို့ရေ သားသားမီးမီးလေးတေွ ကျောင်းနေရွယ်မရောက်ခင်မှာ မူကြိုပို့ဆောင်ပေးပြီး အကြိုသင်ကြားရေးကာလဟာလည်း အရေးကြီးပါတယ်။ ထက်မြက်ထူးချွန်တဲ့ကလေးငယ်တေွှဖစ်စေဖို့အတွက် မူကြိုသင်ကြားရေး၊ ပြုစုပျိုးထောင်ရေးကအရမ်းကိုအရေးကြီးပါတယ်။ ဒီလိုသင်ကြားပျိုးထောင်ရေးတေွအတွက် နေအိမ်မှာလည်းလေ့ကျင့်ပေးလို့မရဘူးဆိုရင်တော့ ရပါတယ်။ ဒါပေမယ့် နေအိမ်မှာကတော့ ကျောင်းမှာသင်ကြားသလို အချိန်ပေးနိုင်မှာမဟုတ်ပါဘူးနော်။ ဒီနေ့ခေတ်မှာ မိဘတေွအနေနဲ့လည်း မိသားစုစီးပွားရေးကိစ္စတေွရှိနေတာကြောင့် ကလေးငယ်တေွရဲ့ သင်ကြားလေ့ကျင့်ရေးတေွအတွက် စနစ်တကျအချိန်မပေးနိုင်သူတေွများပါတယ်။ အဲ့ဒါကြောင့်လည်း သားသားမီးမီးလေးတေွကို မူကြိုကျောင်းတေွပို့ဆောင်ပြီး ကျောင်းပျော်စေဖို့နဲ့ သင်ကြားရေးတေွ လေ့ကျင့်ရေးတေွကို စနစ်တကျရှိစေဖို့အတွက် ဆောင်ရွက်ပေးဖို့လိုပါတယ်။
မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် ကစားနည်းလေးတေွကတဆင့်လည်း သင်ကြားရေးတေွှပုလုပ်ပေးနိုင်သလို အဖွဲ့လိုက်သင်ကြားမှုတေွ၊ အဖွဲ့လိုက်လေ့ကျင့်မှုတေွနဲ့လည်း ပိုမိုထက်မြက်လာစေဖို့သင်ကြားပေးနိုင်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် သင်ကြားရေးတေွမှာလည်း နေအိမ်တေွမှာ ကလေးငယ်ကို တစ်ဦးတစ်ယောက်တည်းထားရှိသင်ကြားပေးတာထက် သူငယ်ချင်းတေွနဲ့စုပြီး အဖွဲ့လိုက်လေ့ကျင့်ပေးတာက ပိုမိုထိရောက်မှုရှိစေတဲ့အတွက် မူူကြိုသင်ကြားရေးတေွကို မေမေတို့က ဖြစ်နိုင်မယ်ဆိုရင်လေ့ကျင့်ပေးဖို့အတွက် ကျားလေးက မှျဝေပေးလိုက်ပါတယ်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)