စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

မေွးစကလေးငယ်တေွမှာဖြစ်တတ်တဲ့ ပြဿနာနဲ့ ဖြေရှင်းနည်း ..

Posted by Ngu Wah May 30, 2019
I3dzlbfcfhs90yjd1h6b

မေမေတို့ရေ သားသားမီးမီးလေးတေွ မေွးစအချိန်လေးတေွမှာ ဖြစ်ပေါ်တတ်တဲ့အခက်အခဲပြဿနာလေးတေွနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းလေးကို မေမေတို့အတွက် မှျဝေပေးချင်ပါတယ်။

- မေမေတို့ရေ သားသားမီးမီးလေးတေွ မေွးစမှာ နို့ချိုစို့ဖို့အတွက် အခက်အခဲဖြစ်တတ်ပါတယ်။ အစပိုင်းမှာ မိခင်နို့မထွက်တာတေွလည်း ကြုံရတတ်ပါတယ်။ အဲ့ဒီအတွက် မေမေတို့က နို့ရည်ညှစ်စက်လေးတေွကို အသုံးပြုနိုင်ပါတယ်။ ကလေးငယ်တေွကို နို့အုံမှာသေချာလေးစို့တတ်ဖို့အတွက် လက်လေးနဲ့ထိန်းပြီး လေ့ကျင့်ပေးရပါမယ်။ နို့ကိုစုပ်ယူတတ်ဖို့အတွက် မေမေတို့က လက်လေးနဲ့အရင်ဆုံးကျင့်ပေးထားဖို့လိုပါတယ်နော်။

- အိပ်တဲ့အချိန်အတွက်လည်း အခက်အခဲပြဿနာတေွ တေွ့ရတတ်ပါတယ်။ ငယ်ရွယ်စဉ်မေွးစကာလမှာ ကလေးငယ်တေွဟာ အိပ်ချိန်တေွမှားယွင်းနေတတ်ပါတယ်။ နေ့နဲ့ညမှားယွင်းတာမျိုး၊ အိပ်ပျော်ဖို့အတွက် ကြိုးစားနေရတာမျိုးနဲ့ အချို့ကလေးတေွကတော့ အမြဲတမ်းလိုလိုအိပ်နေတတ်လာလည်းရှိပါတယ်။ အိပ်တဲ့ကလေးငယ်အတွက်တော့ ပြဿနာမရှိပေမယ့် အိပ်ပျော်ဖို့အတွက် ခက်ခဲနေတဲ့ကလေးငယ်တေွကိုတော့ မေမေတို့က တေးသံသာလေးတေွနဲ့ ချော့ပြီးသိပ်ပေးဖို့လိုပါတယ်။ မေမေ့ရဲ့အိပ်ယာဝင်တေးလေးတေွက ကလေးငယ်တေွအိပ်ပျော်စေဖို့အကောင်းဆုံးပဲလို့ဆိုပါတယ်။

- နောက်ထပ်အခက်တစ်ခုကတော့ ရင်သေွးစယူတဲ့မေမေတေွအနေနဲ့ ကလေးငယ်ငိုကြေွးတဲ့အပေါ် ဘာကြောင့်ဆိုတာ မခန့်မှန်းမိတတ်သေးပါဘူး။ ဒီအချက်လေးတေွကိုလည်း မေမေတို့က ဂရုတစိုက်နဲ့ လေ့လာထားဖို့လိုပါတယ်။ သားသားမီးမီးလေးတေွဘာကြောင့်ငိုတတ်တယ်ဆိုတာကို မေမေတို့က သိရှိထားပြီး အကြောင်းရင်းကို ရှာဖေွှပီးဖြေရှင်းနိုင်ပါတယ်။

- မေွးစကလေးတေွခံစားရတတ်တဲ့ ရောဂါဝေဒနာတေွကို ကာကွယ်ထားဖို့လည်းအရေးကြီးပါတယ်။ မေွးစကစတင်ပြီးထိုးနှံထားဖို့လိုတဲ့ ကာကွယ်ဆေးထိုးနှံမှုတေွကိုလည်း မေမေတို့က ဂရုစိုက်ပေးဖို့လိုပါတယ်။ ဆရာဝန်၊ ဆရာမတေွရဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်တေွကို မေမေတို့က လိုက်နာပြီး ရောဂါဝေဒနာတေွမခံစားရစေဖို့ကိုလည်း ဂရုစိုက်ပေးရပါမယ်။

- ငယ်ရွယ်စဉ်မှာ ကလေးငယ်တေွအတွက် အစာခြေပြဿနာတေွကိုလညး် ရင်ဆိုင်ရနိုင်ပါသေးတယ်။ အဲ့ဒီလိုအချိန်မှာ ကလေးငယ်တေွဟာ မပြောနိုင်သေးတာကြောင့် ပြဿနာဖြစ်ပေါ်တတ်ပါတယ်။ အဲ့ဒီအတွက် မေမေတို့ကသားသားမီးမီးလေးတေွကို နို့တိုက်ကျေွးပြီးချိန်မှာ လေပြန်ထုတ်ပေးဖို့အတွက် ဂရုစိုက်ပေးရပါမယ်။ အဲ့ဒါမှလည်း ကလေးငယ်တေွခံစားရတဲ့ ဝေဒနာတေွကနေ သက်သာစေမှာပဲဖြစ်ပါတယ်နော်။
Ref;HM (ကျားလေး)

ဖော့ဖျာအပါး အပြောင်သား ( 1 cm)
ဖော့ဖျာအပါး အပြောင်သား ( 1 cm)
19,000 Ks

Sold Out

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.