ကျမက ၆လခဲွကျော်ကျော်နဲ့ သားသားလေကို မေွးခဲ့ပါတယ်။ ကိုယ်ဝန်ဆိပ်တက်လို့ပါ။ 29 ပတ်နဲ့ အမေဝမ်းက ထွက်ခဲ့ရတဲ့ သားလေးက ၂လနဲ့ ၁၀ရက် ဆေးရုံတက်ရပါတယ်။ နှလုံးသေွးကြော အပိုပါလို့ ခဲွစိတ်ရပါတယ်။ နှလုံးရောဂါတေွလဲ ပါလို့ သားသားငိုမှာ အရမ်းကြောက်ပါတယ်။ သားသားမောမှာ စိုးလို့ပါရှင်။ ဆေးရုံမှာတော့ ဆရာမတေွက သားသားက အရမ်းငိုတယ်၊ ညဆို ငိုလွန်းလို့ သူတို့ အလုပ်စားပဲွမှာ ခေါ်ထားရတယ်လို့ ပြောပါတယ်။
သားလေး ဆေးရုံကဆင်းတော့လဲ အောက်စီဂျင်တယ် နှလုံးခုန် အမြန်နှုန်းတိုင်း စက်ကလေးနဲ့ ၁၀ရက်လောက်နေရပါသေးတယ်။
သားသားလေး ငိုပြီးမှာကြောက်တဲ့ မေမေက သားမငိုအောင် ကြိုးစားရှာဖေွဖတ်တော့တာပါပဲ။ ကလေးငိုတဲ့ အကြောင်းတေွ အားလုံးကို ကာကွယနို်င်ဖို့ ကျမကြိုးစားပါတယ်။
၁။ လုံးဝဗိုက်ဆာမခံပါဘု၊ ၃နာရီကြားတခါ နို့ကြိုညှစ်ထားတယ်၊ ၃နာရီ ကြားတခါ ပါးစပ်လေးထဲ ထည့်ပြီးတိုက်ပါတယ်။ တိုက်ပြီး ပြန်သိပ်၊ ဆေးကြော၊ နောက်တခါ နို့ထပ်ညှစ်ထားပါတယ်။ တခါတလေ စောဆာတတ်လို့၊ သူသောက်ပြီးချင်း ညှစ်ပါတယ်။
သားသားမှာ နို့ဆာလို့ငိုရတာ မရိှသလောက်ရှားပါတယ်။
၂။ သေးစိုရင် ကလေးတေွက ငိုပါတယ်။ ဒိုက်ပါသုံးပါတယ်၊ ၃နာရီခြားတာ နို့မတိုက်ခင်လဲပေးပါတယ်၊ ဒိုက်ပါက အလွှာ ရလွှာပါတာကြောင့် အပေါ်ယံက ခြောက်သေွ့လို့ သားသားလေးက သေးစိုလို့ ငိုရခြင်း မရိှပါရှင်။
၃။ ကလေးတေွက အနီှးလေးနဲ့ စိတ်လုံခြုံသလိုခံစားရလို့ ဒိုင်ဘာလဲလို့ အနှီးဖြေလျှင် ငိုပါတယ်။ သားကတော့ ငိုပါတယ်၊ အာ့အခါ နဲနဲဖြေလိုက် ပြန်ဖုံးလိုက်နဲ့ စသလိုလိုလေးလုပ်လို့ ပြင်းထန်စွာ မငိုအောင်လုပ်ပေးပါတယ်။
၄။ ရေချိုးလှျင် တချိုကလေးငိုတတ်ပါတယ်။ သုမငိုအောင် အရုပ်ကလေးတေွ သီချင်းလေးတေွ ဖွင့်ပြီး ချိုးပေးပါတယ်။ အခု ရေကြိုက်လွန်းလို့ မေမေဒုက္ခရောက်နေပါတယ်။
အာ့လိုနဲ့ မငိုခဲ့ရတဲ့ သားလေးက အနှီးတဖြည်းဖြည်း အဖြေကျင့်တဲ့ အချိန် ၄လလောက်ကနေ ၉လလောက်ထိ လုံးဝကို မငိုတော့တာပါရှင်။
ရလမှာတော့ စိတ်ခံစားမှု ဖံွ့ဖြိုးလာတော့ သူ့နားလူတယောက်မှ မရိှရင် မျက်ရည်တေွ ကျလာတတ်ပါတယ်၊ ေနောက်ကျ မဲ့တတ်လာတယ်။ ၁၁လရောက်တော့ အမေပျေက်ရင် ငိုတတ် လာပါတယ်။ တနှစ်ကျော်တော့ သူလိုချင်တာ မရရင် ငိုတတ်လာပါတယ်။ အာ့တေွကတော့ သူရဲ့ စိတ်ခံစားမှု ဖံွ့ဖြိုးချက်တေွပါ။
အခုတနှစ် ၃လ play date class ၃ကြိမ်ပဲ တက်ရသေး သားသားလေးက အာရုံစူးစိုက်မှုလဲ မဆိုး၊ လုံးဝလဲ သူများကို အနေှာက်အယှက် မပေးတဲ့ အပြင် သူ့တီချယ်တေွကို ချီခိုင်း၊ ငိုတဲ့ ကလေးတေွကို သူကချော့ချင်သေးတဲ့ အမူအယာလေးတေွပါ မြင်ရပါတယ်ရှင်။
သားလေးက ငယ်ငယ်က အငိုနဲခဲ့တဲ့ ကလေးမို့ အခုကျ အရမ်းမျက်နှာချို၊ ခင်တတ်၊ ပျော်တတ်တဲ့ ကလေးလေးဖြစ်လာပါတယ် လို့ ကျမထင်ပါတယ်။
ဘာကြောင့်လဲ ???
ကျမလဲ အစကမသိပါဘု၊ သားမငိုတာ အေးတယ်ပဲ ထင်တာပါ။ ဟိုတလောကမှ ကလေးငိုတာကို လစ်လူရှုခံရရင် ကလေးမှာ စိတ်ဖိစီးမှုတေွ လူပမယ်အရွယ်ကတည်းက မြင့်တက်လို့ နေရှာပါတယ်တဲ့။ စိတ်မလို မကျမှု၊ လုံခြုံတဲ့ ခံစားမှု မရရိှခဲ့မှုတို့ကြောင့် အာ့ကလေးလေးကြီးလာရင် ဒေါသကြီးသူ၊ စိတ်ကြီးသူ၊ လက်ပါတတ်သူ၊ စိတ်ကျတတ်သူ၊ စိတ်အားငယ်တတ်သူ၊ ယုံကြည်မှု ကင်းမဲ့သူတေွ ဖြစ်ဖို့အလားအလာ ပိုများပါသတဲ့ရှင်။
အာ့ကြောင့်'' ကလေးပဲ ငိုမှာပေါ့၊ ငိုပစေ၊ ငိုမှ ကျန်းမာတာ၊ အဆုတ်အားကောင်းတာ'' ဆိုတဲ့ စကားတေွကို မေ့ထားပြီး သားသားမီးမီးလေးတေွကို စိတ်ကြေနပ်အောင် အငိုနဲအောင်ထားကြပါလို့ သားသားမေမေက စေတနာ ရေှ့ထား အတေွ့အကြုံလေး မျှဝေပေးတာပါရှင်။ ဆရာမကြီး မဟုတ်ပါ သာမန်မိခင်ပါရှင်။
ချစ်တဲ့ သားသားမေမေ