မေမေတို့ရေ သားသားမီးမီးလေးတေွအတွက် ကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက် အဆာပြေ Snack မုန့်လေးတေွကို အိမ်မှာပဲကိုယ်တိုင်ပြုလုပ်ကျေွးလိုက်ရအောင်လေ။ သားသားမီးမီးလေးတေွအတွက် အားအင်ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်စေဖို့အတွက် မုန်လာဥနီ Snack ပြုလုပ်နည်းလေးကို မှျဝေပေးမယ်နော်။
ပါ၀င်ပစ္စည်းများ ..
- မုန်လာဥနီ ... ၂ လုံး
- ဂျုံမှုန့် ... ပန်းကန်လုံးတစ်လုံး
- ပဲကျက်မှုန့် ... စားပွဲဇွန်း ၂ ဇွန်း
- အိုင်အိုဒင်းဆား ... အနည်းငယ်
- စားသုံးသည့်သံလွင်ဆီ ... စားပွဲဇွန်း ၃ ဇွန်း + ၅ ကျပ်သား
ပြင်ဆင်ပြုလုပ်နည်း ...
- ဦးစွာ မုန်လာဥနီကို အခွံခွာရေဆေးပြီး ခြစ်ထားပါ။
- ဂျုံမှုန့်၊ ပဲကျက်မှုန့်၊ အိုင်အိုဒင်းဆားတို့ကိုရောပြီး အခြောက်မေွှပေးပါ။
- မေွှပြီးပါက မုန်လာဥနီထည့်ပြီး လက်ဖြင့်မေွှပေးပါ။
- ပြီးလှျင် သံလွင်ဆီထည့်၍ မေွှပြီး သမအောင် နယ်ပေးပါ။
- ဂျုံလုံးရလာပါက ဒလိမ့်တုံးဖြင့် နာနာလိမ့်ပေးပြီးပါက အချောင်းလေးများကို အရွယ်တော်လှီးပေးပါ။
- ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီဆူလာပါက Snack ချောင်းလေးများဖြစ်အောင် ကြော်ပြီး သားသားမီးမီးတို့ကို ကျေွးမေွးနိုင်ပါပြီ။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)