
မေမေတို့ရဲ့ ဘေဘီလေးတေွကို နို့ချိုတိုက်ကျေွးပြီးချိန်မှာ အခန့်မသင့်ဘဲ လေပျို့တာ၊ ကြို့ထိုးတာတေွှဖစ်တတ်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါမှာ ကလေးငယ်တေွအနေနဲ့ နေမထိထိုင်မသာဖြစ်ပြီး မသာမယာဖြစ်တတ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုအခြေအနေမျိုးမှာ ကလေးငယ်တေွကို ဘယ်လိုမျိုးလေထုတ်ပေးနိုင်မလဲဆိုတာကို ကျားလေးက မေမေတို့အတွက် မှျဝေပေးလိုက်ပါတယ်။

ပထမနည်းလမ်းလေးကတော့ .. သားသားမီးမီးလေးတေွကို ဖေဖေ၊ မေမေတို့က ပခုံးပေါ်မေှာက်လျက်ချီပိုးပေးပြီး ကျောလေးကို အသာအယာပွတ်သပ်လို့ လေထုတ်ပေးနိုင်ပါတယ်။

ဒုတိယတစ်နည်းကတော့ .. ဖေဖေမေမေတို့ရဲ့ ပေါင်ပေါ်မှာ သားသားမီးမီးတို့ကို မေှာက်လျက်အနေအထားနဲ့ထားရှိပြီး ကျောကုန်းလေးကို ပွတ်သပ်ပေးရမှာပါ။ ကလေးငယ်ရဲ့မျက်နှာလေးကို ဖေဖေ၊ မေမေတို့လက်ကလေးနဲ့ ထိန်းမပေးဖို့မမေ့ပါနဲ့နော်။

တတိယနည်းလမ်းလေးကလည်း လွယ်ကူပါတယ်။ ကလေးငယ်ကို မေမေ့လက်နဲ့ထိန်းပြီး အထိုင်ပုံစံထားပေးရမှာပါ။ ရင်ကိုလက်နဲ့ထိန်းကိုင်ထားပြီး အနည်းငယ် စောင်းစောင်းလေးထားရှိပြီးတဲ့ အခါမှာတော့ မေမေတို့က ကျောကုန်းလေးကို ပွတ်သပ်ပေးပြီး လေထုတ်ပေးပါနော်။ အဲ့ဒီနည်းလမ်းလေးတေွကတော့ ကလေးငယ်တေွကို နေထိုင်မကောင်းဖြစ်နေစေတဲ့ ကြို့ထိုးတာ၊ လေပျို့တာတေွကို ပျောက်ကင်းစေနိုင်မှာပါ။
Ref;HM (ကျားလေး)