Kyarlay.com
almost 2 years
မေမေတို့ရေ အချို့ကိုယ်ဝန်ဆောင် မိခင်တွေဟာ လမစေ့ဘဲ ကလေးကို မွေးတတ်ကြပါတယ်။
၃၇ ပတ်ပြည့်ပြီး၊ ၃၈ ပတ်ဆိုရင်တော့ လပြည့်တယ်လို့ ခေါ်ပါတယ်။
အကြမ်းအားဖြင့်တော့ လမစေ့ဘဲမွေးတယ်ဆိုတာ (၇)လ၊ ကိုယ်ဝန်စရှိကတည်းက ၂၈ ပတ် မှာမွေးတာကို ပြောတာပါ။
၂၈ ပတ် မပြည့်ရင် တော့ လမစေ့ တဲ့ အထဲမှာတောင် တော်တော်နုတယ်လို့ ပြောရပါမယ်။
လမစေ့ဘဲ မွေးတယ်ဆိုတာကတော့ အဓိကကတော့ မိခင် အပေါ်မှာ မူတည်ပါတယ်။
မိခင်ရဲ့ အာဟာရဓာတ် ဖွံ့ဖြိုးမှု အပေါ်မှာလည်း မူတည်ပါတယ်။
ကလေးအကြောင်းလည်းဘာမှ မသိ၊ နားမလည်ဘူး၊ အဲဒါအပြင် အာဟာရဓာတ်ကလေးက ချို့တဲ့ဦးမယ်ဆိုရင်လည်း ကလေးက လမစေ့ဘဲ မွေးနိုင်ပါတယ်။
နောက်တစ်ခုက မေမေတို့မှာ နှလုံးရောဂါတို့၊ ဆီးချိုရောဂါ၊ နာတာရှည်ရောဂါ ရှိနေရင်လည်း ကလေးဟာ လမစေ့ဘဲ မွေးနိုင်ပါတယ်မေမေတို့ရေ…။
အလုပ်ကြမ်းတွေ လုပ်နေရတဲ့ မိခင်တွေလည်း မွေးနိုင်ပါတယ်။ အလုပ်လုပ်ရတဲ့ မိခင်တိုင်းတော့ မဟုတ်ဘူးပေါ့နော် များသောအားဖြင့်တော့ တွေ့ရတတ်တာပါ။
အချို့ကြတော့လည်း ကလေးများများမွေးတဲ့ မိခင်တွေ အပေါ်မှာ ဖြစ်တတ်ပြန်ရော။ ကလေး ဘယ်နှယောက် မွေးဖူးလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။
ကလေးအများကြီးမွေးဖူးတဲ့မေမေတို့က တဖြည်းဖြည်းနဲ့ သားအိမ်က ပိုပိုပြီးတော့ အားနည်းလာတယ်။ သားအိမ်အနေအထားက လျော့ရဲလာပြီး နောက်ပိုင်းမှာ လမစေ့ ပေါင်မပြည့် ကလေးတွေ မွေးလာနိုင်ပါတယ်။ နောက်တစ်ခုက သားအိမ်ဝအားနည်းတာပေါ့၊ အချို့မိခင်တွေမှာဆိုရင် သားအိမ်ဝဟာ အင်မတန်ကို အားနည်းနေတဲ့ သဘောရှိပါတယ်။
သားအိမ်ဝအားနည်းတဲ့ အခါကြတော့ သားအိမ်က မလုံဘူးလေ၊ သားအိမ်မလုံတဲ့ အခါမှာ လမစေ့တဲ့ကလေးတွေ မွေးလာနိုင်ပါတယ်။
ဒါကြောင့် မေမေတို့လည်း လမစေ့ တဲ့ ကလေးတွေ မွေးမလာဖို့ ကျန်းမာရေး အသိနဲ့ ကြိုတင်ကာကွယ်ကြပါနော်။
မှတ်ချက်။ ။ မေ့ရင်သွေး မဂ္ဂဇင်းမှ ကောက်နှုတ်ထားပါသည်။
San Su Kyi Naing