စျေး မီဒီယာ
အခြား

အရသာရှိတဲ့ သားသားမီးမီးတို့အကြိုက် ကြက်ဥလိပ် ..

Posted by Harry July 2, 2018
Te2077tolo1xvapd9eeu

မေမေတို့ရေ သားသားမီးမီးလေးတေွရဲ့ နံနက်စာမှာ ခံတွင်းမြိန်စေဖို့၊ ကျောင်းထမင်းဗူးလေးမှာ လှပအောင်ပြင်ဆင်ပေးနိုင်ဖို့အတွက် ကြက်ဥလိပ်ပြုလုပ်နည်းလေးကို မေမေတို့အတွက် မှျဝေပေးချင်ပါတယ်နော်။

ပါ၀င်ပစ္စည်းများ ...
- ကြက်ဥ ... ၃ လုံး
- နွားနို့ ... စားပွဲဇွန်း ၁ ဇွန်း
- မုန်လာဥနီအခွံခွာရေဆေးပြီး နုတ်နုတ်စင်ပြီးသား ... စားပွဲဇွန်း ၁ ဇွန်း
- ကြက်သွန်နီနုတ်နုတ်စင်းပြီးသား ... စားပွဲဇွန်း ၁ ဇွန်း
- ကြက်သွန်မြိတ်နုတ်နုတ်စင်းပြီးသား ... စားပွဲဇွန်း ၁ ဇွန်း
- အိုင်အိုဒင်းဆား ... အနည်းငယ်
- ငြုပ်ကောင်းမှုန့် ... အနည်းငယ်
- စားသုံးသည့်သံလွင်ဆီ ... အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာကြက်ဥကိုဖောက်ပြီး ပန်းကန်လုံးထဲတွင် နွားနို့၊ ဆားအနည်းငယ်ထည့်ပြီး သမအောင်ခေါက်ပေးပါ။
- သမအောင်ခေါက်ပြီးပါက အခြားပန်းကန်လုံးအတွင်းသို့ ဇကာစိပ်ဖြင့်စစ်ပြီးထည့်ပါ။
- စစ်ထည့်ထားသည့်ကြက်ဥမေွှထဲသို့ မုန်လာဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငြုပ်ကောင်းမှုန့်တို့ထည့်ပြီး ခေါက်ပါ။
- ဒယ်အိုးအပြန့်ထဲသို့ ဆီလက်ဖက်ဇွန်းတစ်ဇွန်းထည့်ပြီး အိုးကိုဆီစွတ်ပေးပါ။
- ဟင်းချိုခတ်ဇွန်းဖြင့် အိုးထဲသို့ကြက်ဥမေွှခပ်ထည့်ပြီးပြန့်အောင်ဖြန့်ပေးပါ။
- အရည်မှအနားသတ်သွားပါက အနည်းငယ်လိပ်ပြီး အပြန့်ဘက်တွင်အိုးလွတ်နေသည့်အပိုင်းအထိ ကြက်ဥရည်ထပ်ထည့်ပြီး အနားသတ်သွားပါက လိပ်ထားသည့်ဘက်မှ ထပ်လိပ်ပါ။
- အဆိုပါနည်းအတိုင်း ကြက်ဥရည်ထည့်လိုက်၊ အနားသတ်ပါက လိပ်လိုက်ဖြင့် ကြက်ဥရည်ကုန်သည်အထိ ပြုလုပ်ပါ။
- နောက်ဆုံးကြက်ဥရည်ထည့်ပြီးပါက အားလုံးလိပ်ပြီးမီးဖိုပေါ်မှချပါ။
- ပြီးလှျင် ဓားလေးဖြင့် လှီးပြီး သားသားမီးမီးတို့အတွက် ပြင်ဆင်ပေးနိုင်ပြီဖြစ်ပါတယ်။

မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.