
ကောင်းမွန်ပျော်စရာကောင်းတဲ့ Relationship တစ်ခုမှာ လိုက်နာသင့်တဲ့ အရာလေးတေွရှိနေပါတယ်။ ဘယ် Relationship ကမှ ပြီးပြည့်စုံတယ်ရယ်လို့တော့ မရှိပါဘူး။ ဒါပေမယ့် ရေရှည်လက်တွဲခိုင်မြဲစေရန်အတွက် လိုအပ်သော သိသင့်သိထိုက်တာလေးတေွကို ဖော်ပြပေးလိုက်ရပါတယ်နော်။

ပြောဆိုဆက်ဆံခြင်းကို နဲ့ စတင်ပါ။ ပြောဆိုဆက်ဆံခြင်းက ချစ်သူတေွှကားမှ နားမလည်ခြင်းများကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပါ။ ဆုံးဖြတ်ချက်တစ်ခုခုကို မကြိုက်နှစ်သက်ရင် ဒီတိုင်းထားလိုက်ခြင်းထက် ပြောဆိုဖြေရှင်းလိုက်တာက ပိုအဆင်ပြေမှာပါ။ လက်တွဲဖော်ကိုလည်း ပိုမိုနားလည်နိုင်ပြီး သူ့အမြင်ကိုလည်း ပိုကောင်းကောင်း သိနိုင်မှာပါ။

ယနေ့ခေတ် Relationship တေွမှာ အရေးပါလာတဲ့ နောက်တစ်ချက်ကတော့ နားလည်မှုနှင့် လေးစားမှုပေးခြင်းပါပဲ။ သင့်လက်တွဲဖော်နဲ့ သင်နဲ့ မှာ စိတ်ဝင်စားမှုများ ဟာ တစ်ထပ်တညး်မဖြစ်နိုင်ပါဘူး။ သူကြိုက်တာကို ကိုယ်က နားလည်မှုပေးရမည် ဖြစ်သလို ကိုယ် ကြိုက်နှစ်သက်တာကိုလည်း သူက နားလည်ပေးရန်လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ အချိန်ပေးဖို့လိုပါတယ်။ တစ်ယောက်က အရမ်းအလုပ်ရှုပ်နေပြီး တစ်ယောက်က အရမ်းအချိန်ပို နေခြင်းကလည်း ကျန်းမာတဲ့ Relationship တစ်ခုကို ထိခိုက်နိုင်ပါသေးတယ်။

နှစ်ယောက်စလုံးကို စိတ်ဖိစီးစေတဲ့အရာများကိုလည်း သိရှိ်ထားဖို့လိုပါသေးတယ်။ ဒါမှလည်း တစ်ယောက်က စိတ်ဖိစီးနေချိန်မှာ တစ်ယောက်က အနားကနေ ကူညီဖေးမ ပေးနိုင်မှာဖြစ်ပါတယ်။ ပွတ်သီးပွတ်သပ် ကလူကျီစယ်ချိန်များလည်း ချစ်သူများကြားမှာလိုအပ်သလို ငယ်ဘဝက ပျော်ရွှင်စရာလေးများကိုု ပြန်ပြောခြင်းကလည်း ကြည်နူးစရာ အချိန်လေးများကို ပိုမိုဖန်တီးနိုင်မှာပါ။

နှစ်ယောက်အတူတူ ရေှ့ဆက်ရမယ့် အနာဂတ် အစီအစဉ်များကိုလည်း နှစ်ဦး တိုင်ပင်ဆေွးနေွးသင့်ပါတယ်။ မိမိ၏ အနာဂတ်ရည်ရွယ်ချက်များ နှီးနေှာတိုင်ပင်သင့်ပါတယ်။ ထို့မှလည်း သူ့လိုအပ်ချက်များကို ကိုယ်ကဖြည့်ဆည်းပေးနိုင်သလို ကို်ယ့်လိုအပ်ချက်များကိုလည်းသူက ကူညီဖြည့်တင်းပေးနိုင်မှာပါ။ တစ်ယောက်ကို တစ်ယောက် ခွင့်လွှတ်ပေးခြင်းများရှိသင့်သလို ကိုယ်ပိုင်အချိန်ပေးခြင်းများလည်း လိုအပ်ပါသေးတယ်။ သင်ရဲ့ ချစ်သူဖြစ်နေခြင်းက သူ့ရဲ့အချိန် အကုန်လုံးကို သင်ပိုင်ဆိုင်သွားတယ်လို့ မယူဆစေချင်ပါဘူး။ သူ့အတွက်လည်း ကိုယ်ပိုင်အချိန်လေးများလိုအပ်တာကို သတိထားပေးရပါမယ်။ တွဲသောလက်တိုင်း ခိုင်မြဲပါစေလို့ ဆန္ဓပြုလိုက်ရပါတယ်နော်။
#MiGi