
မိဘများကတော့ သားသမီးများကို အကောင်းဆုံးမေှျာ်လင့်ကြသလို ပါရမီပါလာသူလေးများသာ ဖြစ်စေချင်ကြပါတယ်။ တစ်ကယ်ကို ထူးချွန်ပြီး ပါရမီပါလာတဲ့ ကလေးမျိုးဟာလည်း တကယ်ကို ရှားပါးလှပါတယ်။ တကယ်ကို ထူးချွန်ထက်မြက်တဲ့ ကလေးလေးတေွမှန်း သိနိုင်မယ့် အချက်ကလေးများကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဉာဏ်ကြီးရှင်လေးများဟာ အခြားကလေးများနှင့် ယှဉ်တဲ့အခါမျိုးမှာ အရာရာစောနေတတ်ပါတယ်။ လမ်းလေှျာက်ခြင်း၊ စကားပြောခြင်း၊ စာဖတ်ခြင်း တို့မှာ အခြားကလေးများထက် ပိုပြီးလျင်မြန်စွာ တတ်မြောက်ကြပါတယ်။ ပစ္စည်းများကို စုပ်ကိုင်ခြင်းမျိုးကိုလည်း စောစီးစွာ လုပ်တတ်ပြီး တစ်ခါတစ်လေ ပခက်ထဲက ခုန်ထွက်ရန်ကြိုးစားနေသည်မျိုးကိုပါ တေွ့နိုင်ပါသေးတယ်။ ထိုကလေးငယ်လေးများရဲ့ မှတ်ဉာဏ်ကလည်း တမူထူးခြားတာကို တေွ့နိုင်ပါသေးတယ်။ သူတို့ အကြိုက်အနှစ်သက်ဆုံး အရုပ်ကို ဘယ်မှာထားခဲ့တာက အစ မှတ်မိနေတတ်ပါတယ်။

ဘာသာစကားသင်ကြားမှုမှာလည်း အခြားကလေးများထက်စောပြီး စကားပြောနိုင်တာကို တေွ့နိုင်ပါတယ်။ သူတို့က ပုံပြင်နားထောင်ရတာ နဲ့ စာအုပ်ဖတ်ပြတာတေွကိုလည်း နှစ်ခြိုက်ကြပါတယ်။ အသက် ၁၄ လသားလောက်မှာ နှစ်လုံးလောက်ပါတဲ့ စကားများကို အခက်အခဲမရှိပြောတတ်နေကြပါပြီ။

ကလေးငယ်လေးတေွက အရာရာကို စူးစမ်းလိုစိတ်ရှိတာကိုလည်း တေွ့နိုင်ပါသေးတယ်။ ကလေးငယ်လေးများကို အရုပ်ကလေးများ ဝယ်ပေးတဲ့ အခါ မကစားတတ်ခင် စူးစမ်းတဲ့ အနေနဲ့လည်း ဖျက်ဆီးတတ်ကြပါတယ်။ ဒါတေွကို လက်ခံနားလည်ပေးဖို့တော့ လိုအပ်ပါတယ်။ ထိုကလေးငယ်လေးတေွက အာရုံစူးစိုက်မှုလည်း အားကောင်းတတ်ကြပါသေးတယ်။ သူတို့စိတ်ထဲမှာ အရာရာက စိတ်ဝင်စားစရာဖြစ်နေပြီး သီချင်းနားထောင်နေချိန်၊ ပုံပြင်နားထောင်နေချိန်၊ တစ်ခုခုကို သင်ယူနေချိန်များမှာ အာရုံစူးစိုက်ထားတာကိုတေွ့ရမှာပါ။

ကလေးငယ်က သဘောကျသော သူများနဲ့ မျက်လုံးအကြည့်ချင်းဆုံတတ်ပါတယ်။ သူတို့ရဲ့ အသံများ၊ မျက်နှာများကိုလည်း မှတ်မိလွယ်တတ်ပါတယ်။ ကလေးငယ်လေးများက အိပ်ရတာကိုလည်း အရမ်းမနှစ်သက်ကြပါဘူး။ သူတို့ရဲ့ စူးစမ်းလိုစိတ်၊ တက်ကြွတဲ့စိတ်တို့ကို ကလေးငယ်ကိုအချိန်အတော်ကြာ နိုးကြားနေစေမှာပါ။ အသံတိုးတိုးလေးကြားရင်တောင်နိုးတတ်တာကိုလည်းတေွ့နိုင်ပါသေးတယ်။
#MiGi