
ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ဟာ ရောဂါများကို ကာကွယ်ပေးပြီးတော့ အာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်တဲ့အတွက်ကြောင့် ဟင်းနုနွယ်ကို စူပါအစားအစာလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဟင်းနုနွယ်ရဲ့အရွက်တေွ၊ အရိုးတေွက ကျန်းမာရေးအတွက် ကောင်းကျိုး အမြောက်အများ ပေးတာကြောင့် ဘာ့ကြောင့် ဈေးဝယ်ထွက်တိုင်း ဟင်းနုနွယ်ဝယ်သင့်လဲဆိုတာကို အခုလိုပဲ ဖော်ပြပေးလိုက်ပါတယ်။

၁။ အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်း
-------------------------------------------
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ၊ အထူးသဖြင့် ဟင်းနုနွယ်ရွက်က အခြားသော ဟင်းရွက်တေွထက် အာဟာရဓာတ်ပါဝင်မှု ပိုများပါတယ်။ ချက်ပြုတ်ထားတဲ့ ဟင်းနုနွယ်တစ်ခွက်က ကယ်လိုရီပါဝင်မှု ၄၁ ရာခိုင်နှုန်းဖြစ်ပြီး ဗီတာမင်ကေနဲ့ ဗီတာမင် အေ ပါဝင်မှုက ပိုများပါတယ်။

၂။ ရောဂါဘယများကို ကာကွယ်ပေးခြင်း
--------------------------------------------
ဟင်းနုနွယ်ရွက်ထဲမှာ ပါဝင်တဲ့ ကယ်စီယမ်ဓာတ်က အရိုးများ ကြံ့ခိုင်သန်မာအောင် စွမ်းအောင်နိုင်ပြီး ဗီတာမင် အေ၊ ဗီတာမင် စီ၊ အမှျင်ဓာတ်၊ ဖောလစ်အက်စစ်နဲ့ အခြားအာဟာရဓာတ်များက အူမကြီးကင်ဆာနဲ့ ရင်သားကင်ဆာကို ကောင်းကောင်း တိုက်ဖျက်ပေးပါတယ်။ ဟင်းနုနွယ်က သေွးတွင်းရှိ ပရိုတင်းဓာတ်များ မပျက်စီးအောင် အဓိက ကူညီပေးပြီး သေွးပေါင်တက်ခြင်းနဲ့ နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ Lutein လို့ခေါ်တဲ့ အထူးအာဟာရဓာတ်တစ်မျိုးဟာ မျက်စိတိမ်စွဲရောဂါမှ ကာကွယ်ပေးပြီးတော့ သက်ကြီးရွယ်အိုတေွမှာ အသက်အရွယ်ကြီးလာတဲ့အခါ အမြင်အာရုံမှုန်ဝါးပြီး မျက်စိကွယ်စေနိုင်တဲ့ အန္တရာယ်မှလည်း အပြည့်အဝ ကာကွယ်ပေးပါတယ်။ ဒါကြောင့် အသက်ငယ်ရွယ်စဉ်ကတည်းက ဟင်းနုနွယ်ရွက်ကို မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ အသက်အရွယ်ကြီးလာလှျင်လည်း မျက်စိကွယ်သွားမှာ မပူရတော့ပါဘူး။

၃။ အသားအရေ စိုပြေလှပစေခြင်း
-------------------------------------
အခြားသော အစိမ်းရင်ရောင့် ဟင်းသီးဟင်းရွက်တေွလိုပဲ ဟင်းနုနွယ်မှာလည်း အသားအရေကို စိုပြေလှပစေတဲ့ Antioxidants တေွ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆံချည်မှျင် သေွးကြောလေးတေွ သေွးလှည့်ပတ်မှုကို ကောင်းမွန်ပြီးတော့ Collagen ဓာတ်က အသားအရေကို ချောမေွ့စေပြီး အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဟင်းနုနွယ်ထဲမှာ ပါဝင်တဲ့ ဗီတာမင် အေဓာတ်က အသားအရေကို အစိုဓာတ်ရှိအောင် ထိန်းသိမ်းထားပေးနိုင်ပြီး အသားအရေခြောက်သေွ့ခြင်း၊ အသားအရေ ကြမ်းထော်ပြီး အဖုအပိမ့်ထွက်ခြင်းနဲ့ ဝက်ခြံဖြစ်ခြင်းတို့မှလည်း ကာကွယ်ပေးပါသေးတယ်။

၄။ ဆေးရုံဆေးခန်း သွားစရာမလိုအောင် ဒေါင်ဒေါင်မြည်ကျန်းမာစေခြင်း
----------------------------------------------------------------------------
ဟင်းနုနွယ်ရွက်ကို နေ့စဉ်စားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေပြီးတော့ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးတဲ့အပြင် သေွးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်တယ်လို့ လေ့လာတေွ့ရှိချက်များအရ သိရပါတယ်။ ကိုယ်အလေးချိန် လျော့ချချင်သူများအတွက် အစားအလွန်အကျှံစားချင်စိတ်ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ အသက်ရှုစနစ်ကိုလည်း ကောင်းမွန်စေပြီးတော့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ အားလုံးပဲ ကျန်းမာပြီး အမြဲလှပနိုင်ကြပါစေ။
#Ref(Myanmar Style – ဟင်းနုနွယ်နဲ့ကျန်းမာရေး ဆောင်းပါးမှ)
#ရှမ်းပုတ်(မိုမိုလေး)