မေမေတို့ရေ သားသားမီးမီးလေးတေွကို နို့ချိုတိုက်ကျေွးချိန်တေွမှာ လှျာပေါ်မှာ နို့ပေွးတက်တာမျိုး၊ သွားဖုံးတေွမှာ နို့ပေွးတတ်တာမျိုးတေွအတွက် သန့်ရှင်းလေးတေွ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်နော်။ ကလေးငယ်တေွကို ခံတွင်းသန့်ရှင်းတဲ့နေရာမှာတော့ ပိတ်စသန့်သန့်လေးကို ရေနေွးနေွးလေးနဲ့စွတ်ပြီး လှျာလေးပေါ် အသာယာပွတ်တိုက်ပြီး သန့်စင်ပေးနိုင်ပါတယ်။
နောက်တစ်ခုကတော့ ကလေးငယ်ကို လှျာပွတ်တံလေးအသုံးပြုပြီးတော့လည်းသန့်စင်ပေးနိုင်ပါတယ်။ အဲ့ဒီလှျာပွတ်တံလေးတေွကတော့ သွားပေါက်စကလေးငယ်တေွ၊ သွားမပေါက်သေးတဲ့ကလေးငယ်တေွရဲ့ သွားဖုံးကို သန့်စင်ဖို့အတွက်လည်း အသုံးပြုနိုင်တာပါ။ နောက်ထပ်တစ်နည်းကတော့ ကလေးရဲ့နှုတ်ခမ်းတစ်ဝိုက်သန့်စင်ဖို့အတွက် ဂွမ်းတံလေး၊ ဂွမ်းလုံးလေးကို အသုံးပြုပြီးတော့လည်း သန့်စင်ပေးနိုင်ပါတယ်။ အစားမစားသေးတဲ့ နို့ချိုချည်းသာသောက်သုံးနေရသေးတဲ့ ကလေးပဲဖြစ်လိမ့်ကစား ကလေးငယ်ရဲ့ နှုတ်ခမ်းတဝိုက်နဲ့ လှျာ၊ ပါးစပ်တို့ကို နေ့စဉ်သန့်ရှင်းရေးပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်နော်။
မိခင်နှင့်ရင်သေွးငယ်တိုင်းအတွက် မေတ္တာမွန်ဖြင့်
HM (ကျားလေး)