(၁)။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများအုပ်စု
(၂)။ အင်အားဖြစ်ထွန်းစေသော အစာများ အုပ်စု
(၃)။ ရောဂါဘယများမှ ကာကွယ်ပေးသော အစာများအုပ်စု ဆိုပြီး အုပ်စု သုံးခု ခွဲထားပါတယ်။
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာများ
******************************
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစားအစာ တေွက အမဲသား၊ ကြက်သား၊ ဘဲသား၊ ဆတ်သား၊
ကြက်ဥ၊ ဘဲဥ၊ ငုံးဥ၊ ငါးအမျိုးမျိူး၊ သေွး၊ အသည်း၊ နို့ ၊
ပဲဝါလေး၊ ပဲနီလေး၊ ပဲပြုတ်၊ ပဲကတီပါ၊ မြေပဲ ၊ ကုလားပဲ ၊ ပဲအမျိုးမျိုး၊ စသော
ပရိုတင်း ခေါ် အသားဓါတ် ပါသော အစားအစာများသည်
လူခန္ဓာကိုယ် ကြီးထွားရန် နှင့်
ဉာဏ်ရည် ဖွံ့ဖြိုးရန် အတွက် အရေးကြီး ပါသည်။
အင်အားဖြစ်ထွန်းစေသော အစာများ
**************************
ဆန်၊ဂျုံ၊ တို့နှင့်ပြုလုပ်ထားသော မုန့်အမျိုးမျိုး၊ ပေါင်မုန့်၊ ဘီစကွတ်၊ နံပြား၊ မုန့်ဖတ်ထုတ်၊ ဆီ၊ ထောပတ်၊
ထမင်း၊ ခေါက်ဆွဲ၊ ပြောင်းဆန်၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ ထန်းလျက်၊ ကြံသကာ၊ သကြား၊ သကြားလုံး ၊ စသော
ကာဗိုဟိုက်ဒြိုတ်ဓါတ် (သိုပမဟုတ်) ကစီဓါတ် ပါသော အစားအစာများသည်
လူတို့ လှုပ်ရှားသွားလာရာ၌ လိုအပ်သော စွမ်းအင် ကိုပေးသည်။
ရောဂါဘယများမှ ကာကွယ်ပေးသော အစာများ
*********************************
ဟင်းရွက်၊ ဒန့်သလွန်ရွက်၊မြင်းခွာရွက်၊ မုန်ညင်းရွက်၊ ကဇွန်းရွက်၊ ဗူးညွှန့်၊ ဟင်းနုနယ်ရွက်၊
ကြက်ဟင်းခါးသီး၊ ရေွှဖရုံသီး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ပဲတောင့်ရှည်၊ ပဲပင်ပေါက်၊ ခရန်းချဉ်သီး၊ ခရမ်းသီး
အစိမ်းစားရသော အသီး များဖြစ်သော မာလကာသီး၊သရက်သီး၊ သဘောင်္သီး၊ သံပုရာသီး၊ ဆီးဖြူသီး၊
ငှက်ပျောသီး၊ လိမ္မောသီး၊ နာနတ်သီး၊ ပန်းသီး၊ သစ်တော်သီး၊ စသော
ဗီတာမင်နှင့် သတ္တုဓါတ်ပါသော အစားအစာများသည်
လူ၏ခန္ဓာ ကိုယ်တွင်း၊ ကိုယ်ပ ရောဂါ ပိုးများ မကျရောက်စေရန်၊ ကိုယ်ခံအားကောင်းရန်၊ ရောဂါကာကွယ်ရန် အတွက် စားသုံးပေးရသည်။
ကလေးများကို အခြေခံအစာ ထမင်းနှင့် အာဟာရ အုပ်စုများ နှင့် ပြည့်စုံစွာကျေှးပါ။
မှတ်ချက်။ ။ မေ့ရင်သေွး မဂ္ဂဇင်း ၂၀၁ရ ဇူလိုင်လထုတ် ဒေါက်တာ အိအိခင် (ကလေး) ၏
ကလေးများ စားသုံးသင့်သော အာဟာရ အုပ်စုကြီးများအကြောင်း သိကောင်းစရာ ဆောင်းပါးမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။
San Su Kyi Naing