စျေး မီဒီယာ
မမွေးဖွားမှီ

အလုပ်တစ်ဖက်နဲ့ ကလေးနို့တိုက်နေရတဲ့ မိခင်တေွအတွက် နို့ညှစ်ပြီးထိန်းသိမ်းနည်း

Posted by Htoo Yan Aung October 5, 2019
Aeapbqlnbxj9cnchxf3u

အလုပ်ကို ဘယ်လိုမှ ပျက်လို့မရတဲ့ နို့တိုက်မိခင်တေွဟာ မိမိရဲ့ ရင်သေွးငယ်လေး နို့ချိုသောက်သုံးနိုင်ဖို့အတွက် အခက်အခဲတေွ ကြုံတေွ့လာပါတယ်။ အထူးသဖြင့် ကုမ္ပဏီဝန်ထမ်းတေွမှာ တေွ့ရပါတယ်။ ဒီအတွက် နို့တိုက်မိခင်တေွဟာ နို့ညှစ်ခြင်းကို အသုံးပြုကြပါတယ်။ အခုခေတ်မှာ နို့ညှစ်ဖို့အတွက် pump အမျိုးအစား အများအပြား ပေါ်လာတာကြောင့် မိခင်တေွအတွက် အလုပ်ကို စွန့်လွှတ်ဖို့ မလိုတော့ပါဘူး။

Rbnsfvk57wcvnq3ctdi1

နို့ညှစ်ပြီးတာနဲ့ ရေခဲသေတ္တာထဲမှာ သိမ်းထား ၊ အလုပ်သွားခါနီး အမေနို့ကို တစ်ခါတိုက်သွား ၊ အလုပ်ရောက်သွားချိန်မှာ ကျန်နေခဲ့တဲ့ အိမ်သားတေွက ညှစ်ပြီးသိမ်းထားခဲ့တဲ့ နို့တေွကို တိုက်ပေးခြင်းက တော်တော်လေးအလုပ်ဖြစ်နေပါတယ်။ ဒီနေရာမှာ သတိထားစရာ အချက်လေးတေွလည်း ရှိနေပြန်ပါတယ်။ နို့ကို ညှစ်တဲ့အခါမှာ နို့ကိုခွက်လေးတေွထဲထည့်လို့ရတယ်။ ဘူးလေးတေွနဲ့လည်း ထည့်လို့ရတယ်။

Wyu84ai4penx0dntrx1d

ခွက်နဲ့ထည့်တဲ့နေရမှာ ကြေွခွက်ကိုအသုံးပြုဖို့ အကြံပေးလိုပါတယ်။ တိုက်ခဲ့အခါမှာ ညှစ်ပြီးသားနို့တေွကို အပူမပေးစေချင်ဘူး။ အပူပေးစရာလည်း မလိုဘူး။ ဒီအတိုင်းလေးပဲ ထုတ်ပြီး စနစ်တကျ တိုက်ပေးရုံပါပဲ။ တစ်ချို့မိခင်တေွက နို့အရမ်းများတဲ့အတွက် လုံလောက်တယ်လို့ပြောလို့ရပေမယ့်လည်း တစ်ချို့ မလုံလောက်တဲ့အခါမျိုးမှာ ဖော်မြူလာလေးတေွ ဖြည့်ရတာမျိုး ရှိပါတယ်။

Krqlfmsn2k7ix8befnjv

မိခင် အလုပ်ကနေ ပြန်ရောက်လာတဲ့အခါမျိုးမှာတော့ မိခင်နို့ရည်ကိုပဲ အရင်လို ပြန်တိုက်ပေးရမှာ ဖြစ်ပါတယ်။ နို့ညှစ်တဲ့နေရာမှာ သန့်ရှင်းစင်ကြယ်မှုရှိဖို့က အရေးကြီးပါတယ်။ နို့ညှစ်တော့မယ်ဆိုရင် လက်ကိုသေသေချာချာ ဆေးကြောရပါမယ်။ ညှစ်တဲ့ပစ္စည်းကိုလည်း ညှစ်ပြီးတဲ့အခါတိုင်း ပြန်ဆေးပေးရပါမယ်။ ဒါကတော့ တစ်ရက်စာအတွက်ပါ။

Ivttl0uos7js5ogu7xic

နယ်ခရီး မဖြစ်မနေသွားရမှာဖြစ်ပြီး ကလေးကိုလည်း ခေါ်သွားလို့ မဖြစ်တဲ့ အခြေအနေမျိုးမှာ နို့ကို ကြိုညှစ်ထားလို့ ရပါတယ်။ စနစ်တကျ ၊ ရက်စွဲအတိအကျ မှတ်သားထားပြီး သိမ်းဆည်းထားမယ်ဆိုရင် မိခင်နို့ဟာ တစ်လလောက်အထိ ခံပါတယ်။

HYA (kyarlay)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.